၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှု အပြီး နယ်စပ် ဒေသ များ သို့ ရောက်ရှိ သွား သည့် ကျောင်း
သားများဖြင့် ဖြင့်ဖွဲ့ စည်းထား သည့် လက်နက်ကိုင် လှုပ်ရှားမှု အဖွဲ့ တစ်ဖွဲ့ ဖြစ်သော် မြန်မာ နိုင်
ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရေစီ တပ်ဦး (All Burma Student Democratic Front)
အား အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် သတ်မှတ်ထားခြင်း မှ ၂၀၁၀ ခုနှစ် ဒီဇင်ဘာ လ ၂၀ ရက်နေ့ က
စ၍ ပယ် ဖျက် လိုက် သည် ဟု FNG မှ သတင်းရရှိသည်။
မြန်မာ နိုင် ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရေစီ တပ်ဦး(ABSDF) အား အမေရိကန် နိုင်ငံ
ရှိ အမိမြေလုံခြုံရေး ၀န်ကြီးဌာန Department of Homeland Security မှ ပယ်ဖျက်လိုက်ခြင်း
ဖြစ်သည် ။ အမိမြေလုံခြုံရေး ၀န်ကြီးဌာန ကို ၂၀၀၁ ခုနှစ် စက်တင်ဘာ တိုက်ခိုင်ခံရမှု အပြီး ဖွဲ့ 
စည်းခဲ့ခြင်း ဖြစ်ပြီး လက်ရှိ DHS ၀န်ကြီးမှ ဂျနက် နာပိုလီနို ဖြစ်သည်။
ABSDF အဖွဲ့ ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ တွင် စတင် ဖွဲ့ စည်း ခဲ့ပြီး လက်ရှိ ဥက္ကဌ
အဖြစ် ရဲဘော် သံခဲ က တာဝန်ယူထားသည်။
Freedom News Group
Rest of your post
Thursday, December 23, 2010
ABSDF ကို အကြမ်းဖက် အဖွဲ့ အဖြစ် သတ်မှတ်ထား ခြင်း မှ ပယ်ဖျက်
Labels: သတင်း
Tuesday, December 7, 2010
ဝန်ထမ်းများကို ကိုယ်ထိလက်ရောက် အနိုင်ကျင့် စော်ကားနေတဲ့ ဗဟိုမန်နေဂျာ ဗိုလ်မှူးမောင်ညိမ်း အကြောင်း
မြန်မာနိုင်ငံတွင် မတရားအုပ်ချုပ်နေသော နအဖပေါ်လစီအရ စစ်တပ်မှ အရာရှိများကို အရပ်ဘက်သို့  ပြောင်းလဲတာဝန်ချရာတွင် အဆိုပ် စစ်တပ်မှ အရာရှိဟောင်းများသည် အရပ်ဘက်သို့  ပြောင်းလဲလာကြသော်လည်း အရပ်ဘက်ရုံးများတွင် အရပ်သားဝန်ထမ်းများကို ဆက်ဆံရာတွင် စစ်သား စိတ်မပျောက်ပဲ စစ်တပ်ဆန်ဆန် ဖိနှိပ်ချုပ်ချယ်နေမှုကြောင့် ဖြစ်ပေါ်လာသော အဆင်မပြေမှုများသည် မြန်မာနိုင်ငံ ၀န်ထမ်းလောကတွင် များစွာ ဖြစ်ပျက်လျက်ရှိပါသည်။
ယခုလည်း သစ်တောရေးရာဝန်ကြီးဌာနလက်အောက်ရှိ အမှတ် (၈၈)၊ ခြောက်မိုင်ခွဲ ပြည်လမ်း ရန်ကုန်မြို့ ရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန (I.B.C) ၏ ဗဟိုမန်နေဂျာဖြစ်သော ဗိုလ်မှူးမောင်ညိမ်းဆိုသူသည် လက်အောက်ဝန်ထမ်းများအပေါ် လူ့ ဂုဏ်သိက္ခာညှိုးနွမ်းအောင် လူမဆန်စွာ ဖိနှိပ်အုပ်ချုပ်မှုများ ရှိနေကြောင်း ကုန်သွယ်မှု ဗဟိုဌာန (I.B.C) ၀န်ထမ်းအသိုင်းအ၀ိုင်းမှ ပြောဆိုနေကြကြောင်း သတင်းရရှိပါသည်။
