Sunday, November 8, 2009

ထိုင်းနိုင်ငံ တောင်ပိုင်းခရိုင်မှ ဘုန်းကြီးကျောင်း ၂၆၆ ကျောင်းအတွက် မဲဆောက်မြို့ သံဃာတော်အပါး ၁၅၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

Read More...

Friday, November 6, 2009

日メコン首脳会議ミャンマー軍事政権のテイン・セイン首相が出席でデモ抗議四日目


"ko pour"

Rest of your post

Read More...

Monday, November 2, 2009

日メコン首脳会議ミャンマー軍事政権のテイン・セイン首相が出席でデモ抗議



"ko pour"

Rest of your post

Read More...

Saturday, October 31, 2009

ディペーイン事件から77ヶ月


မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၅လ၊ (၇၇)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား2003年5月30日夜、ビルマ北部ザガイン管区の小さな町ディぺーイン附近の田舎道で、最大政党・国民民主連盟(NLD)の地方遊説隊が、USDA(連邦団結発展協会)メンバーを中心とする暴徒グルプに襲われ、この大事件により100人の死者が出ました。軍政府はこの暴行事件に対して捜査もしないまま、民主化の指導者や党員達や参加者が逮捕されました。 国民民主連盟の副議長ウーティンウー氏と総書記長ドウアウンサンスーチー氏は自宅軟禁状態で現在も釈放には至っていません。 ディペーインの日を国民民主連盟(解放地域)日本支部がミャン�
"ko pour"
Rest of your post

Read More...

中国にガスを流すためにビルマの人々が犠牲に


中国にガスを流す為にビルマの人々が犠牲になっている為、今日中国大使館前でデモ抗議を行った。 ビルマの天然資源である天然ガスを中国に流す為少数民族やビルマ人が強制労働させられている、ミャンマー軍事政権の権力を増幅させるプロジェクトを中止するよ抗議した。
"ko pour"

Rest of your post

Read More...

ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ယာဉ်မောင်းလိုင်စင် တရားဝင်ခွင့်ပြုလိုက်သည့်အတွက် ထိုင်းအမျိုး သား လုံခြုံရေးဆိုင်ရာမူဝါဒ တကျော့ပြန်လည်လာခြင်း

လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (HRDF)

ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ယာဉ်မောင်းလိုင်စင် တရားဝင်ခွင့်ပြုလိုက်သည့်အတွက် ထိုင်းအမျိုး သား လုံခြုံရေးဆိုင်ရာမူဝါဒ တကျော့ပြန်လည်လာခြင်း

အခွင့်အရေး တရပ်အပေါ် အသိအမှတ်ပြုလက်ခံလိုက်သည့် ထိုင်းနိုင်ငံရဲ့ အောင်မြင်မှု မှတ်တိုင်တရပ် လို့ဆိုရမည့် သယ်ယူပို့ဆောင်ရေးဌာနရဲ့ တရားဝင်ထုတ်ပြန်ကြေငြာချက်အရ မြန်မာ၊လာအိုနှင့် ကမ္ဘော ဒီးယား နိုင်ငံတို့မှ အခြေချ ရွှေ့ပြောင်းနေထိုင်ကြသော အရေအတွက်ပမာဏအားဖြင့် များပြားလှသည့် တိုင်းရင်းသား လူမျိုးစုတွေအနေဖြင့် ခုနေချိန်ခါမှစတင်၍ မိမိတို့၏ ကိုယ်ပိုင်ယာဉ်များကို တရားဝင် မှတ် ပုံတင်သွင်းပြီး ကြာမှီကာလအတွင်းမှာပင် ယာဉ်မောင်းလိုင်စင်များကို လုပ်ခွင့်ပြုတော့မှာဖြစ်တယ်။

အမျိုးသား လုံခြုံရေးကောင်စီမှ ရေရာတိကျမှုမရှိသည့် အမျိုးသားလုံခြုံရေးကဏ္ဍဆိုင်ရာ အခွင့်အရေး တရပ်လို့ဆိုရမည့် မူဝါဒကို ငြင်းဆန်သည့်အနေဖြင့် ၁၅ နှစ်ကြာ ခွဲခြားဆက်ဆံမှုပြုနေရာမှ ပယ်ဖျက်ဖို့ ရာ ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။ တိုင်းပြည်တွင်းသို့ တရားဝင် ၀င်ရောက် ရွှေ့ပြောင်းအခြေချနေထိုင် သူ ၁ သန်းကျော်သော လူမျိုးစုပေါင်းစုံအနေဖြင့် အပေါင်းလက္ခဏာဆောင်သည့် ပြုမူလုပ်ဆောင်ချက် အကျိုးရလဒ်တွေကို ခံစားရရှိနိုင်မှာဖြစ်တယ်။

လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်မှ ဥက္ကဋ္ဌ Gothom Arya မူဝါဒ အပြောင်းအလဲနဲ့ ပတ် သက်ပြီး ဆုံးဖြတ်လုပ်ဆောင်ချက်အပေါ်မှာ လှိုက်လှိုက်လဲလဲ ကြိုဆိုခဲ့တယ်။ ကျနော်တို့ လူ့အဖွဲ့အ စည်းအတွင်းမှာ သက်ရှင်နေထိုင်ကြသူတွေအတွက် သင့်မြတ်လျော်ကန်မှုရှိစွာဖြင့် မှန်ကန်မှုရှိရှိ လုပ် ဆောင်လိုက်သည့်အတွက် အမျိုးသားလုံခြုံရေးကို ထိခိုက်နာကျင်စေနိုင်မှာ မဟုတ်ပါဘူး။ လူမှုရေးဆိုင် ရာ အခြေခံအခွင့်အရေးတွေဟာ မှားယွင်းသည့် မူဝါဒတွေကြောင့် မည်သို့သော လူမျိုးစုတွေကိုမဆို လူမှုရေးဆိုင်ရာ တင်းမာမှုတွေ ကြီးထွားလာစေခြင်း၊ အကျင့်ပျက်ခြစားမှုကို အထောက်အပံ့ပြုဖို့ရာအ တွက် အခွင့်အရေးပေးထားသလိုဖြစ်ခြင်းနှင့် တကယ်တမ်းပြောရရင် ထိုင်းအမျိုးသားလုံခြုံရေးနှင့် ဂုဏ် သိက္ခာကိုပါ ထိပါးလာစေမှုတွေပါ ဖြစ်ပေါ်လာနိုင်ခြေရှိတယ်။

၁၉၉၄ ခုနှစ်မှစ၍ သယ်ယူပို့ဆောင်ရေးဌာနအနေဖြင့် ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီရဲ့ဆန့်ကျင် ကန့်ကွက်သည့် မူဝါဒတွေကြောင့် ထိုင်းနိုင်ငံတွင်း အရေအတွက်အားဖြင့် များမြောင်လှသော အခြေချ နေထိုင်သူ လူမျိုးစုတွေကို ယာဉ်မောင်းလိုင်စင်နှင့် တရားဝင်ယာဉ်မှတ်ပုံတင်ခွင့်ကို ပိတ်ပင်ထားရ သော်ငြား လိုအပ်ချက်အရကို ယာဉ် အသုံးပြုသူ အရေအတွက်ဟာ ပိုမိုများပြားလာကြတယ်။

၂၀၀၇ ခုနှစ် နှောင်းပိုင်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ် ရှမ်း ရွှေ့ပြောင်းနေထိုင်သူတွေ စခန်း တွင်းသို့ ဒေသ ၅ ရဲတပ်ဖွဲ့မှ ဝေလီဝေလင်းချိန်ခါ ရုတ်တရက် စတင်ဝင်ရောက်တိုက်ခိုက်ချိန်ကစပြီး လူ့ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှ ဒီ မူဝါဒတွေအပေါ် စတင်ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ခြင်းဖြစ် တယ်။ တရားမ၀င် အခြေချနေထိုင်သူတွေကို ဖမ်းဆီးဖို့ဆိုသည့် အကြောင်းပြချက်နဲ့ ၀င်ရောက်တိုက် ခိုက်ခြင်း နောက်ဆက်တွဲကနေ မော်တော်ဆိုင်ကယ်မောင်းနှင်နေသူတွေကိုပါ မသင်္ကာမှုနဲ့ သူခိုးဆိုတဲ့ စွပ်စွဲချက်တွေတင်လာရုံမက တရားမ၀င် ရွှေ့ပြောင်းအခြေချနေထိုင်သူတွေအနေဖြင့် မော်တော်ဆိုင် ကယ်ပိုင်ဆိုင်ခွင့် (သို့) စီးနင်းလိုက်ပါခွင့်ဆိုသည့် အခြေခံအခွင့်အရေးမရှိဆိုပြီး နိုင်ငံပိုင်အဖြစ်သိမ်းယူ သည်အထိ ကျယ်ပြန့်ရှုပ်ထွေးလာခဲ့ရတယ်။

သဘောတူ ညှိနှိုင်းမှုမရခင်အချိန်ကာလတုန်းက ရဲဝန်ထမ်းတွေအပေါ် ဒဏ်ငွေပေးချေရခြင်း၊ တရားမ ၀င် ၀ယ်ယူထားသည်ဆိုသော်ငြား ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ ချွေးနှဲစာဖြင့် ငွေကုန်ကြေးကျခံ ထားရခြင်း၊ ခိုးဝှက်ယူလာခြင်းမဟုတ်သည့်အတွက် နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားခြင်းမှ ပြန်လည်ရရှိ ဖို့ရာအတွက် တောင်းဆိုပိုင်ခွင့်ရှိခြင်း၊ ရွှေ့ပြောင်းနေထိုင်သူတွေ ပိုင်ဆိုင်တဲ့ယာဉ်တွေကို တရားဝင် မှတ်ပုံတင်ပြီး ယာဉ်မောင်းလိုင်စင် လုပ်ပိုင်ခွင့်ပြုမယ်ဆိုတာ မဟုတ်မှန်ကြောင်း သယ်ယူပို့ဆောင်ရေး ဌာနရဲ့ပြောဆိုချက်ကြောင့် ရွှေ့ပြောင်းအခြေချနေထိုင်သူတွေဟာ အတော်လေး စိတ်ပျက်အားလျော့ သွားပုံရတယ်။

်ဖော်ပြပါ မကျေနပ်ချက်တိုင်ကြားလွှာတွေကို အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အလောတကြီး ရပ် ဆိုင်းမှုတွေလုပ်လိုက်သော်လည်း ရွှေ့ပြောင်းအခြေချနေထိုင်သူတွေဆီမှ သိမ်းဆီးထားသည့် ယာဉ် များကို ချင်းမိုင် လမ်းမတလျှောက် ရဲဝန်ထမ်းတွေရဲ့ ဥဒဟိုမောင်းနှင်စီးနင်းနေမှုကို အတိုင်းသားတွေ့ မြင်နေရတယ်။ မကြာသေးမှီကတင် ဒဏ်ငွေပေးဆောင်မှုကို ၅၀% ထိလျော့ချခဲ့ပေမယ့်လို့ ရဲဝန်ထမ်း တွေဟာ တရားမ၀င် မော်တော်ဆိုင်ကယ်စီးနင်းသူတွေကို အလှည့်ကျဖမ်းဆီးပြီး တစ်ကြိမ်ဖမ်းဆီးမိ တိုင်း ဘတ်ငွေ ၂၀၀၀ ဒဏ်ငွေဆောင်ခိုင်းစေတယ်။ မကြာခဏ ဒဏ်ငွေပေးချေခြင်းဟာ တရားဥပဒေ ကို ချိုးဖောက်ခြင်းဖြစ်ပြီး တကယ်တမ်း မော်တော်ဆိုင်ကယ်စီးနင်းချိန် ထိုင်း ရဲဝန်ထမ်းတွေဖမ်းဆီးလို့ ပေးဆောင်ရပြီဆိုရင်တောင်မှ ဘတ်ငွေ ၂၀၀ သာပေးဆောင်ရမှာဖြစ်တယ်။

ရွှေ့ပြောင်းအခြေချနေထိုင်သူတွေအနေဖြင့် ကလေး ကျောင်းကြို၊ ပို့ နှင့် အစားအသောက် ၀ယ်ခြမ်းရာ မှာ အမြဲတစေဆိုသလို အလှည့်ကျပြုမူဖမ်းဆီးမှုတွေကို ရှောင်လွဲမရကြုံဆုံနေရမှာဖြစ်တယ်။ ဒီ့အတွက် ကြောင့်ပဲ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှ ရဲဌာနတွေကို ညှိနှိုင်းတွေ့ဆုံပြီး နိုင်ငံပိုင်အ ဖြစ် ဖမ်းဆီးသိမ်းဆည်းခြင်းနှင့် ဒဏ်ငွေပေးချေရမည့် မူဝါဒတွေကိုပြောင်းလဲကျင့်သုံးဖို့ရာ စတင်ဆော် သြမှုတွေလုပ်လာတာနဲ့ သယ်ယူပို့ဆောင်ရေးဌာနမှ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို ရည်ရွယ်ဦး တည်သည့် ယာဉ်ပိုင်ဆိုင်သူတွေကို တရားဝင်မှတ်ပုံတင်ခွင့်နှင့် ယာဉ်မောင်းလိုင်စင် လုပ်ပိုင်ခွင့်တွေကို တပြိုင်နက်တည်းဆိုသလို ခွင့်ပြုလိုက်တာပဲဖြစ်တယ်။

အစောပိုင်း စေ့စပ်ညှိနှိုင်းမှုတွေတုန်းကတော့ အောင်မြင်မှုမရခဲ့ပေမယ့်လို့ ရှမ်းအလုပ်သမားတွေ အနေ ဖြင့် သူတို့ပိုင်ဆိုင်သည့် ယာဉ်တွေကို တရားဝင်မှတ်ပုံတင်ခွင့် ရရှိနိုင်ဖို့နှင့် ယာဉ်မောင်းလိုင်စင် လုပ်ပိုင် ခွင့်ရဖို့အတွက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှ ကူညီထောက်ပံ့မှုတွေ ပေးခဲ့သေး တယ်။ ဒီအဆိုပြုတင်သွင်းချက်ဟာ အပယ်ခံရပေမယ့်လို့ နောက်ဆုံးမှာတော့ ဒီဆုံးဖြတ်ချက်ချပြီး အ ကောင်အထည်ဖော်လိုက်ရတာပါပဲ။


သယ်ယူပို့ဆောင်ရေးဌာနမှ ဒီအခွင့်အရေးတွေနဲ့ သက်ဆိုင်တဲ့သဘောတူညီချက် အာမခံတွေကို တရား
ဝင်အနေနဲ့ အောက်တိုဘာ လ ၁၃ ရက် ၂၀၀၉ ခုနှစ်မှာ ထုတ်ပြန်ကြေငြာမှာဖြစ်ပေမယ့် ဒီဆုံးဖြတ်ချက် နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကိုတော့ လူထု သိရှိအောင် သတင်းအဖြစ် သယ်ယူပို့ ဆောင်ရေးဌာနမှ ကြေငြာချက်ထုတ်မှာဖြစ်တယ်။

နောက်ဆုံးအနေနဲ့ ကောက်ချက်ချပြောဆိုရသော် ထိုင်း နိုင်ငံအတွင်းမှီတင်းနေထိုင်နေကြကုန်သော လူ
မျိုးစုတိုင်းရင်းသား အားလုံးရဲ့ အခွင့်အရေးတွေအပေါ် အသိအမှတ်ပြုလက်ခံလိုက်တဲ့ အောင်မြင်မှု ပထမ ခြေလှမ်းတစ်ရပ်ရဲ့အထိမ်းအမှတ်လို့ဆိုရမှာပဲဖြစ်တယ်။ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အ စီအစဉ်အနေနဲ့ မူဝါဒတွေကို ပြန်လည်ပြင်ဆင်ဖို့ရာအတွက် အချိန်အတော်ကြာစောင့်ဆိုင်းမှသာ ထိုင်း အစိုးရအနေဖြင့် ထိုင်းနိုင်ငံအတွင်း တရားမ၀င် ရွှေ့ပြောင်းအခြေချနေထိုင်သူ တိုင်းရင်းသား လူမျိုးစု တွေနှင့် အလုပ်သမားတွေရဲ့ လူနှင့် လူမှုရေးဆိုင်ရာ အခွင့်အရေးတွေကို အသိအမှတ်ပြုပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသားဆိုသည့် ခေါင်းစည်းတပ်မှုအောက်မှ လွတ်ကင်းစွာ လုပ်ဆောင်နိုင်လိမ့်မယ် လို့ မျှော်လင့်ထားခဲ့ခြင်းဖြစ်တယ်။ ခုပြုမူလုပ်ဆောင်ချက်ဟာ ထိုင်းနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရတင်မက လူ့အခွင့်အရေးဆိုင်ရာ စံသတ်မှတ်ချက်နှင့်ပါ ကိုက်ညီဆီလျော်မှုရှိတယ်လို့ ဆိုရမှာပဲ။

လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်သည် ထိုင်း နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ စံသတ်မှတ်ချက်တွေကို တရားဝင်မှတ်ပုံတင်ပြီး ထိုင်းနိုင်ငံအတွင်း လက် တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နေသော အဖွဲ့အစည်းတရပ်ဖြစ်သည်။

ဒီထုတ်ပြန်ကြေငြာချက်နဲ့ ပတ်သက်လို့ အပြည့်စုံသိဖို့ရာ ဆက်သွယ်မေးမြန်းနိုင်မည့် လိပ်စာတွေက…
Gothom Arya (ဥက္ကဋ္ဌ,HRDF):+66 818 280916 (ထိုင်း/အင်္ဂလိပ်)
Andy Hall (ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေအတွက် ဥပဒေကြောင်းဆိုင်ရာ ညွှန်ကြားရေးမှူး၊ HRDF):+66 846 119209 (အင်္ဂလိပ်/ထိုင်း)
Sumitchai Hattasan (ညွှန်ကြားရေးမှူး၊ နည်းလမ်းတကျ ကာကွယ်စောင့်ရှောက်ရေးနှင့် ပြန်လည်နေ ရာချထားရေးဆိုင်ရာ အဖွဲ့အစည်း):+66 819 507575 (ထိုင်း)
HRDF’s Migrant Justice Programma:+ 66 830 139736 ( မြန်မာ/ ထိုင်း)

Read More...

Tuesday, October 13, 2009

MEETING BETWEEN FWUBC AND U MG MG GENERAL SECRETARY OF NCUB


၂၀၀၉ခုနှစ်၊ အောက်တိုဘာလ(၁၂)နေ့က အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်-ပြည်ထောင်စု မြန်မာနိုင်ငံ (အက်ဖ်တီယူဘီ)၏ အခြားအဖွဲ့ဝင်အဖွဲ့ခွဲ တစ်ခုဖြစ်သော မြန်မာနိုင်ငံအလုပ်သမား အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ဂျပန်ပြည်)၏အဖွဲ့ဝင်များနှင့် တွေ့ဆုံသည့် မိသားစုတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့် ခဲ့ပါသည်။ ယင်းအခမ်းအနာများသို့ တက်ရောက်ကြသူ အဖွဲ့ဝင်အသီးသီးတို့က ဦးမောင်မောင်၏ အကြုံပု ဆွေးနွေးချက်များကို တခဲနက်ထောက်ခံခဲ့ကြပြီး မရှင်းလင်းသည့်အချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
"Thet"
Summary

Rest of your post

Read More...

アウンサンスーチー氏と全ての政治囚の釈放のため



သတင်းနှင့်ဓါတ်ပုံ"ko pour"၀င်းကြိုင်
Summary

Rest of your post

Read More...

Monday, October 12, 2009

မဲဆောက်မြို့ တောရကျောင်း စုပေါင်းမဟာဘုံကထိန်ပွဲ

Read More...

