ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ဂျပန်လူမျိုးများဧ။် စေတနာထက်သန်စွာ လှူဒါန်းခဲ့သောကြောင့် ပေါ်ပေါက်လာပြီဖြစ်သော ထေရ၀ါဒဘုန်းကြီးကျောင်း အတွက် ဗန်းမော်ဆရာတော်အပါအ၀င် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံရှိ ဆရာတော်များက သိမ်သမုတ်ပွဲ၊ စုပေါင်းရေစက်ချပွဲ၊ ဒုလ္လဘရဟန်းခံပွဲများကို ချီးမြှင့်ပေးပါသည်။ သိမ်သမုတ်ပွဲမှာ ဧပြီ ၁၇ ရက် ၂၀၀၉ ခုနှစ် (သောကြာ) မြန်မာနှစ်ဆန်းတရက်နေ့တွင် ပြုလုပ်ပြီးစီးပြီးဖြစ်ပါ၍ ယနေ့ ဧပြီ ၁၉ ရက် ၂၀၀၉ ခုနှစ် (တနင်္ဂနွေနေ့) တွင် ဖွင့်ပွဲအထိမ်းအမှတ်ကျင်းပရာ ဆရာတော်များမှ တရား ဓမ္မများချီးမြှင့်၍ ရေစက်ချလှူးဒါန်းပြီး ကြွရောက်လာသောဧည့်ပရိတ်သတ်(၁၀၀)ခန့်အား ဖျော်ဖြေရေးအစီအ စဉ်များ လက်ဆောင်မဲဖေါက်ခြင်းနှင့် အကျွေးအမွေး အလှူဒါနများပြုလုပ်ကြပါသည်။ ဧပြီလ ၂၆ ရက် ၂၀၀၉ ခုနှစ် (တနင်္ဂနွေနေ့)တွင် ဒုလ္လဘရဟန်းခံပွဲ ဆက်လက်ကျင်းပမည် ဖြစ်ပါသဖြင့် ရဟန်းခံလိုသူများ ကြိုတင် စာရင်းပေးနိုင်ပါပြီ။ ၁၀ ဦးထက်ပိုပါကမဲနှိုက်ေ ရွးချယ်ပါမည်ဟု သတင်းရရှိပါသည်။
သတင်းနှင့်ဓါတ်ပုံပေးပို့သူဝင်းခိုင်ထွန်း
Rest of your post
Sunday, April 19, 2009
Sunday,Apr 19, 2009 ထေရ၀ါဒဘုန်းကြီးကျောင်းသစ်ဖွင့်လှစ်ပွဲအခမ်းအနားကျင်းပပြီးစီးခြင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment