Tuesday, November 30, 2010

မေ(၃၀)ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး (၉၀)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား


မေ(၃၀)ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး (၉၀)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲ့မှ ဦးဆောင်၍ တိုကျိုမြို့  ရှိနာဂါဝါ ရှိ မြန်မာ စစ်အခွန်ရုံး(သံရုံး)ရှေ့တွင် ယနေ့ နိုဝင်ဘာလ (၃၀)ရက်နေ့ နေ့လည် ၃း၀၀ နာရီမှ ၄း၀၀ရီ အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးတွင် စနစ်တကျ ချုံခိုတိုက်ခိုက်သည့် နိုင်ငံတော် လုပ်ကြံမှုကြီးတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ အသက်ကို ကာကွယ်ရင်း အသက်ပေး စွန့်လှုခဲ့ကြသည့် သူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လစဉ်(၃၀)ရက်နေ့ ကျရောက်တိုင်း ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း၊ ဒီပဲယင်း လုပ်ကြံမှုတွင် ပါဝင်ခဲ့ကြသည့် သူများကိုလည်း ယနေ့အထိ တစုံတရာ အရေးယူ ဖြေရှင်းပေး သည်ကိုလည်း မတွေ့ရသည့်အတွက် အရေးယူ ဖြေရှင်းပေးရန်နှင့် မတရား ဖမ်းဆီးခံနေရသော ဦးခွန်ထွန်းဦးအပါဝင် တိုင်းရင်းသာခေါင်းဆောင်များ၊ ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ နိုင်ငံရေး အကျဉ်းသားများ အားလုံးလွတ်မြောက်ရန်အတွက် တိုက်တွန်း တောင်းဆိုသွားခဲ့ကြပါသည်။ အခမ်းအနားကို ဂျပန်နိုင်ငံရောက် အဖွဲ့အစည်း အသီးသီးမှ တက်ရောက် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်း ။ Mai kYaw Oo
ဓါတ်ပုံ။ Lian Khan Sum
SummaryRest of your post

Read More...

Monday, November 22, 2010

•လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် သားငယ် ကိုထိန်လင်းတို့ ပြန်လည်ဆုံတွေ့


၁၀နှစ်ကျော်ကြာ ကွဲကွာနေတဲ့ လူထုခေါင်းဆောင် အမေစုနဲ့ သားငယ်ကိုထိန်လင်း ခေါ် Kim Aris တို့ ယနေ့မနက် ၉နာရီခန့်က ရန်ကုန်လေဆိပ်မှာ ပြန်လည်ဆုံတွေ့ကြပါပြီ ကိုထိန်လင်းသည် နှစ်ပတ်ကျော် မိခင်ဖြစ်သူနှင့်နေထိုင် မည်ဖြစ်ကြောင်း သိရှိရပါသည်..(ဓာတ်ပုံများ APနှင့် Reuters)သတင်းဒီမိုဝေယံRest of your post

Read More...

Sunday, November 14, 2010

ဒေါ်အောင်ဆန်းစုကြည်မြန်မာစံတော်ချိန်နေ့လည်၁၂နာရီခန့်တွင် လူထုအားမိန့်ခွန်း မှတ်တမ်းဓါတ်ပုံများနှင့် ကြည်လင်သောမိန့်ခွန်းဖိုင်


Daw Aung San Suu Kyi's Speech at HQ of NLD by thargyi74
လမ်းပြကြယ်(ဂျပန်)" SummaryRest of your post

Read More...

Saturday, November 13, 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီ


ည (၆ နာရီ ၄၅) ဒေါ်အောင်ဆန်းစုကြည် စောင့်မျှော်နေသည့် ပြည်သူလူထုအား အိမ်ရှေ့ခြံဂိတ်ဝမှ ထွက်တွေ့နေစဉ်...။
ည (၈ နာရီ ၄၇) မိုးကုတ်မြို့တမြို့လုံး ဒေါ်အောင်ဆန်းစုကြည် လွှတ်သည့်အထိမ်းအမှတ်အဖြစ် မီးရှုးမီးပန်းဖောက်ကြောင်း သိရှိရသည်။ ၈ နာရီလောက်က စဖောက်တာ ယခုအချိန်အထိပဲဟု မိုးကုတ်မြို့ခံတဦးမှ ပြောဆိုသည်။
ဆုံဆည်းရာ
SummaryRest of your post

Read More...