Monday, September 28, 2009

NLD(LA)JB NEWS 2009-9-27 CRPP


ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော် မတီ ဖွဲ့စည်းတည်ထောင်ခြင်း(၁၁)ပြည့် နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တည်ထောင်ခြင်း(၂၁)ပြည့် အထိမ်းမှတ်အခမ်းအနားကျင်းပ VIDEO PHO WAI SOE NLD(LA)JB NEWS AND INFORMATION
"sunny quinlivan"

Rest of your post

Read More...

2nd Anniversary of Saffron Revolution (27-9-2009)


မြန်မာ့ဒီမိုကရေစီအရေးအတွက် အာဏာရှင်စနစ်ကို စွန့်စွန့်စားစား တိုက်ဖျက်ခဲ့ကြသည့် သမိုင်းဝင် ရွှေဝါရောင် တော်လှန်ရေးကြီး (၂)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် ရွှေဝါရောင် တော်လှန်ရေး၏ ကမ္ဘာကျော်ပြယုဂ်တခုဖြစ်သော ဂျပန်သတင်းထောက် နာဂါးအိ ခန်းဂျိ သတ်ဖြတ်ခံရမှု အောက်မေ့ဘွယ် အခမ်းအနားကို တိုကျိုမြို့ ရှီဘူယ UN အဆောက်အဦရှေ့ တွင်၂၇-၉-၂ဝဝ၉ (တနင်္ဂနွေနေ့) ညနေ (၃) နာရီမှ (၅) နာရီထိ ကျင်းပခဲ့ရာ အဖွဲ့အစည်းပေါင်းစုံတို့၏ တာဝန်ခံ ကိုယ်စားလှယ်များ၊ ခေါင်းဆောင်များမှ အမှာစကား ပြောကြားခြင်း၊ ဘာသာပေါင်းစုံဖြင့် ဆုတောင်းမေတ္တာပို့သခြင်းနှင့် သရုပ်ပြပွဲ အစီအစဉ်များဖြင့် ကျင်းပခဲ့ပါသည်။
သတင်းနှင့်ဓါတ်ပုံ "Thet" နှင့်ဦးထွန်းထွန်းနိုင်Summary

Rest of your post

Read More...

Saturday, September 26, 2009

မိစ္ဆာချေချွတ်ခန်း

ဒီလမ်းကိုဆက်မလျှောက်ရင်
တောထလာတော့မယ်

ပေတရာမှာ
နာနာဘာဝကောင်တွေရပ်လို့
အရိပ်မည်းကြီးထုတ်ချင်းခပ်ထားသလို
မာတောင့်တောင့်
ရပ်လို့ ။

မုန်တိုင်းမလာမီငြိမ်သက်ခြင်း၌
ကိုယ့်တစ္ဆေကိုယ်အခြောက်ခံရသူတွေမှာ
အရိပ်ပျောက်လေးကျလာတာကအစ
သေနတ်နဲ့ ထိုးထိုးပစ်နေရ။

မြို့ကြီးတွေက
မဟာသြသဓဆေးကြီးမှီဝဲရင်း
ဗီတာမင်တွေပြည့်စုံဖြိုးကာ
မေတ္တာဓာတ်များ
ငွားငွားစွင့်စွင့်
ပွင့်လို့။

သူ့ကွန်ယက်သူ
ဖွင့်ဖောက်ခဲ့ရာ
လမ်းမြှောင် လမ်းသွယ် လမ်းမများ
ဆူဝေဖိတ်လျှံကျ
စကြဖန်ပြောင်းလှည့်ကာ
အံ့ဖွယ်နင်းကြိတ် ချီခဲ့ကြ။

နာနာဘာဝလေလော ...!
အို မီးသတ်သမား အတုအယောင်တို့
အို မောင်အယောင်ဆောင် မယ်အယောင်ဆောင်အပေါင်းတို့
အို မိစ္ဆာဒိဋ္ဌိတို့အယူကို ယူကြကုန်သူအပေါင်းတို့
မိစ္ဆာတို့၏အမိန့်ကို မျက်စေ့စုံမှိတ် လိုက်နာနေသူအပေါင်းတို့
ရာဇ၀င်စွပ်ကြောင်းကြီးတွေပေါ်က
ဖယ်ကြ ရှားကြလော့
“ အို ခ်စ္သား အဂုၤလိမာလ
သင္သာ သံသရာမွာ
မတန့်မနား မမောမပန်း ပြေးနေသူ ” တဲ့
တရားကို မြင်အောင် ရှုလော့

အလေနထောတို့
အမြစ်စွဲနေတဲ့ အနာ့ပဆုပ်ကြီးကို
မြင်အောင် ရှုကြလေလော့...

ယဇ်ကောင်ကိုယ်တိုင်ကတော့
သူ့နားထင် သူပြောင်းဝတေ့ရင်း
ဇာတ်သိမ်းခန်းကို
သေမင်းထံ သံကြိုးပို့နှင့်ပြီ။ ။

ခင်လွန်း
အောက်တိုဘာ၊ (၇)၊ ၂၀၀၇


ချစ်တဲ့ စာမိတ်ဆွေ
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးလွန်ကာလက ရေးဖြစ်ခဲ့တဲ့ကဗျာပါ။
ပြန်လည်တင်ဆက်လိုက်ပါတယ်။
ကဗျာရေးသူ

Read More...

Monday, September 21, 2009

မဲဆောက်မြို့မှာပြုလုပ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် မေတ္တာပို့ လမ်းလျှောက်ပွဲ (ရုပ်သံ)

Read More...

Saturday, September 19, 2009

ミャンマー軍事政権か支配して21年





ミャンマー軍事政権か支配して21年が経ちました。未だ独裁軍事政権が支配しています。ビルマ国民は未だ苦しい生活が続いているビルマに何時平和が訪れるのだろ、在日ビルマ人によるミャンマー大使館前で講義デモが行われた。100人以上参加した。

၁၉၈၈ခုနှစ် စစ်အစိုးရ အာဏာသိမ်းသည့်နေ့ဆန့်ကျင်ဆန္ဒပြပွဲ
၂၀၀၉ခုနှစ်စက်တင်ဘာလ၁၈ရက်။ ။
ယနေ့မွန်းလွဲ၂နာရီမှ၎နာရီအချိန်ဂျပန်နိုင်ငံတိုကျိုမြို့ ရှီနာဂါဝါမြို့နယ် နအဖအခွန်ရုံးရှေ့တွင်မြန်မာ့ဒီမိုကရေစီအင်အားစုများစုဝေး၍ ဆန္ဒပြပွဲ ကျင်းပခဲ့ပါသည်။၁၉၈၈ခုနှစ်က နဝတစစ်အစီုးရ
အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒ့ပြရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးတို့အတွက် ဆန္ဒပြခဲ့ကြပါသည်။ဂျပန်နိုင်ငံရှိ မြန်မာ့နိုင်ငံရေးအဖွဲံ့အစည်းအသီးသီး၊တိုင်းရင်းသား
အဖွဲ့အစည်းအသီးသီးနှင့်မြန်မာ့ဒီမိုကရေစီအရေးကိုစီတ်ဝင်စားသူဂျပန်လူမျိုးများ၊ APFသတင်းဌာန စသည်အင်အားစုစုပေါင်း ၁၃၀ကျော် တက်ရောက်ခဲ့ကြပါသည်။ဤပွဲတွင် JACကိုယ်စား မိုင်ကျော်ဦးမှတိုင်းရင်းသားများ၊ဒီမိုကရေစီအင်အားစုများအကြား နအဖစစ်အစီုးရ၏သပ်လျှိုသွေးခွဲမှုကိုသတိထားကြပါရန်ကို၎င်း၊ကိုဇော်မင်းထွန်းNLD(LA)JBမှ ယခင်နှင့်ယခု့ မြန်မာနိုင်ငံ အခြေအနေ ကွာခြားမှုကို၎င်း၊ကိုမြင့်မောင်LDBနှင့် ဦးဟံသာDFBတို့မှ၁၉၈၈ လူထုအရေးတော်ပုံကြီးတွင် မိမိတို့ကိုယ်တိုင်ကြုံတွေ့ခဲ့သော ခါးသည်းနာကျည်းမှုများကို၎င်း၊စောမျိုးခိုင်ရှင်း(KNU)မှ မြန်မာပြည်သူများ နိုင်ငံခြားမှာ အနှိမ်ခံအောက်ကျခံ နေရခြင်းမှ လွတ်မြောက်ရေးကို၎င်း၊ကို့မြတ်သူ(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)မှလက်နက်အားကိုး ဖြေရှင်းလိုသူန အဖ စစ်အစိုးရ နှင့်ပြန်လည်သင့်မြတ်ရေးကြိုးပန်းလိုသူပြည်သူလူထုတို့၏အခြေအနေများကို ဝေဖန်ပိုင်းခြားပြခဲ့ပါသည်၊ကိုထွန်းငြိမ်းNLD(LA)JBမှလည်း၂၁နှစ်ကြာစစ်ကျွန်ဘဝကိုဝေဖန်ပြောကြားခဲ့ပါသည်။ ညနေ၄နာရီတွင်ဆန္ဒပြပွဲပြီးဆုံးခဲ့ပါသည်။ လာမည့်တနင်္ဂနွေနေ့စက်တင်ဘာ၂၀ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ၊နိုင်ငံရေး အကျဉ်းသားများ နှင့်ကျောင်းသားများ အမြန်ဆုံးပြန်လည် လွတ်မြောက်ရေး ဆုတောင်းပွဲကို SOBU LINE ,OGIKUBO STATION,NORTH EXITရှိခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် မွန်းလွဲ နာရီခွဲမှစတင်ပြု လုပ်မည်ဖြစ်ရာ ဒီမိုကရေစီ အင်အားစုများ ပါဝင်ပူးပေါင်းနိုင်ကြောင်း အသိပေးဖိတ်ကြားအပ်ပါသည်။
စက်တင်ဘာလ၂၇ရက်တွင်လည်း သံဃာတော်ရွှေဝါရောင်တော်လှန်ရေး၊ဂျပန်သတင်းထောက် နာဂအိကင်းဂျိအသတ်ခံရမှု ၂နှစ်ပြည့်အထိမ်းအမှတ်ဆန္ဒပြပွဲကို UNရုံးရှေ့တွင် JACမှ ဦးဆောင်ပြုလုပ်မည်ဖြစ်ရာ အစီအစဉ်အသေးစိတ်ကို ဆက်လက်ကြေငြာပါမည်။
soe aung win
"sunny quinlivan""ko pour"

Read More...