၎င်း ဗိုလ်မှူး မောင်ညိမ်းသည် လက်အောက်ဝန်ထမ်းများကို ရုံးလုပ်ငန်းကိစ္စများတွင်သာမက မိမိကိုယ်ရေးကိုယ်တာကိစ္စများပါ ခိုင်းစေပြိး တိုခိုင်းစေမှုများကို ၄င်းစိတိအခန့် မသင့်ပါက ကိုယ်ထိလက်ရောက် ကျုးလွန်စော်ကားသည်အထိ ပြုမှုနေကြောင်း သိရှိရပါသည်။
နေပြည်တော်ရှိ ကုန်သွယ်မှု ဗဟိုဌာန (I.B.C) စားသောက်ဆိုင်ခွဲတွင် တာဝန်ထမ်းဆောင်နေသူ မောင်ကျော်သူထင်အား ဗိုလ်မှူးးမောင်ညိမ်းမှ မျစ်ချဉ်ကန်ပြုလုပ်ရန် စေခိုင်းခဲ့ရာတွင် အချိုးမပြေဟုဆိုကာ ဆဲဆိုပြီး ဦးခေါင်းအား သစ်သားချောင်းဖြင့် ရိုက်နှက်ခဲ့ရာ ၀န်ထမ်းဖြစ်သူ မောင်ကျော်သူထင်မှာ ဦးခေါင်းကွဲသဖြင့် ဦးခေါင်းဒါဏ်ရာအတွက် ဆေးခန်းတွင် ချုပ်ယူရသည်အထိ ဖြစ်ခဲ့ကြောင်း မျက်မြင်များမှ ပြောကြားပါသည်။ သို့ ရာတွင် မောင်ကျော်သူထင်၏ မိဘဆွေမျိုးများထဲမှ အချို့ သည် ဗိုလ်မှူးမောင်ညိမ်း လက်အောက်တွင် တာဝန်ထမ်းနေရသဖြင့် မောင်ကျော်သူထင်မှ သူ့  ဆွေမျိုးများကို ဗိုလ်မူးမောင်ညိမ်းမှ အညိုးထားကာ အလုပ်ဖြုတ်ပစ်မည်စိုးသဖြင် ယင်းဖြစ်စဉ်အား သက်ဆိုင်ရာသို့  တိုင်ကြားမှုမပြုရဲဘဲ ရေငုံနုတ်ပိတ်နေခဲ့ရကြောင်း နီးစပ်သူများမှ ပြောကြားပါသည်။
ထို့  အပြင် မောင်ကျော်သူထင်၏ ဇနီးဖြစ်သူ ကုန်သွယ်မှု ဗဟိုဌာန (I.B.C) ၏ ၀န်ထမ်း မဇင်လေးမွန်အား မိုက်ခရိုဖုံး ပြုပြင်ခိုင်းရာတွင် အဆင်မပြေဟုဆိုကာ အဆိုပါ ဗိုလ်မှူးမောင်ညိမ်းမှ မဇင်လေးမွန်အား လဲကျသည်စေအထိ ပါးရိုက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ကုန်သွယ်မှု ဗဟိုဌာန (I.B.C) ရုံးတွင် ဥပဒေနှင့် မညီသော ဗိုလ်မှူး မောင်ညိမ်း၏ နုတ်မိန့် ဖြင့် ၀န်ထမ်းများ၏ အပိုဆုကြေး (Bonus) များအား ထုတ်မပေးခြင်း၊ ကုန်သွယ်မှု ဗဟိုဌာန (I.B.C) တွင် အလုပ်ဝင်သူ မည်သူဖြစ်စေ မှတ်ပုံတင်အား ဗိုလ်မှူးမောင်ညိမ်းမှ သိမ်းဆည်းထားပြီး အလုပ်ထွက်ပြီး ခြောက်လကြာမြင့်သည်အထိ မှတ်ပုံတင်အား ပြန်မပေးခြင်း စသည် ဥပဒေနှင့် မညီညွတ်သော မမှန်ကန်သော စည်းကမ်းများလည်း ချထားကြောင်း သိရှိရသည်။
ဗိုလ်မှူးးမောင်ညိမ်းသည် နအဖသစ်တောရေးရာဝန်ကြီးနှင့် ပနာသင့်သူတစ်ဦးဖြစ်ပြိး အဆိုပါ နအဖသစ်တောရေးရာဝန်ကြီးမှ ၄င်းအား ကျောထောက်နောက်ခံကာ အကာအကွယ်ပေးနေကြောင်း နီးစပ်သူများမှ ပြောကြားကြပါသည်။
အဆိုပါ ကုန်သွယ်မှု ဗဟိုဌာန (I.B.C) ရုံးတွင် ၀န်တမ်းဦးရေ (၆၀) ဦးခန့်  ရှိရာတွင် အယောက် (၄၀) ဦးခန့် မှာ ဗိုလ်မှူးမောင်ညိမ်း၏ ကိုယ်ထိလက်ရောက် စော်ကားမှုကို မတရားခံခဲ့ရသူများ ဖြစ်ကြကြောင်းနှင့် အလုပ်အကိုင်အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်နစ်နာမှု ဖြစ်မှာ စိုးရိမ်ပြီး သက်ဆိုင်ရာသို့  တိုင်ကြားမှု မပြုရဲကြဘဲ ခေါင်းငုံ့ ခံနေခဲ့ကြရကြောင်း သိရှိရပါသည်။
အဆိုပါ ရိုင်းစိုင်းယုတ်မာသူ အာဏာရာထူးဖြင့် အနိုင်ကျင့်စော်ကားသူ ဗိုလ်မှူးမောင်ညိမ်းဆိုသူအား အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (I.L.O) သို့  ၄င်း၏ လုပ်ငန်းခွင်အတွင်း မတရားအနိုင်ကျင့်မှုများအတွက် တိုင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ အာဏာရာထူးဖြင့် အနိုင်ကျင့်စော်ကေားနေသူများအား ပြည်သူများမှလည်း လိုအပ်သလို ဒဏ်ခတ်ဆောင်ရွက်ရန်ကိုလည်း တိုက်တွန်းအပ်ပါသည်။
ဝန်ထမ်းများအား မတရားအနိုင်ကျင့်ဆက်ဆံနေသော ဗိုလ်မှူးမောင်ညိမ်းဆိုသူအား အများသူငှာ သိရှိစေရန်အတွက် ဓါတ်ပုံနှင့်တစ်ကွ ဖေါ်ပြလိုက်ပါသည်။
"August8888"
Rest of your post
Labels: သတင်း
Monday, December 6, 2010
အင်တာနက် နည်းပညာ အတွက် စစ်အစိုးရ တရုတ် ထံ အရေးပေါ် အကူအညီတောင်းခံ
ဟိန်းခိုင်ထွန်း၊ ၊မြန်မာ စစ်အစိုးရ သည် လက်ရှိ နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အင်တာနက်လှိုင်းသစ် လှုပ်ရှားမှုများ ဖြစ် သော အစိုးရ ထိမ်ချန် ထားမှု များ ဖွင့် ချ ဖော် ထုတ်နေမှု ကြောင့် အင်တာနက်သတင်း စီစစ်မှု တွင် ပြိုင်ဘက် ကင်း နိုင်ငံတစ် ခု ဖြစ်သည့် တရုတ် နိုင်ငံ မှ နည်းပညာ အရေးအပေါ် အကူအညီ ( Emergency Technology Aid) ကို ယူနေရပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ဒီဇင်ဘာလ ၄ ရက်နေ့ မှ စ၍ အင်တာ နက် သုံးစွဲ သူ လူငယ် အချို့ သည် ဂူးဂယ် ရှာဖွေရေး အင်ဂျင်၏ အင်တာနက် စာများ နှာ ကို ဖွင့် လိုက် ပါက ယခင် လို www.google.com မပေါ်တော့ဘဲ www.google.cn ဆိုသည် တရုတ် အစိုးရ ၏ စီစစ်ဖြတ်တောက်မှု များ အောက်မှာ သတင်းများ သာပါသည့်ဂူဂယ်၏ တရုတ် ပြည် တွင်း ဆိုင်ရာ အင်တာ နက် စာမျက် နှာ သာပေါ်လာ တော့ သည် ။ထိုသို့  google.cn အင်တာ နက် စာမျက် နှာ သာပေါ်ပေါက်လာရခြင်း နှင့် ပတ်သက် ၍ ရန်ကုန်မြို့ မှ နာမည် ကျော် Web Designer