Sunday, November 7, 2010

မြန်မာအင်အားစု စစ်အစိုးရသံရုံးရှေ့  ဆန္ဒပြ( 7.10.2010)တိုကျို ဂျပန်



သတင်း, ဓါတ်ပုံ, ဦးထွန်းထွန်းနိုင် ကိုဝင်းကြိုင် ၀င်းခိုင်ထွန်း
ဗွီဒီယိုကိုပွား
SummaryRest of your post

Read More...

Sunday, September 26, 2010

ရွှေဝါရောင် ၃နှစ်ပြည့်အခမ်းအနား ထိုင်းမြန်မာနယ်စပ်တွင်ကျင်းပနေပုံ၊[ဘ၀ တက္ကသိုလ်]




"nobel" ဘ၀ တက္ကသိုလ်

Rest of your post

Read More...

Wednesday, September 22, 2010

၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင် ချီတက်ဆန္ဒပြပွဲ


စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင် ချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) 2010 Election Boycott Committee( Japan )မှ ဦးစီးကျင်းပပြုလုပ်ခဲ့ပါသည်။
လာမည့်(၇-၁၁-၂၀၁၀)နေ့ရက်တွင် နအဖစစ်အာဏာရှင်တို့က စစ်အာဏာရှင်စနစ် ကို တရားဝင် အသက်သွင်းမည့် ရွေးကောက်ပွဲသည် ပြည်သူလူထု တရပ်လုံးကို စစ်ကျွန်ပြုမည့် တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားများ တို့မှ လက်မခံသည့် အကြောင်းကို ဂျပန်နိုင်ငံသူနိုင်ငံသားများ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ Global Action Campaign ချီတက်ဆန္ဒပြပွဲကို ကျင်းပပြုလုပ်ရခြင်းကြောင်း သိရှိရပါသည်။
တိုကျိုမြို့ Ebitsu ပန်းခြံမှာ မွန်းလွဲ(၂း၀၀)နာရီမှ အခမ်းအနား စတင်ကျင်းပပြုလုပ်ပြီး တရားမျှတမူမရှိသည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ယနေ့အခမ်းအနားမှာ Global Action Campaign ကမ္ဘာအနှံ့ ဆန့်ကျင် ဆန္ဒပြပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီ အရေး ဆောင်ရွက်ကြသည့် အင်အားစုများတို့မှလည်း Global Action Campaignမှာ ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း ကို ကျင်းပရေးတာဝန်ခံ ဦးသန်းဆွေမှ ရှင်းလင်းပြောကြားသွားပါသည်။
အခမ်းအနားတွင် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် IBMO(Japam-branch)တာဝန်ခံ ရောတော် ဦးဓမ္မဇောတိ နှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာ ဆရာတော်ဦးထာဝရတို့မလညှ်း တက်ရောက်အမှာစကား ပြောကြားပြီးသည့်နောက် ပူးပေါင်းပါဝင်ခဲ့ကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတို့က တရားမျှတမူမရှိသည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ဆန့်ကျင် ကန့်ကွက်ကြောင်းကို ပြောကြားပြီးနောက် မွန်းလွဲ (၃း၀၀)နာရီ၌ ပန်းခြံမှ စတင်ထွက်ခွါ ခဲ့ပါသည်။
ဂျပန်နိုင်ငံရဲ့လူစည်ကားရာ မြို့လည် လမ်းမကြီးများအတိုင်း ချီတက်လာကြပြီး ချီတက်သွားရာ လမ်း တလျှောက်တွင်လည်း နအဖ စစ်အုပ်စု၏ တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲလက်မခံ ဆန်ကျင်ကန့်ကွက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါဝင် နိုင်ငံရေးအကျဉ်းသာများ အားလုံးတို့ကို ချက်ခြင်းလွတ် ဂျပန်ဘာသာဖြစ် ချီတက်ရာ လမ်းတလျှောက်မှာ ကြွေးကြော်ချီတက်ခဲ့ကြပြီး ပြည်သူအပေါ် မတရားသည့် လုပ်ရပ်များကို ဂျပန်ပြည်သူများ သိရှိလာစေရန်အတွက် ဂျပန်ဘာသာဖြင့် ပြောကြားခြင်း နှင့် လက်ရှိမြန်မာနိုင်ငံရေး အခြေအနေနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့သလို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ရပ်တည်ချက် သဘောထားကိုလည်း ဂျပန်အစိုးရ၏ နိုင်ငံခြားရေးဌာန ပေးပို့သွားမည်ကြောင်း သိရှိရပါသည်။ ၁ နာရီ ၅၀ မိနစ် ကြာခန့် ချီတက်လာခဲ့ကြပြီး Sandagaya ဘူတာအနီးရှိ Megi ပန်းခြံတွင် အဆုံးသတ်ပြီး ဒုတိယပိုင်း အခမ်းအနား အစီအစဉ်ကို အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတို့က အတုအယောင်၂၀၁၀ ရွေးကောက်ပွဲလက်မခံကြောင်းနဲ့ ဆန်ကျင်ကန့်ကွက်ကြောင်း ပြောကြားပြီးသည်နောက် ကျင်းပရေးကော်မတီ ကိုယ်စား မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် LDB ဥက္ကဌ မှချီတက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် ဒီမိုကရေစီ အင်အားစုများတို့ကို ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ ချီတက်ဆန္ဒပြပွဲတွင် ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများ(၅၀၀)ကျော်ခန့် တက်ရောက် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းMai Kyaw Oo (PNS-Japan)
ဓါတ်ပုံဦးထွန်းထွန်းနိုင် ၀င်းခိုင်ထွန်း