ဒီမိုကရေစီတိုက်ပွဲကြီးထဲက ကိုညို

ငါတို့ရရှိခဲ့တာ
ဝေးကွာခြင်းနဲ့ ကွေ့ကွင်းရခြင်း
ငါတို့လိုချင်ခဲ့တာ
အောင်မြင်မှုရဲ့ ပန်းတိုင်သရဖူ
ဘဝမှာ
ဘာမှမစံရသေးခင်
အမိဝေး အဖဝေး
မျှော်လင့်ချက်ဝေးဝေးတွေနဲ့
အဝေးစံနေရတဲ့သူလေ
အနုပညာကိုမြတ်နိုး
အမှန်တရားကိုခုံမင်
အပေါင်းအသင်းကိုငြိတွယ်
မငြိတွယ်ခဲ့တဲ့
ငွေစကြေးစတွေကိုတော့ ပစ်ခွာလို့
အမှန်တရားလမ်းကြောင်းထဲကို
ရဲရဲဝံ့ဝံ့
လျှောက်လှမ်းခဲ့တာလေ
ကိုညိုရေ ....
မျက်ရည်စက်များကို သိမ်းခေါက်
မတိမ်းမှောက်တဲ့
ငါတို့နှလုံးသွေးများနဲ့
ဒီအာဏာရူး
စစ်ဘီလူးတို့
သိမ့်သိမ့်မှောက်မှောက်
တုန်ခါစေရမှာပေါ့
ကိုညိုရေ ....
လောကကို သက်သေတည်
နှောင်းလူမှာ
ရာဇဝင်တွင် ကျန်ရစ်မယ့်
ငါတို့များရဲ့ “ကိုညို”
ကိုညိုရေ ....
ယနေ့ယခုချိန်မှာ
ပန်းလိုကြွေ မြေမှာဝပ်စင်းနေရပေမယ့်
အများတောင့်တခဲ့တဲ့
ဒီမိုကရေစီအောင်ပွဲကြီးဟာ
မနှောင်းတော့မယ့်
အရုဏ်ဦးနဲ့ အတူ
ဤ အာဏာရူး စစ်ဖိနပ်အောက်က
ငါတို့
လွတ်မြောက်ရမှာပေါ့။ ။

မိုးမခ

ထောင်အတွင်းမှ ထောင်အပြင်ရောက်ချိန်အထိ စိတ်မကျန်းမမာ ကိုယ်မကျန်းမမာ
ဖြစ်နေသော ကဗျာဆရာညိုမင်းထက် (ခ) ကိုညိုလေးသို့

Read More...

အကျိုးစီးပွားအတွက် သွင်းကုန်ခွန်စည်းကြပ် တံတိုင်းကာရံခြင်း

The New York Times
Published: September 12,2009

တရုတ်ပြည်မှ ကားတာရာ တင်သွင်းမှုနဲ့ ပတ်သက်ပြီး နာရီပိုင်း အတွင်းချမှတ်လိုက်တဲ့ သမ္မတအိုဘားမားရဲ့ ဆုံးဖြတ်ချက်ကြောင့် တရုတ်အာဏာပိုင်တွေက အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတ ကာ ကုန်သွယ်မှုဥပဒေကို ချိုးဖောက်ကျူးလွန်တဲ့အပြင် ကုန်ရောင်း ကုန်ဝယ်ဖောက်ကားမှု ပြုလုပ်ရာတွင် ယှဉ်ပြိုင်နိုင်စွမ်းမရှိလို့် နိုင်ငံ ရေးအင်အားသုံးပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒကို ကျင့် သုံးခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုလိုက်တယ်။ စနေနေ့မှာ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ အမေရိကန်ရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒနှင့် ပတ်သက်ပြီး အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေငြာခဲ့တယ်။

အမေရိကန်အစိုးရပိုင်း တာဝန်ရှိသူတွေအနေနဲ့ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာရေးအပြင် အီရန် ရဲ့ နျူးကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး ထပ်မံပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ရာအတွက် တရုတ်ပြည်ရဲ့ အ ခန်းကဏ္ဍနဲ့ အကူအညီကိုလိုအပ်တဲ့အတွက် ထိရောက်မြန်ဆန်သည့် တုန့်ပြန်မှုတွေကြောင့် မလိုလား အပ်တဲ့ ပြဿနာတွေနှင့် ထိခိုက်မှုတွေထွက်ပေါ်လာမှာကိုတော့ လိုလားခြင်းမရှိကြဘူး။ သမ္မတ အိုဘား မား 9:15p.m မှာ ယဉ်ကျေးသိမ်မွေ့စွာ သုံးနှုန်းထုတ်ပြန်လိုက်တဲ့ ဆုံးဖြတ်ချက်ကြေငြာစာတမ်းဟာ အ တော့်ကိုစိတ်ပျက်ဖွယ် တွေးတောစရာတွေ ပြည့်နှက်နေပြီး တရုတ်ပြည်ရဲ့ကားတာရာတင်သွင်းမှုအပေါ် 35% အခွန်စည်းကြပ် ပြဋ္ဌာန်းလိုက်ခြင်းပဲဖြစ်တယ်။

ဒီထုတ်ပြန်ကြေငြာချက်ဟာ ၀ယ်လိုအားကျဆင်းဖို့ရာအတွက် သွင်းကုန်အခွန် စည်းကြပ်လိုက်တာဖြစ် တဲ့အတွက်ကြောင့် သဏ္ဍာန်သစ်တွေနဲ့ တရုတ်ပြည်စီးပွားရေးကို စတင်ယှဉ်ပြိုင် တိုက်ခိုက်လိုက်ခြင်းပဲ ဖြစ်တယ်။ မစ္စတာအိုဘားမားဟာ လွတ်တော်မှာထောက်ခံမှုရဖို့အတွက် သမဂ္ဂတွေဆီကနေ မဲအရေအ တွက်တွေရခဲ့သည့်အပြင် ကျန်းမာရေးဆိုင်ရာကြည့်ရှုစောက်ရှောက်မှုစနစ်ကို အောက်ခြေကနေ ပြုပြင် ပြောင်းလဲဖို့ရာအတွက် တိုက်ပွဲဝင်ခဲ့သူဖြစ်တယ်။ ၀ါရင့်အိမ်ဖြူတော်အရာရှိ တယောက်အဆိုအရ ကုန် သွယ်မှုဥပဒေကို တင်းကြပ်လိုက်တာဟာ ကိုယ်ကျိုးစီးပွားကာကွယ်တာ မဟုတ်သလို အသိအမှတ်ပြု ခြင်းမှ ငြင်းပယ်လိုက်တာလည်း မဟုတ်ပါဘူး။

အမေရိကန်အစိုးရဟာ တရုတ်ပြည်နဲ့ ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ဖို့ရာအတွက် အလေးဂရုပြုသလို တရုတ်ပြည်မှာအခြေစိုက် ရင်းနှီးမြုပ်နှံထားတဲ့ အမေရိကန် စီးပွားရေးကုမ္ပဏီကြီးတွေထဲမှာ ကားတာရာ ထုတ်လုပ်တဲ့ စက်ရုံတွေလည်းပါဝင်ပြီး တရုတ်ပြည်ရဲ့တိုးတက်များပြားလာတဲ့ လူဦးရေနှင့်ကြီးမားလှ တဲ့ ဈေးကွက်အတွင်း ပို့ကုန်ကျယ်ပြန့်စွာ ထိုးဖောက်နိုင်ရေးအတွက် အမေရိကန်ကုမ္ပဏီ အတော်များ များဟာလည်း ထိုးဖောက်ဝင်ရောက်နေကြတယ်။ ဒီလထဲမှာပဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် Pitts burgh မြို့မှာ G-20 စက်မှုထိပ်သီး နိုင်ငံမှခေါင်းဆောင်တွေအပါအ၀င် တရုတ်ခေါင်းဆောင်တွေနဲ့ပါ သမ္မတ အိုဘားမားဟာ လက်ခံတွေ့ဆုံဖို့ရှိသလို လာမယ့် နိုဝင်ဘာလ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် အာရှထိပ်သီး အစည်းအဝေးပွဲကို တက်ရောက်ဖို့ရှိတဲ့အပြင် နောက်ခရီးစဉ်အဖြစ် ပီကင်းကို ၀င်ရောက် မယ်လို့တော့ မျှော်လင့်ရတာပဲ။

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Yao Jian ကတော့ တရုတ်ပြည်အနေနဲ့ တရုတ် ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားအပေါ် အပြည့်အ၀ တာဝန်ယူလုပ်ဆောင်သွားမယ်လို့ အစိုးရပိုင် စင်ဟွာ သတင်းဌာနကနေ ပြောကြားသွားခဲ့တယ်။ ဒီဆောင်းပါးမှာတော့ တန်ပြန်လုပ်ဆောင်မယ့် ထုတ်ပြန်ချက် ကိုတော့ မဖော်ပြထားပါဘူး။ တရုတ်ပြည်ဟာ အမေရိကန်ရဲ့ ဒုတိယ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ် သ လို အများဆုံးကြွေးတင်နေသူလည်း ဖြစ်တာကြောင့် သမ္မတအိုဘားမားရဲ့ လုပ်ဆောင်ချက်ဟာ ထိခိုက် မှု တစုံတရာတော့ရှိလာနို်င်တယ်။ အမေရိကန် ကုမ္ပဏီတွေနှင့် အလုပ်သမားထုတွေအတွက် သွင်းကုန် တရစပ် ထိုးဖောက်ဝင်ရောက်လာခဲ့မယ်ဆိုရင် အိုဘားမား အုပ်ချုပ်ရေးကာလ တရုတ်ပြည်နဲ့ ညှိနှိုင်းသ ဘောတူထားတဲ့ သွင်းကုန်စည်းကြပ်မှုနှင့်ပတ်သက်ပြီး အထူးထောက်ပံ့မှု အခွင့်အရေးအပေါ် အလုပ်သ မားသမဂ္ဂမှ သဘောထား တောင်းဆိုမေးမြန်းခဲ့တယ်။ လွတ်လပ်သည့်အဖွဲ့အစည်း တခုဖြစ်သော နိုင်ငံ တကာ ကုန်စည်ကူးသန်းရောင်းဝယ်မှု ကော်မရှင်ကတော့ တရုတ်ပြည်ရဲ့သွင်းကုန်အပေါ် ဆုံးဖြတ်ချက် ချမှုဟာ ပြည်တွင်းစက်မှုလုပ်ငန်းတွေသာ တကယ်ထိခိုက်ဆုံးရှုံးမှု ရှိတယ်လို့ဆိုတယ်။ သွင်းကုန်ခွန် စည်းကြပ်မှု သက်တမ်းကာလဟာ သုံးနှစ်အကျုံးဝင်မှာဖြစ်ပြီး ကနဦးကာလမှာ ၅၅% ဖြစ်ပြီးနောက်ပိုင်း တဖြည်းဖြည်း ကျဆင်းလာမှာဖြစ်တယ်။