တစ်ဦး က မြန်မာ အိုင်အက်(စ)ပီ ကို တရုတ် က ထိန်းချုပ်လိုက်တာ လို့  သတင်းရတယ်။ တရုတ်က အင်တာနက် သတင်း စီစစ်ရေး ကို ၀န်ကြီး ဌာန တစ်ခုဖွဲ့ ပြီးတောင် ထိန်း ချုပ်ထားတာ တရုတ် မှာ ဗဟို စစ်ကော်မရှင် ပြီး ရင် ၊ အင်တာနက် စိစစ်ရေးကော်မရှင် ပဲ အခု တရုတ် ဆင်ဆာ နဲ့ ဆိုတော့ အရင် လို မြန်မာ စာရိုက်ထည့်ပြီး မြန်မာ သတင်းတွေ ထည့် ရိုက် လိုက်တဲ့ အခါ မပေါ်တော့ ဘူး ။ အခု ဆို Freedom News လည်းရှာလို့ ရတယ်။ဖွင့် လို့ မရ တော့ ဘူး ဟု ပြောသည်။မြန်မာ တွေ ကွန်ပျူတာ သုံးတာကို တရုတ် က အလိုလို သိနေမှာ ဟု Freedom News Group သို့ ပြောသည်။ဒီဇင်ဘာ လ ၅ ရက်နေ့ နံနက် ပိုင်း တွေ ဗိုလ်ချုပ် ခင်ညွန့်  အသံဖိုင် စဆုံးရပြီ ဆိုသည့်  အီးမေးများဖြင့် ပါလာ သော Zip ဖိုင်များ ကို ဖွင့်လိုက်ရာတွင် ကွန်ပျူတာ လုပ်ဆောင်မှု စနစ် ကို ဖျက်ဆီးသည့်နည်း ပညာ ပိုးမွှားများ နှင့် တရုတ် Pornography ဗီဒီယိုများ လည်း သိုလှောင်မှု မှတ်ဥာဏ် အပြည့်ကျလာ သည် ကို တွေ့ ရှိရသည် ဟု သိရသည်။ရန်ကုန် မြို့ ထဲ ရှိ အင်တာနက် ဆိုင် ပိုင်ရှင် တစ်ဦးက မူ မြန်မာ နိုင်ငံ ရဲ့  အင်တာနက် စနစ် ကိုတခြား နိုင်ငံ တစ်ခု က ထိန်းချုပ် ထား တယ် ဆိုတာ ပြည်သူတွေ အတွက် မကောင်း ဘူးဟု သူမ၏ အမြင် ကို ပြောသည်။ရန်ကုန် နှင့် မန္တလေးမြို့ နေ ရာ အချို့ တွင် www.google.cn သာပေါ်သော်လည်း စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော် တွင် မူ www.google.com ပေါ်ကြောင်း နေပြည်တော် ရှိ ဟိုတယ် နှင့်ခရီးသွားလာ ရေး ၀န်ကြီး ဌာန မှ ၀န်ထမ်းတစ် ဦး က FNG သို့ ပြောသည်။မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် အင်တာနက် ကွန်ယက် ခွင်ကို အသုံးပြု၍ လူငယ် များ နှင့် ထိတွေ့ ဆက်ဆံ ချင်သည် ဟု ပြောဆို ထားသည်။မြန်မာ နိုင် ငံတွင် ပြည်သူများ က အင်တာ နက် ကို အခြား ဖွံ့ ဖြိုးပြီး နိုင်ငံများ ထက် ဆယ်စုနှစ် တစ် ၀က်ကျော် နောက်ကျပြီး မှ သုံးစွဲရသည်။နအဖ စစ်အစိုးရ သည် အင်တာနက် ဆင်ဆာ ဖြတ်တောက်မှု အတွက် တရုတ် နည်းပညာကို မှီခိုကာ ကြား လော်ဘီ များ ၏ စွမ်းဆောင်မှု ဖြင့် အမေရိကန် နိုင်ငံထုတ် ဆင်ဆာဖြတ်တောက်မှု နည်းပညာ ဆောဖ့် ဝဲလ် များ ကို လည်း ဒေါ်လာ သိန်းချီ အကုန် ခံ၍ ၀ယ်ယူသည်။ဂူးဂယ်လဲ နှင့် တရုတ် သည် ယခု နှစ် ဖေဖေါ်ဝါရီ လ က ကျလိကျလိ ဖြစ်ကြပြီးနောက်အပေး အယူ တစ်ခု (Deal) ဖြင့် ပြန်လည် ညှို