Rest of your post

Read More...

Monday, August 9, 2010

ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံ၂၂နှစ်မြောက်


၈ရက်နေ့မွန်းလွဲ ၂နာရီခွဲအချိန် ဂျပန်နိုင်ငံတိုကျိုမြို့ ရှီနာဂါဝါမြို့နယ် ဂိုတန်းဒပန်းခြံမှ မြန်မာနိုင်ငံသံရုံးအနီးရှိ ပန်းခြံအထိ ချီတက်ဆန္ဒပြပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ ဆန္ဒပြရခြင်းရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်၂၆နှစ်ကြာစစ်အာဏာရှင်စနစ်၊တပါတီ
အာဏာရှင်စနစ်ကြီးစိုးနေမှုပြုတ်ကျသည် အထိတိုက်ပွဲဝင်ခဲ့သော၁၉၈၈ လူတုအရေးတော်ပုံကြီး၂၂ နှစ်မြောက်အထိမ်းအမှတ် ဆန္ဒပြပွဲဖြစ်ကြောင်းသိရှိရပါသည်။ဤပွဲသို့ ဂျပန်ရောက်မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းအသီးသီး၊ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီး၊မြန်မာ့ဒီမိုကရေစီအရေးစိတ်ဝင်စားသူ ဂျပန်အဖွဲ့အစည်းအသီးသီး၊ ဂျပန်သတင်းဌာနများနှင့်တသီးပုဂ္ဂလဂျပန်လူမျိုးများအပါအ၀င်အင်အားစုစုပေါင်း၁၂၀၀ခန့်ပါဝင်ဆန္ဒပြခဲ့သည်ဟုသိရှိရပါသည်။ဤဆန္ဒပြပွဲကို ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီအင်အားစုများပူးပေါင်းတာဝန်ယူခဲ့ကြပြီးအခမ်းအနားမှုးအဖြစ် ဦးဇော်မင်းထွန်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှတာဝန်ယူဆောင်ရွက်ခဲ့ပါသည်။နေ့လည်၂နာရီတွင်အခမ်းအနား စတင်ခဲ့ရာ သံဃာတော်တပါးမှ၊ နိုင်ငံရေးအဖွဲ့ ကိုယ်စားလှယ်များမှ ၎င်းမြန်မာ့ဒီမိုကရေစီအရေးဆိုင်ရာကိစ္စများကိုအသီးသီးပြောကြားပေးခဲ့ကြပြီး၂နာရီခွဲတွင် စတင်ချီတက်ခဲ့ကြပါသည်။ လမ်းတလျှောက်တွင် ဒီမိုကရေစီရေးဆိုင်ရာကျွေးကျော်သံများသံပြိုင်ရွတ်ဆိုချီတင်ခဲ့ကြပြီး၃နာရီခွဲခန့်တွင် မြန်မာနိုင်ငံသံရုံး အနီးရှိပန်းခြံသို့ရောက်ရှိခဲ့ပါသည်။ထိုပန်းခြံတွင်ဆက်လက်၍ အဖွဲ့ကိုယ်စားလှယ်အချို့နှင့်ဂျပန်ကိုယ် စားလှယ်များ မှအသီးသီးမိမိတို့ အယူအဆများကိုရှင်းလင်းပြောကြားခဲ့ကြပြီး၎နာရီခန့်တွင်ဆန္ဒပြပွဲအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
သတင်းနှင့်ဓါတ်ပုံ ဦးထွန်းထွန်းနိုင် ကိုဝင်းကြိုင် ၀င်းခိုင်ထွန်း
Rest of your post