တရုတ်ကုမ္ပဏီတွေအပေါ် ထောက်ပံ့မှု ဒါမှမဟုတ် မျှတမှုမရှိတဲ့ ဘယ်လိုယှဉ်ပြိုင်မှုမျိုးကိုမဆို ပြုလုပ်ပါ က အကျသက်သာစေမယ့် အထူးအခွင့်အရေး ခံစားခွင့်မရှိခြင်းကြောင်း ဘာလို့လဲဆိုတော့ တခြားသွင်း ကုန်အပေါ်ဆန့်ကျင်တဲ့ ကာကွယ်မှုဟာ တခြားသောနည်းလမ်းတွေထက် လွယ်ကူအဆင်ပြေလို့ပဲဖြစ် တယ်။ သမ္မတ အိုဘားမားရဲ့ တရုတ်ပြည်အပေါ် အခုလို ရုတ်တရက် လုပ်ဆောင်ဆုံးဖြတ်ချက်ချမှုဟာ စက်ရုံတွေနဲ့ အလုပ်သမား သမဂ္ဂတွေရဲ့ စိတ်သောကကို ပြေလျော့အောင် လုပ်တာလားဆိုတာက တော့ မဖြစ်မနေမေးကို မေးရမယ့်မေးခွန်းတခုလို့တောင်ဆိုလိုက်ချင်တယ်။ တရုတ်ပြည်ရဲ့ပို့ကုန် ကျယ် ပြန့်အောင်မြင်လာတာနဲ့အမျှ တချို့သောအဖွဲ့အစည်းတွေဟာ၂၀၀၁ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု အပေါ် တောင်းဆိုမှုတွေပြုလုပ်လာတဲ့အတွက် နိုင်ငံတကာ ကုန်စည်ကူးသန်းရောင်းဝယ်မှု ကော်မရှင်ရဲ့ ထောက်ခံမှုကိုရခဲ့ပေလို့ အကိုင်းအခက် အဆင့်အဖြစ်အသတ်မှတ်ခံခဲ့ရသလို သမ္မတဘုရှ်ရဲ့ကန့်ကွက်မှု ကြောင့် ကော်မရှင်ရဲ့ထောက်ခံအဆိုပြုချက်ဟာ အဟောသိကံ ဖြစ်ခဲ့ရတယ်။

သမ္မတ ကလင်တန်လက်ထက် အမေရိကန်ပြည်ထောင်စုရဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ တာဝန်ခံ Charlene Barshefsky ရဲ့ အဆိုအရ ဒီဆုံးဖြတ်ချက်ကြောင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ မူဝါဒတွေ ဟာ ဘယ်လိုနည်းနဲ့မှ နောက်ပြန်ဆုတ်စေသည့် အနှုတ်လက္ခဏာမျိုးကို ထင်ဟပ်စေမှာ မဟုတ်ဘူးလို့ ဆိုတယ်။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်မှာ စီးပွားရေးပြန်လည်ဦးမော့ နလံထူနိုင်ဖို့ရာအတွက် ပြုပြင်ပြောင်းလဲမှုဟာ အခရာကျတယ်ဆိုတာ သံသယဖြစ်စရာမလိုကြောင်း Ms.Barshefsy က အခိုင် အမာပြောဆိုထားတယ်။

မန်ဇူး(ဘာသာပြန်သည်)
China Denounces New Tire Tariffs
By EDMUND L.ANDREWS and EDWARD WONG
Edmund L. Andrews reported from Washington and Edward Wong from Beijing.

.....
မန်ဇူး(ဘာသာပြန်သည်)

Read More...

ကမ္ဘာပြားပေါ်က မြန်မာအလုပ်သမားများ

(ဂါမဏိ)
၂၁ ရာစုဒီဘက်ပိုင်းမှာ ကမ္ဘာကြီးပြားသွားပြီ ဆိုတဲ့အသံတွေ နား မဆံ့အောင်ကို ကြားနေရပါတယ်။ ပြားသွားတယ်ဆိုတာက တ ကမ္ဘာလုံးရဲ့စီးပွားရေး ဆက်သွယ်ရေး ကူးသန်းရေးတွေ တဆက် တည်း ဖြစ်သွားပြီလို့ပြောတာ ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံတွေကို မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေမှာ လာဖွင့်ကြတယ်၊ သူဋ္ဌေးတွေက တ ကမ္ဘာလုံးနဲ့ တမုဟုတ်ချင်း ထိုင်ရာမထ ဆက်သွယ်ပြီး ရောင်း ဝယ်နိုင်ကြတယ်၊ ဒါကြောင့် တချိန်က အလုပ်ရှားပါး လုပ်ခ နိမ့်ကျ ဖွံ့ဖြိုးမှုနောက်ကျခဲ့တဲ့ နိုင်ငံတွေ ဒေသတွေ အလုပ်တွေပေါ ဝင်ငွေ တွေတိုးပြီး ဆင်းရဲတွင်းကလွတ်လာကြတယ်လို့ ကမ္ဘာပြားရှေ့နေ တွေက မစားရဝခမန်း ဝါဒဖြန့်ကြော်ငြာ နေပါတယ်။ ဥပမာတွေ အဖြစ် တရုတ်၊ ဗီယက် နမ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယတို့ကိုလည်း ထောက်ပြနေကြပါတယ်။

နောက်ပြီးတော့ ကမ္ဘာ့ပဒေသာပင်ခေတ်ကြီး ရောက်ပြီဆိုပြီး စိုက်ပျိုးရေးတို့၊ စက်မှုလုပ် ငန်းတို့နေရာမှာ နည်းပညာအဆင့်မြင့်လုပ်ငန်းတွေ၊ အသိဉာဏ်လုပ်ငန်းတွေက အစား ထိုးလွှမ်းမိုးသွားပြီလို့လည်း တဆိတ်ကို တအိပ်လုပ် ကြွေးကြော်နေကြပြန်ပါတယ်။

ဒါကြောင့် စာအုပ်တွေထဲပြောတာတွေကို အသာထားပြီး တကယ့်လက်တွေ့ အခြေအနေ တွေကိုလေ့လာ ကြည့်ကြရအောင်။

စက်မှုလုပ်ငန်းထွန်းကားတဲ့ ပင်ရင်းနိုင်ငံတွေကိုကြည့်တဲ့အခါ အမေရိကန်နိုင်ငံမှာ အနိမ့် ဆုံးလုပ်အားခက တနာရီကို ၇ ဒေါ်လာ တနှစ်ကို ဒေါ်လာ ၁၅ဝဝဝ ရှိပါတယ်။ ပြင်သစ်မှာ တနာရီ ၉ ယူရို တနှစ်မှာ ဒေါ်လာ ၁၇ဝဝဝ၊ ဂျပန်မှာ တနာရီ ယန်း ၇ဝဝ တနှစ်ကို ဒေါ် လာ ၁၁ဝဝဝ၊ တောင်ကိုးရီး ယားမှာ တနာရီ ဝမ် ၄ဝဝဝ တနှစ်မှာ ဒေါ်လာ ၁ဝဝဝဝ၊ တိုင် ဝမ်မှာ တနာရီကို တိုင်ဝမ်ဒေါ်လာ ၁ဝဝ တနှစ်မှာ ဒေါ်လာ ၁၂ဝဝဝ၊ ဟောင်ကောင်မှာ တ လကို ဟောင်ကောင် ဒေါ်လာ ၃၅ဝဝ တနှစ်ကို ဒေါ်လာ ၈ဝဝဝ ရှိကြပါ တယ်။

အဲဒီနိုင်ငံတွေက အထည်ချုပ်စက်ရုံကို တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ မြန်မာနိုင်ငံ စတဲ့ ဖွံ့ဖြိုးမှုနိမ့်တဲ့နိုင်ငံတွေဆီ ရွှေ့ပြောင်းဖွင့်ကြတဲ့အခါ တရုတ်ပြည်မှာသွားဖွင့်ရင် လုပ် အားခ တလကို ယွမ် ၁ဝဝဝ တနှစ်ကို ဒေါ်လာ ၁၅ဝဝ၊ ဗီယက်နမ်မှာ တနှစ်ကို ဒေါ်လာ ၁ဝဝဝ ၊ ထိုင်းမှာ တရက်ကို ဘတ် ၂ဝဝ တနှစ်ကို ဒေါ်လာ ၂၃ဝဝ၊ မလေးရှားမှာ တလကို ရင်းဂစ် ၃၅ဝ တနှစ်ကို ဒေါ်လာ ၄၅ဝဝ၊ မြန်မာနိုင်ငံမှာ တရက် ကျပ် ၁ဝဝဝ တနှစ်မှာ ဒေါ်လာ ၃ဝဝ နှုန်းပေးရပါတယ်။