နှိုင်း အဆင်ပြေခဲ့သည်။လတ်တလောတွင် မြန်မာ တို့ အသုံးများ သည့် လူမှု ကွန်ယက် များ တွင် စစ်ထောက်လှမ်းရေးအကြီး အကဲ ဟောင်း ဗိုလ်ချုပ် ခင်ညွန့် ၏ ဗီဒီယို ဖိုင်များ အပြင်၊ ဒု ဗိုလ်ချုပ် မှုးကြီး မောင်အေး ၏ မိမိ ကိုယ်ကို သတ်သေ သွား သည့် ကိုယ်ရေး အရာ ရှိဟောင်း တစ်ဦး ဖြစ်သည့်ဗိုလ်မှုးကြီး ဘိုနေ၀င်း ၏ ဇနီး ဖြစ်သူ က ထောက်လှမ်း အရာ ရှိ ဟောင်း တစ်ဦး (ယခု ကာကွယ်ရေးဝန်ကြီးဌာန မှ ) ၏ ဧည့်ခံပွဲ တွင် ထင်တိုင်းကြဲ နေသည့် လေးမိနစ် စာ ဗီဒီယိုသည်လည်း အင်တာနက် တွင် ပျံနေသည် ဟု သိရသည်။
freedom news group
Rest of your post
Labels: သတင်း
Sunday, December 5, 2010
“လူ့အခွင့်အရေးများနေ့” အခမ်းအနား (တိုကျို) တွင် ပါဝင်လှုပ်ရှားကြပါရန် ဖိတ်ခေါ်ခြင်း
၆၂ နှစ်မြောက် “လူ့အခွင့်အရေးများနေ့” အခမ်းအနားကို ဂျပန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းမှ အခြားနိုင်ငံခြားသား အဖွဲ့အစည်းများနှင့်အတူ အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါ၍ တခဲနက် ပါဝင် လှုပ်ရှားကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
နေ့ရက် - ၁ဝ-၁၂-၂ဝ၁ဝ (သောကြာနေ့)
အချိန် - ညနေ ၃ နာရီမှ ၄ နာရီခွဲထိ
နေရာ - UN University ရှေ့ကွက်လပ် Shibuya, Tokyo, Japan
ပြန်ကြားရေး
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်) (EBC)
"LwinAungSoe"
Summary
Rest of your post
Labels: သတင်း
Tuesday, November 30, 2010
မေ(၃၀)ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး (၉၀)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား
မေ(၃၀)ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး (၉၀)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲ့မှ ဦးဆောင်၍ တိုကျိုမြို့  ရှိနာဂါဝါ ရှိ မြန်မာ စစ်အခွန်ရုံး(သံရုံး)ရှေ့တွင် ယနေ့ နိုဝင်ဘာလ (၃၀)ရက်နေ့ နေ့လည် ၃း၀၀ နာရီမှ ၄း၀၀ရီ အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးတွင် စနစ်တကျ ချုံခိုတိုက်ခိုက်သည့် နိုင်ငံတော် လုပ်ကြံမှုကြီးတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ အသက်ကို ကာကွယ်ရင်း အသက်ပေး စွန့်လှုခဲ့ကြသည့် သူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လစဉ်(၃၀)ရက်နေ့ ကျရောက်တိုင်း ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း၊ ဒီပဲယင်း လုပ်ကြံမှုတွင် ပါဝင်ခဲ့ကြသည့် သူများကိုလည်း ယနေ့အထိ တစုံတရာ အရေးယူ ဖြေရှင်းပေး သည်ကိုလည်း မတွေ့ရသည့်အတွက် အရေးယူ ဖြေရှင်းပေးရန်နှင့် မတရား ဖမ်းဆီးခံနေရသော ဦးခွန်ထွန်းဦးအပါဝင် တိုင်းရင်းသာခေါင်းဆောင်များ၊ ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ နိုင်ငံရေး အကျဉ်းသားများ အားလုံးလွတ်မြောက်ရန်အတွက် တိုက်တွန်း တောင်းဆိုသွားခဲ့ကြပါသည်။ အခမ်းအနားကို ဂျပန်နိုင်ငံရောက် အဖွဲ့အစည်း အသီးသီးမှ တက်ရောက် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်း ။ Mai kYaw Oo
ဓါတ်ပုံ။ Lian Khan Sum
SummaryRest of your post
Monday, November 29, 2010
အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့ ဖိတ်စာ http://www.humanright-myanmar.com
အကြမ်းမဖက် အမျိုးသားရေးလှုပ်ရှားသူများ blue.peaceforu@gmail.com, sanwaiphyo89@gmail.com
0044 7578381977 သို့ ဆက်သွယ်ကူညီနိုင်ပါသည်။
"Shwe TSL" Rest of your post
Labels: သတင်း
Sunday, November 28, 2010
Thursday, November 25, 2010
မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ မြတ်ခိုင်နှင့် နအဖအာဘော်များရေးသော ငါးမင်းဆွေတို့ ဒေါ်အောင်ဆန်းစုကြည်အား အသရေပျက်အောင် လုပ်ကြံကြပြီ။
ယနေ့  မနက်တွင် ရွှေဂုံတိုင်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့သို့ နအဖ၏ အာဘော်များကို အထူးရေးသားပေးနေသော (ငါးမင်းဆွေ) ဆိုသူ ရောက်ရှိလာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှုးဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်း အော်ဟစ်ဆန္ဒပြခဲ့သည်။ ၄င်း (ငါးမင်းဆွေ) ရေးသားခဲ့သော မော်နီတာ ဂျာနယ်ပါ ဆောင်းပါးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့် အနောက်နိုင်ငံများမှ စီးပွါးရေးပိတ်ဆို့ထားမှုအား ဖယ်ရှားပေးစေလိုကြောင်း အော်ဟစ်တောင်းဆိုခဲ့ပါသည်။
ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီရုံးရှေ့သို့ လာရောက်ရန်အတွက် ဖုန်းဆက်ခေါ်ဆိုခဲ့သူမှာ လျှပ်တပြက်ဂျာနယ်မှ နအဖဖော်လံဖား မြတ်ခိုင်၏ သား ဇေယျာမြတ်ခိုင် ဖြစ်ပါသည်။ ငါးမင်းဆွေသည် အဖွဲ့ချုပ်ရုံးရှေ့ ထောက်လှမ်းရေးများထိုင်သော လက်ဖက်ရည်ဆိုင်တွင် ကြိုတင်ရောက်ရှိနေပြီး မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်မှ ဖုန်းဖြင့် (အကိုလာလို့ရပြီ၊ အဆင်သင့်ဖြစ်ပြီ) ဟု ပြော၍ လှမ်းခေါ်လိုက်ရာ ငါးမင်းဆွေရောက်လာပြီး ၄င်း၏ ဆောင်းပါးမိတ္တူများ တပွေ့တပိုက်နှင့် စတင်အော်ဟစ်ဆန္ဒပြပါတော့သည်။