Read More...

Sunday, June 27, 2010

People's Tribunal on Crimes against Women of Burma (Japan) ဓာတ်ပုံမှတ်တမ်း


၂၆-၆-၂ဝ၁၀နေ့ တွင် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) နှင့် Human Rights Now (HRN) တို့မှ တာဝန်ယူ ကျင်းပသော မြန်မာနိုင်ငံမှ အမျိုးသမီးများအပေါ် အကြမ်းဖက် ကျူးလွန်သော ရာဇဝတ်မှုများနှင့် ပတ်သက်သည့်(Symposium)ကို (Souken Biru) အဆောက်အဦ (11) ထပ်၊ အခန်း (19) Aoyama Gakuin University Shibuya 4-4-25, Shibuya-Ku, Tokyo, Japan(UN ရုံးရှေ့) တွင်ကျင်းပခဲ့ပါသည်။၂၇ ၊၆ ၊ ၂၀၁၀နေ့ တွင်လည်း နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan) ကို ဂျပန်နိုင်ငံ၌ ပထမဦးဆုံးအကြိမ် ကျင်းပတော့မည်ဖြစ်ပါသည်။
ပေးပို့သူ ThetSummary
Rest of your post

Read More...

Sunday, June 20, 2010

ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနား(တိုကျို)


ပေးပို့ သူ Thet"
Summary
Rest of your post

Read More...

Monday, June 7, 2010

မေ(၃၀)ရက်နေ့တွင် ကျရောက်သည့် ဒီပဲယင်း(၇)နှစ်ပြည့် နိုင်ငံတော်လုပ်ကြံမှု အထိမ်းအမှတ်အခမ်းအနား




မေ(၃၀)ရက်နေ့တွင် ကျရောက်သည့် ဒီပဲယင်း(၇)နှစ်ပြည့် နိုင်ငံတော်လုပ်ကြံမှု အထိမ်းအမှတ်အခမ်းအနားကို တိုကျိုမြို့ နအဖအခွန်ရုံးရှေ့တွင်ကျင်းပရာ ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံ မှ တက်ရောက်ခဲ့ကြပါသည်။
သတင်းဓါတ်ပုံ ဦးထွန်းထွန်းနိုင် ၀င်းခိုင်ထွန်း ကိုဝင်းကြိုင်

Rest of your post

Read More...

Saturday, March 13, 2010

2010, Mar, 13 Sat မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လမ်းလျှောက်ချီတက်ဆန္ဒပြခြင်း


2010, Mar, 13 Sat မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ဒီမိုကရေစီလှုပ်ရှားသူ အဖွဲ့အစည်းအသီးသီးမှ ပူးပေါင်း၍ အဲဗစ်စုပန်းခြံမှ ဆန်းဓဂါယ ပန်းခြံထိ (၃နာရီမှ ၅နာရီထိ) လမ်းလျှောက်ဆန္ဒပြခဲ့ကြပါသည်။
သတင်းဓါတ်ပုံ ၀င်းခိုင်ထွန်း ၀င်းကြိုင် ဦးထွန်းထွန်းနိုင်
Summary

Rest of your post

Read More...

Monday, February 15, 2010

2010-2-14 NLD(LA)JB NEWS


မတရားဖမ်းဆီးခံနေကြရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးခွန်ထွန်းဦး ၊ ကိုမင်းကိုနိုင် နှင့်ကျောင်းသားခေါင်း ဆောင်များ ၊ နိုင်ငံရေးအကျဉ်းသားများ အား အမြန်ဆုံး ပြန်လွတ်ပေးရန်နှင့် ဂျပန်အစိုးရအား မြန်မာ့အရေး ဖိအားပေးဆောင်ရွက် ပေးရန် တောင်းဆို။
ပေးပို့သူsunny quinlivan"
Rest of your post

Read More...