အိန္ဒိယနိုင်ငံဟာ အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေအတွက် ကွန်ပျူတာ အင်တာ နက် တယ်လီဖုံးစတဲ့ အဆင့်မြင့်ဆက်သွယ်ရေး ဝန်ဆောင်လုပ်ငန်းတွေကို လက်ခွဲလုပ် ပေးနေရပါတယ်။ အဲဒီ အလုပ်သမားမျိုးကို အမေရိကန်နိုင်ငံမှာဆိုရင် လုပ်ခ တနှစ်ကို ဒေါ်လာ ၂ဝဝဝဝ ကျော်ပေးရပေမဲ့ အိန္ဒိယမှာတော့ ဒေါ်လာ ၉၅ဝဝ လောက်ဘဲ ပေးရ ပါတယ်။

ကျနော်တို့နဲ့ဆိုင်တဲ့အပိုင်းကို ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံမှာ တရားဝင်သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခက ဘတ် ၁၄ဝ လောက်ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်က လာတဲ့ အလုပ်သမား တွေရတာက (မဲဆောက်မှာ) အလွန်ဆုံး ၈ဝ လောက်ဘဲ ရပါတယ်။ အများစုကတော့ ၅ဝ-၆ဝ လောက်ဘဲ ရကြပါတယ်။ သူဋ္ဌေးက နေစရိတ် စားစရိတ်တွေ မတန်တဆ ဖြတ်ထားလို့ပါ။ စိုက်ပျိုးရေး အလုပ်သမားတွေနေရတဲ့ ဘဝက ပိုဆိုးပါတယ်။ တောထဲ တောင်ထဲမှာ လူတယောက် ခြေထောက်ဆန့်အိပ်လောက်အောက်ဘဲကျယ်တဲ့ တဲအိမ်ကလေးတွေမှာ ကြယ်မြင်လမြင် နေရပါတယ်။ ထရံကို စက္ကူတွေ ဆာလာအိပ်ခွံ တွေကာထားပြီး ကျနော်တို့တိုင်းပြည်က လယ်တဲသာသာဘဲရှိပါတယ်။ ပညာရေး ကျန်း မာရေး အားကိုးစရာ မရှိသလောက်ပါဘဲ။ အခုနောက်ပိုင်း ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ကျောင်းကလေးတွေ ပေါ်လာပေမဲ့ ကျန်းမာရေးအတွက်အားကိုးစရာ မယ်တော်ဆေးခန်း ကိုတော့ ထိုင်းရဲအဖမ်းခံရမယ့် အန္တရာယ်ကြားက စွန့်စားသွားရပါတယ်။ ထိုင်းရဲအပြင် ထိုင်းလဝက၊ လူဆိုးဂိုဏ်းတွေနဲ့ ထိုင်းလမ်းသရဲတွေ ငွေညှစ် ဗိုလ်ကျနှိပ်စက်တာကလည်း ရှိပါသေးတယ်။

ရနောင်း၊ မဟာချိုင်ဘက် ငါးဖမ်းစက်လှေနဲ့လိုက်ရတဲ့ မြန်မာအလုပ်သမားတွေကတော့ မနက်တိုင်း မျက်နှာသစ်စရာခေါင်းရှိသေးလား စမ်းနေရတဲ့ဘဝမှာ ခပ်များများဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာပြားတဲ့အကျိုးအမြတ်အဖြစ် အလုပ်သမား ၁ဝဝ ရှိတဲ့ စက်ရုံပိုင်သူဋ္ဌေးဟာ အမေရိကန်ကနေ မဲဆောက်ကို ရွှေ့လာတဲ့အတွက် တနှစ်ကို ဒေါ်လာ ၁ သန်း ၃ သိန်း ပိုမြတ်သွားပါတယ်။ တိုင်ဝမ်သူဋ္ဌေးဆိုရင်တော့ တနှစ်မှာ ဒေါ်လာ ၁ သန်းပိုမြတ်ပါလိမ့် မယ်။ မြန်မာအလုပ်သမားတွေအနေနဲ့တော့ ဗမာပြည်မှာ မဝယ်နိုင်တဲ့ ရွှေတို ရွှေစ ဝယ် နိုင်၊ ဟဲင်းဖုံးကိုင်နိုင်၊ မြို့ပေါ်အလုပ်သမားတွေဆိုရင် ၂၄ နာရီလျှပ်စစ်မီးနဲ့နေနိုင်တဲ့ ထိုင်း နိုင်ငံမှာ အလုပ်လုပ်တာဟာ ဗမာပြည်မှာထက် တနှစ်ကို ဒေါ်လာ ၂ဝဝဝ လောက် ဝင်ငွေ ပိုလာပြီး မလေးရှားမှာဆိုရင် ဗမာပြည်ထက် တနှစ်ကို ဒေါ်လာ ၄၂ဝဝ ပိုဝင်မှာဖြစ်ပါ တယ်။ ဒါဟာ အမေရိကန်အလုပ်သမားရဲ့ အစွန်းထွက်လောက်ဘဲ ရတာဖြစ်ပြီး သူတို့ ထက် ဒေါ်လာ ၁ဝဝဝဝ ကျော်လျော့နေပါသေးတယ်။ ဒါကြောင့် ကမ္ဘာပြားတယ်ဆိုတာ စက်ရုံရှင် လုပ်ငန်းရှင်သူဋ္ဌေးတွေအတွက်ပဲ အဓိကဖြစ်နေပါတယ်။

လုပ်ငန်းပုံစံပိုင်းကိုပြောရရင် တတိယလှိုင်းလို့ပြောတဲ့ အဆင့်မြင့် ကွန်ပျူတာ အင်တာ နက် ဆက်သွယ်ရေးစတဲ့ အသိဉာဏ်ပညာ အခြေခံလုပ်ငန်းတွေက ရှေ့ဆောင်အခန်းမှာ ရှိတယ်လို့ ပြောနေပေမဲ့ လက်တွေ့ကွင်းထဲမှာတော့ စက်မှုလုပ်ငန်းကဘဲ အဓိကလွှမ်းမိုး နေပြီး ထမင်းကျွေးနေတာဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄-၅ သန်းထဲက အားလုံးလိုလို ရပ်တည်နေရတာဟာ အထည်ချုပ်စက်ရုံ၊ ဖိနပ်ချုပ်စက်ရုံ၊ ငါးပုဇွန်စက်ရုံ၊ ဆောက်လုပ်ရေး၊ တောင်ယာ၊ ရာဘာခြံ၊ ဆီအုန်းခြံ၊ စားသောက်ဆိုင်၊ ဈေးဆိုင် စတဲ့လုပ် ငန်းတွေဘဲဖြစ်ပါတယ်။ အမေရိကန်ရောက်သွားတဲ့ မြန်မာဆရာဝန် ဆူရှီလိပ်နေရတာ၊ ဂျ ပန်ရောက်သွားတဲ့ မြန်မာအင်ဂျင်နီယာတွေ အိုးတိုက် ပန်းကန်ဆေး နေရတာဟာ ကမ္ဘာ ပြား တတိယလှိုင်းဝါဒဖြန့်ချက်တွေကို သရော်နေတာ ဖြစ်ပါတယ်။

မြန်မာအလုပ်သမားတွေတင်မကပါဘူး၊ တကမ္ဘာလုံးမှာ လုပ်ငန်းတန်ဖိုးအကြီးဆုံးလုပ်ငန်း ၃ ခုက (၂ဝဝ၂ ခု စာရင်း အရ) တရားဝင်စီးပွားရေးနယ်ပယ်မှာ ရေနံထုတ်လုပ်ရေး၊ မော် တော်ကားထုတ်လုပ်ရေး၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတို့ဖြစ်ပြီး တရားမဝင်စီးပွားရေး နယ်ပယ်မှာတော့ လူကုန်ကူးလုပ်ငန်း၊ လက်နက်ကုန်ကူးလုပ်ငန်းနဲ့ မူးယစ်ဆေးကုန်ကူး လုပ်ငန်းတို့ဖြစ်ပါတယ်။ ကွန်ပျူတာလုပ်ငန်း၊ တယ်လီဖုံးလုပ်ငန်းတွေ မဟုတ်ပါဘူး။ စ တော့ ရှယ်ယာ တန်ဖိုးမှာတော့ ကွန်ပျူတာလုပ်ငန်းက ရှယ်ယာတွေက တန်ဖိုးမြင့်နေပြီး ကွန်ပျူတာလုပ်ငန်းနယ်ပယ်က အလုပ်သမားတွေဟာ လုပ်ခကောင်းပေမဲ့ စီးပွားရေး လောက တခုလုံးထဲမှာတော့ အင်အားအကြီးဆုံး မဖြစ်သေးပါဘူး။

ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၅ ခုက (၂ဝဝ၆ ခုစာရင်း) အက်ဆွန်မိုဘင်းလ် (ရေနံလုပ်ငန်း)၊ ဂျီ အီး (လျှပ်စစ်လုပ်ငန်း)၊ စီးတီး (ဘဏ်လုပ်ငန်း)၊ ဘီပီ (ရေနံလုပ်ငန်း)၊ ရှဲလ် (ရေနံလုပ် ငန်း) တို့အစဉ်လိုက်ဖြစ်ပြီး မိုက်ကရိုဆော့ဖ် (ကွန်ပျူတာ လုပ်ငန်း) က နံပတ် ၇ အဆင့် ပဲရှိပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၁ဝ ခုထဲမှာ အဆင့်မြင့်နည်းပညာလုပ်ငန်း က အဲဒီမိုက်ကရိုဆော့ဖ် တခုဘဲပါပါတယ်။

ဒါကြောင့် ကမ္ဘာပြားတာတွေ အဆင့်မြင့်နည်းပညာခေတ်ရောက်တာတွေဟာ ကျနော်တို့ အလုပ်သမားတွေ အထူးသဖြင့် မြန်မာအလုပ်သမားတွေအတွက် လက်တွေ့မကျတဲ့ စိတ် ကူးယဉ်အိပ်မက်တွေသာဖြစ်ပါတယ်။ မဲဆောက်က မြန်မာအလုပ်သမားတယောက်ဟာ အမေရိကန်ကအလုပ်သမားတယောက်နဲ့ တန်းတူလုပ်ခ မရသရွေ့၊ အိန္ဒိယက ကွန်ပျူတာ ပညာရှင်အလုပ်သမားတယောက်ဟာ အမေရိကန်က ကွန်ပျူတာပညာရှင် အလုပ်သမား တယောက်ရတဲ့ လစာ မရသေးသရွှေ့ ကမ္ဘာကြီးပြားနေတယ်လို့ မပြောနိုင်သေးပါဘူး။ အလွန်ဆုံးပြောရရင် အပြားလိုက်ကြီးစောင်းနေတယ်လို့ဘဲ ပြောနိုင်မှာဖြစ်ပြီး ပွင့်ပွင့်လင်း လင်းပြောရရင်တော့ သူဋ္ဌေးတွေက ပုံစံသစ်နဲ့ လူလည်ကျတာလို့ဘဲ ပြောချင်ပါတယ်။

ကမ္ဘာမှာ အဆင့်မြင့်နည်းပညာတွေ ရှေ့ဆောင်နေပြီး ဂလိုဘယ်လိုက်ဇေးရှင်း လို့ခေါ်တဲ့ တကမ္ဘာလုံးချီ ဆက်နွယ်မှုတွေ လွှမ်းမိုးလာပြီလို့ ပြောနေဟောနေပေမဲ့ ကမ္ဘာ့အလုပ်သ မားအများစုကြီးရဲ့ ဘဝကတော့ အဲဒီကမ္ဘာပြားတွေ တတိယလှိုင်းတွေနဲ့ အလှမ်းဝေးနေ ဆဲပါဘဲ။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာပြည်တွင်းအလုပ်သမားတွေ ဆိုရင် နအဖစစ်အစိုးရ လက်ချက်ကြောင့် နိုင်ငံတကာ အလုပ်သမားတွေထက်ပိုပြီး အခွင့်မသာ ဖြစ်နေရပါတယ်။

ဂါမဏိ
သင့်ရဲဘော် ဂျာနယ်၊ အတွဲ(၃) အမှတ်(၁) သြဂုတ် ၂၀၀၉

Read More...

Thursday, September 17, 2009

နအဖဝန်ကြီးချုပ်၏ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှင်းလင်းပွဲကို ကန့်ကွက်ဆန္ဒပြ


၂၀၀၉စက်တင်ဘာလ၁၇ရက်။ ။
ဂျပန်နိုင်ငံတိုကျိုမြို့ရှီဘူယမြို့နယ်ကုလသမဂ္ဂရုံးရှေ့တွင်ယနေ့ ၃နာရီမှ၎နာရီအတွင်းဆန္ဒုပြပွဲကျင်းပခဲ့ပါသည်။နအဖစစ်အစိုးရ၏ဝန်ကြီးချုပ် ဦးသိန်းစိန်သည် ကမ္ဘာ့ကုလသမဂ္ဂသို့သွားရောက်၍ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအား လူထုထောက်ခံမှုကိုရှင်းလင်းမည့်ကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြပါသည်။နအဖစစ်အုပ်စုမှ တဖက်သတ်ရေး ဆွဲထားသောဖွဲ့စည်းပုံအခြေခံဥပဒေအားလုံးဝလက်မခံနှိုင်ကြောင်း၊ ကုလသမဂ္ဂ အနေဖြင့်မြန်မာပြည်သူ တို့မလို လားသော ၂၀၁၀ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်လိုကြောင်း၊၁၉၉၀ရွေးကောက်ပွဲရလဒ်ကိုစစ်အစီုးရမှ လက်တွေ့အကောင်
အထည်ဖေါ်စေရန် ကုလသမဂ္ဂအနေဖြင့်တိုက်တွန်းပေးစေလိုကြောင်း အစရှိသည့်အချက်များ တောင်းဆိုဆန္ဒပြခဲ့ကြပါသည်။ဤပွဲသို့ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့အစည်းအသီးသီး၊တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးနှင့် အခြားအဖွဲ့အစည်းများမှ စုစုပေါင်းအင်အား၅၀ကျော်တက်ရောက်ခဲ့ကြပါသည်။မနက်ဖြန် နေ့ ၂နာရီမှ ၄နာရီ ရှီနာဂါဝါမြို့နယ် နအဖ အခွန်ရုံး ရှေ့တွင် နဝတ အာဏာသိမ်းသည့်နေ့ ဆန္ဒပြပွဲ ပြုလုပ်မည်ဖြစ်ရာ စိတ်ပါဝင်စားသူများ ပါဝင်နှိုင်စေရန် အသိပေးဖိတ်ကြားအပ်ပါသည်။
soe aung win
sunny quinlivan"

Rest of your post

Read More...

Friday, September 11, 2009

မဲဆောက် တရုတ်ဘုံကျောင်း ဆန်လှူပွဲ

Read More...

မြန်မာပြည်သူတွေအတွက် မလိုအပ်တဲ့ 'ရွေးကောက်ပွဲ'

ဂါမဏိ(ဘာသာပြန်သည်)
မကြာသေးခင်က အထက်လွှတ်တော်အမတ် ဂျိမ်းဝက်ဘ် ကျနော့်တိုင်းပြည်ကို အလည်အပတ်သွား ခဲ့တာ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အကျဉ်းကျခံနေရတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစု ကြည်တို့နဲ့ တွေ့ဆုံစကားပြောခဲ့တာတွေအပေါ် လူတွေက အများကြီးအာရုံစိုက်ခဲ့ကြပါတယ်။ ဝက်ဘ် က မြန်မာပြည်ရဲ့ အုပ်စိုးသူအာဏာပိုင်တွေနဲ့ အဓိပ္ပာယ်ရှိရှိတွေ့ဆုံ ဆွေးနွေးချင်တာကို ကျနော် နား လည်ပါတယ်။ ကံမကောင်းအကြောင်းမလှတာကတော့ သူ့ကြိုးပမ်းချက်တွေဟာ ကျနော်တို့ ဒီမိုက ရေစီလှုပ်ရှားမှုကြီးကို ထိခိုက်နစ်နာစေပြီး မှားယွင်းတဲ့အကြောင်းအရာပေါ်မှာ အလေးထားခဲ့တာဖြစ် ပါတယ်။ အဲဒီ အကြောင်းအရာကတော့ ရေရှည်နိုင်ငံရေးမဟာဗျူဟာရဲ့ အစိတ်အပိုင်းတခုအဖြစ် ပါ ဝင်ဆင်နွှဲဖို့ ဝက်ဘ်က ကျနော်တို့ကို စဉ်းစားစေချင်တဲ့ ရှေ့နှစ် "ရွေးကောက်ပွဲ" အလားအလာဖြစ်ပါ တယ်။ ဒါပေမဲ့ စစ်အစိုးရက စီစဉ်ထားတဲ့ ဟန်ပြရွေး ကောက်ပွဲဟာ ကျနော်တို့ ပြည်သူလူထုတွေ လိုလားနေတဲ့လွတ်လပ်ရေးကို သရော်မော်ကားလုပ်ပြီး စစ်အာဏာရှင်စနစ်ကိုထာဝရတည်တန့် အောင် လုပ်သွားမှာဖြစ်ပါတယ်။

ကျနော်တို့ဆီက နောက်ဆုံးကျင်းပခဲ့တဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေဟာ မဲဆန္ဒ အပြတ်အသတ်နဲ့ စစ်တပ်အုပ်စိုးမှုကို ပယ်ချခဲ့ပြီး ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လွှတ် တော်နေရာ ၈၀ ရာခိုင်နှုန်း နှင်းအပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဖွဲ့ချုပ်ကို အစိုးရဖွဲ့ခွင့်ပေးဖို့ စစ်အုပ်စု က ငြင်းဆန်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲပြီးနောက် ၁၉ နှစ် အတွင်းမှာ မြန်မာ့ဒီမိုကရေစီရေး လှုပ် ရှားတက်ကြွသူတွေဟာ တရားမျှတမှု၊ တဦးချင်းအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး၊ မြန်မာ ပြည်သူအားလုံးကိုကိုယ်စားပြုတဲ့ ဒီမိုကရေစီအစိုးရပုံသဏ္ဍာန်တို့ကို ငြိမ်းချမ်းစွာတောင်းဆို ဖော်ပြ နေရင်း အကျဉ်းချမှု၊ ခြိမ်းခြောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အသက်ဆုံးပါးမှုတို့ကို ကြုံခဲ့ရပါတယ်။

အဖွဲ့ချုပ်ဟာ ကျနော်တို့ရဲ့ ဒီမိုကရေစီရေးတိုက်ပွဲကို တခါမှမရပ်နားခဲ့သလို စစ်အစိုးရနဲ့ ထိတွေ့ဆက် ဆံပြီး ငြိမ်းချမ်းရေးနဲ့ အပြန်အလှန်လေးစားရေးအခြေခံပေါ်မှာ မြန်မာပြည်ရဲ့အချက်အချာ နိုင်ငံရေး ပြဿနာ လူမှုရေးပြဿနာတွေ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ဖို့လည်း တောက် လျှောက်ကြိုးပမ်းခဲ့ပါတယ်။ ဒီကိစ္စနှစ်ရပ်ဟာ ဆက်စပ်နေတာကို လုံးဝသံသယမရှိပါနဲ့။ မြန်မာနိုင် ငံဟာ တချိန်တခါက အာရှတိုက်ရဲ့ စပါးကျီကြီး ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ စစ်အစိုးရရဲ့ စီးပွား ရေးအဖျက်ပေါ်လစီတွေနဲ့ စစ်အာဏာထိန်းထားနိုင်ဖို့ ဖိနှိပ်အုပ်ချုပ်နေတာကြောင့် ဆင်းရဲတွင်းနက် နေတဲ့ ဗယုတ်သုက္ခတိုင်းပြည် ဖြစ်နေပါပြီ။