Sunday, January 17, 2010

2010,Jan,11 ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးအတွက်ချီတက်ဆန္ဒပြခြင်း




ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံတွင် ဒီကနေ့ ၂နာရီကြာ လမ်းလျှောက်ချီတက် ဆန္ဒပြကြရာ ဂျန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသော အဖွဲ့အစည်းအသီးသီးမှ ပူးပေါင်း၍ အင်အား ၅၀၀ခန့် ပါဝ င်ဆန္ဒပြခဲ့ကြပါသည်။
သတင်းနှင့်ဓာတ်ပုံ ၀င်းခိုင်ထွန်း ၊ ကိုဝင်းကြိုင်၊ ဦးထွန်းထွန်းနိုင်

Rest of your post

Read More...

Thursday, December 10, 2009

နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် တောင်းဆိုဆန္ဒပြပွဲ ကျင်းပခြင်း2009, 12Dec, 10 Thu


၁၂လ ၁၀ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာလူ့ အခွင့်အရေးနေ့တွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှား
သူ အဖွဲ့အစည်းအသီးသီးမှ ပူးပေါင်း၍ အင်အား ၈၀ ခန့် ပါဝင်ဆန္ဒပြခဲ့ကြပါသည်။
သတင်းဓါတ်ပုံဝင်းခိုင်ထွန်း
Summary

Rest of your post

Read More...

Monday, November 2, 2009

日メコン首脳会議ミャンマー軍事政権のテイン・セイン首相が出席でデモ抗議



"ko pour"

Rest of your post

Read More...

Saturday, October 31, 2009

ディペーイン事件から77ヶ月


မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၅လ၊ (၇၇)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား2003年5月30日夜、ビルマ北部ザガイン管区の小さな町ディぺーイン附近の田舎道で、最大政党・国民民主連盟(NLD)の地方遊説隊が、USDA(連邦団結発展協会)メンバーを中心とする暴徒グルプに襲われ、この大事件により100人の死者が出ました。軍政府はこの暴行事件に対して捜査もしないまま、民主化の指導者や党員達や参加者が逮捕されました。 国民民主連盟の副議長ウーティンウー氏と総書記長ドウアウンサンスーチー氏は自宅軟禁状態で現在も釈放には至っていません。 ディペーインの日を国民民主連盟(解放地域)日本支部がミャン�
"ko pour"
Rest of your post

Read More...

中国にガスを流すためにビルマの人々が犠牲に


中国にガスを流す為にビルマの人々が犠牲になっている為、今日中国大使館前でデモ抗議を行った。 ビルマの天然資源である天然ガスを中国に流す為少数民族やビルマ人が強制労働させられている、ミャンマー軍事政権の権力を増幅させるプロジェクトを中止するよ抗議した。
"ko pour"

Rest of your post

Read More...

Tuesday, October 13, 2009

MEETING BETWEEN FWUBC AND U MG MG GENERAL SECRETARY OF NCUB


၂၀၀၉ခုနှစ်၊ အောက်တိုဘာလ(၁၂)နေ့က အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်-ပြည်ထောင်စု မြန်မာနိုင်ငံ (အက်ဖ်တီယူဘီ)၏ အခြားအဖွဲ့ဝင်အဖွဲ့ခွဲ တစ်ခုဖြစ်သော မြန်မာနိုင်ငံအလုပ်သမား အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ဂျပန်ပြည်)၏အဖွဲ့ဝင်များနှင့် တွေ့ဆုံသည့် မိသားစုတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့် ခဲ့ပါသည်။ ယင်းအခမ်းအနာများသို့ တက်ရောက်ကြသူ အဖွဲ့ဝင်အသီးသီးတို့က ဦးမောင်မောင်၏ အကြုံပု ဆွေးနွေးချက်များကို တခဲနက်ထောက်ခံခဲ့ကြပြီး မရှင်းလင်းသည့်အချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
"Thet"
Summary

Rest of your post

Read More...

アウンサンスーチー氏と全ての政治囚の釈放のため



သတင်းနှင့်ဓါတ်ပုံ"ko pour"၀င်းကြိုင်
Summary

Rest of your post

Read More...