စစ်အစိုးရဟာ ဟန်ပြ "ရွေးကောက်ပွဲ" ကတဆင့် သူ့ကိုယ်သူ တရားဝင်မှုမျက်နှာဖုံးတပ်ဖို့ ကြိုးပမ်း နေပြီး "စည်းကမ်းပြည့်ဝ တဲ့ဒီမိုကရေစီ"ကို လာမယ့်နှစ်မှာထူထောင်မယ်လို့ ကြွေးကြော်နေပါတယ်။ ၂၀၀၈ ခု မေလမှာ ဧရာမလေမုန်တိုင်းကြီး တခုက ဗမာပြည်ကို ထောင်းထောင်းချေ၊ လူ တသိန်း ကျော်အသက်ဆုံးစေခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာ စစ်အစိုးရက ရယ်စရာကောင်းတဲ့ လုပ်ဇာတ် တခုသုံးပြီး၊ စစ်အာဏာကို ရာသက်ပန်ဦးထိပ်ထားမယ့်အခြေခံဥပဒေကို မဲဆန္ဒရှင် ၉၃ ရာခိုင်နှုန်းက ထောက်ခံကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီအခြေခံဥပဒေဟာ အဓိပ္ပာယ်ရှင်းရှင်းလင်းလင်း မရှိလှတဲ့ "နိုင်ငံခြားအဆက်အသွယ်" ရှိသူတွေကို အစိုးရရာထူးမယူစေဖို့ တားမြစ်ထားပြီး ဒေါ်အောင်ဆန်းစု ကြည် နဲ့ ဒီမိုကရေစီ လှုပ်ရှားတက်ကြွသူတွေ အာဏာမရနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့်တားမြစ် ပိတ်ပင်ထားတဲ့ ပြဋ္ဌာန်းချက်တွေထည့်သွင်း ထားပါတယ်။

တချို့သော နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေက ရှေ့နှစ်မှာလုပ်ဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲ တွေကို အခွင့်အလမ်း တခုအဖြစ် မြင်နေကြပါတယ်။ ဒါပေမဲ့ စစ်အုပ်စုရဲ့ အခြေခံဥပဒေမှာ ချမှတ် ထားတဲ့ စည်းကမ်းချက်များအရ ရွေးကောက်ပွဲဟာ အတုအယောင်ဘဲဖြစ်ပါလိမ့်မယ်။ မြန်မာပြည်သူ သန်းပေါင်းများစွာတို့ ချီတက်လှုပ်ရှား၊ အဖမ်းအဆီးခံ၊ နှိပ်စက် ညှင်းပန်းခံ၊ အသက်ဆုံးပါးခံ တိုက် ပွဲဝင်ခဲ့ကြတဲ့ ဒီမိုကရေစီအခြေခံမူတွေကို ကျနော်တို့တိုင်းပြည်အတွက် လွတ်လပ်မှုဆောင် ကျဉ်းလာ ဖို့ နည်းနည်းလေးမှ မျှော်လင့်ချက်မရှိတဲ့ ဖြစ်စဉ်တခုထဲ သွားပါဝင်ခြင်းအားဖြင့် မစွန့်လွှတ်နိုင်ပါဘူး။

အဖွဲ့ချုပ်ရဲ့တောင်းဆိုချက်တွေဟာ ကျိုးကြောင်းဆီလျော်တရားမျှတပါတယ်။ ဧပြီလတုံးက ကျနော် တို့ဟာ နောက်ထပ် ကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပြီး စစ်အုပ်စုနဲ့ထိတွေ့ဆက်ဆံဖို့ အားပေးတိုက် တွန်းရင်း နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့၊ အခြေခံဥပဒေကို အပြည့်အစုံပြန်လည်သုံး သပ်ဖို့၊ အဖွဲ့ချုပ်ရုံးခန်းတွေ ပြန်ဖွင့်ခွင့်ပေးဖို့နဲ့ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်တွေပေးဖို့ တောင်းဆို ခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တခြား လှုပ်ရှားတက်ကြွသူ ၂၀၀၀ ကို ဆက်လက်အကျဉ်းချ၊ တိုင်းရင်းသားတွေကို အကြီးအကျယ်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဒီမို ကရေစီကိုလည်ပင်းညှစ် နှိပ်ကွပ်မယ့်စည်းကမ်းချက်တွေ အတင်းတိုးမြှင့်ကြပ်မတ်တဲ့လုပ်ရပ်နဲ့ တုံ့ပြန်လိုက်ပါတယ်။

ဒီတော့ နိုင်ငံတကာမိသားစုတွေက ဘယ်လိုအခန်းကဏ္ဍတွေကကနေ အကျိုးရှိရှိ ပါဝင်ပတ်သက်ကြ မှာလဲ။ ပထမဦး ဆုံးကတော့ ဂျိမ်းဝက်လိုတာဝန်ရှိလူကြီးတွေက တရုတ်ပြည်နဲ့လှည့်ခြောက်တာကို စွန့်လွှတ်ရပ်တန့်ဖို့ဖြစ်ပါတယ်။ တရုတ်ကို ကန့်သတ်ထိန်းချုပ်ဖို့ မြန်မာစစ်အစိုးရနဲ့လက်တွဲစို့ ဆိုတဲ့ သူ့လေသံဟာ ခေတ်နောက်ကျပြီး လက်တွေ့မကျတဲ့ အယူအဆပေါ် အခြေခံထားပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဒီလိုအယူအဆတွေကိုပယ်ချပြီး ဂျိမ်းဝက်ကို “ကျမတို့က ဘယ်သူ့ကိုဖြစ်ဖြစ် အကြောက်တရားတွေ စိုးရိမ်ကြောင့်ကြစိတ်တွေ အခြေခံပြီး ဆက်ဆံမှာမဟုတ် ဘူး။ ဘယ်သူ့မဆို ဆက်ဆံမှာဖြစ်တယ်။ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ အားလုံးနဲ့ ရင်းရင်းနှီးနှီး တန်း တူညီမျှဆက်ဆံမှာ ဖြစ်တယ်။ ကျမတို့ဟာ ကိုယ့်အိမ်နီးချင်းကို ကိုယ်ရွေးချယ်နိုင်ခွင့်ရှိတာမဟုတ်လို့ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး လိုအပ်တယ်ဆိုတာကို နားလည်တယ်” လို့ပြောခဲ့ပါတယ်။

ဒုတိယအချက်ကတော့ အဖွဲ့ချုပ်ကိုယ်တိုင်က တခြားနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို စစ် အုပ်စုနဲ့ ထိတွေ့ဆက်ဆံဖို့ အားပေးတိုက်တွန်းနေတာ ဖြစ်ပါတယ်။ ဒီနိုင်ငံတကာမိသားစုတွေက ဗမာ စစ်ခေါင်းဆောင်တွေကို ကျနော်တို့တတွေရယ် တိုင်းရင်းသားအဖွဲ့တွေရယ်နဲ့ ထိတွေ့ဆက်ဆံအောင် တိုက်တွန်းဖြောင်းဖြပေးဖို့ ထိတွေ့ဆက်ဆံစေချင်တာ ဖြစ်ပါတယ်။ ခုချိန်မှာ အမေရိကန်နဲ့ တခြားနိုင် ငံတော်တော်များများက ဗမာပြည်ကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။ ဒါဟာ သူတို့ကိုယ် ပိုင်ဆုံးဖြတ်ချက်ဖြစ်ပြီး ကျနော်တို့အားလုံး အလွန်တန်ဖိုးထားတဲ့ ဒီမိုကရေစီတန်ဖိုးတွေအတွက် သူ တို့တွေက ဖြစ်သင့်ဖြစ်ထိုက်စွာ အတူတကွသွေးစည်းရပ်တည်နေတာ ဖြစ်ပါတယ်။ အကယ်၍သာ စစ်အစိုးရက အဖွဲ့ချုပ်နဲ့တကွ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ စစ်မှန်တဲ့ ထိတွေ့ဆက်ဆံရေးကို ဆောင်ရွက်မယ်၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်၊ တိုင်းရင်းသား လူနည်းစုတွေအပေါ် တိုက်ခိုက်ပစ်ခတ်တာတွေ ရပ်စဲမယ်၊ ပြီးတော့ စစ်မှန်တဲ့ဒီမိုကရေစီ လူ့ဘောင်တည်ဆောက်ဖို့ လို အပ်တဲ့ခြေလှမ်းတွေ လှမ်းလာမယ်ဆိုရင် အခုရှိနေတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ သင့်တော်တဲ့ အ ချိန်တွေမှာ ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ကျနော်တို့ခံယူချက်အပေါ် ဘယ်လိုမှ တွေဝေသံသယစိတ်တွေ မပွားကြ ပါနဲ့။ အဖွဲ့ချုပ်ဟာ ဗမာပြည်သူလူထုကြီး တိုက်ပွဲဝင်ရယူနေတဲ့လွတ်လပ်ရေးကို အဓမ္မလုယူမယ့်၊ ရှင် လမ်းမရှိအောင် ချို့ယွင်းပျက်စီးနေတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ သွေးကြောင်တွေဝေစွာနဲ့ ဒူးထောက်ပါ ဝင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ထိတွေ့ဆက်ဆံဖို့ အမြဲ အသင့်ရှိပါတယ်၊ ဒါပေမဲ့ ကျနော်တို့ အသက်သွေးချွေးတွေ ဘဝတွေ အများကြီးစွန့်လွှတ်ရင်းနှီးခဲ့ပြီးတဲ့ ဒီမိုကရေစီတန်ဖိုး တွေဆွတ်ခူးရ ယူနိုင်ရေးတိုက်ပွဲကို ဆက်လက်ဆင်နွှဲဖို့ဆိုရင်တော့ အသင့်ရှိတာထက်တောင် ပိုပါတယ်။

ဦးဝင်းတင်
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ အဖွဲ့ချုပ်စတင်တည်ထောင်သူ တဦး၊ ၁၉၈၉ မှ ၂၀၀၈ အထိ နိုင်ငံရေးအကျဉ်းသား)
စက်တင်ဘာ ၉ ရက် ၂၀၀၉
ဝါရှင်တန်ပို့စ် သတင်းစာ

.....

Read More...