ငါးမင်းဆွေမှ ၄င်းရေးသားခဲ့သော ဆောင်းပါးမိတ္တူများကို ပြည်တွင်းဂျာနယ်မှ ဂျာနယ်လစ်များနှင့် လူအချို့အား လိုက်လံဝေငှခဲ့ပြီး နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်တစ်ဦးမှ ထိုမိတ္တူဆောင်းပါးကို တောင်းရာ ပြည်ပနိုင်ငံခြားသတင်းဌာနမှဆိုရင် မပေးနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။ အကြောင်းစုံအား ဆက်လက်စုံစမ်းရာ ငါးမင်းဆွေ ရေးသားသော ဆောင်းပါးခေါင်းစဉ်တွင် ဒေါ်စုကြည်ဟု သုံးနှုံးထားသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များက မကျေနပ်ကြကြောင်း၊ ပြည်သူများမှလည်း မကျေနပ်ကြကြောင်း သိရပါသည်။
အဲ့ဒီနောက် ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ရုံးအဖွဲ့မှုး ဦးဝင်းထိန်မှ တွေ့ဆုံရှင်းလင်းခဲ့ပါသည်။ ဦးဝင်းထိန်မှ ဒေါ်စုကြည်ဆိုသည့် အသုံးအနှုံးအား ပြောင်းလဲရေးသားရန်၊ ၄င်းတို့ အဖွဲ့ချုပ်ခေါင်းဆောင်အား ယင်းကဲ့သို့ ခေါ်ဆိုခြင်းကို လုံးဝ လက်မခံနိုင်ကြောင်း၊ နအဖစစ်အစိုးရအကြိုက်ရေးသားနေသောသူနှင့် ၄င်းတို့၏ ခေါင်းဆောင်အား ပေးမတွေ့နိုင်ကြောင်း၊ ဦးဝင်းထိန်မှ ၄င်းထောင်ကျနေစဉ်အတွင်း ငါးမင်းဆွေ ရေးသားသော ဆောင်းပါးများတွင် နအဖကောင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကောင်းကြောင်းများ လုပ်ကြံရေးသားထားသည်ကို ဖတ်ရကြောင်း ပြောဆိုခဲ့ပါသည်။
ထိုသို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းထိန်နှင့် ငါးမင်းဆွေတို့ တွေ့ဆုံရှင်းလင်းနေကြသည်ကို မြတ်ခိုင်၏ သား ဇေယျာမြတ်ခိုင်နှင့် လျှပ်တပြက်အဖွဲ့သားများမှ ဗီဒီယိုနှင့်ဓါတ်ပုံမှတ်တမ်းများ ရိုက်ယူနေသည်ကို တွေ့ခဲ့ရပါသည်။
ပြီးခဲ့သည့် တစ်ပတ်မှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံနှင့် သတင်းများကို ထည့်သွင်းရေးသားဖော်ပြခဲ့သည့်ဂျာနယ်များ အပိတ်ခံရအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းကို လာရောက်မှတ်တမ်းယူသော ပြည်တွင်းဂျာနယ်လစ်များ မတွေ့ရတော့ပေ။ သို့သော် လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်နှင့် ၄င်း၏အဖွဲ့သားများကတော့ ဆက်လက်လာရောက် သတင်းယူနေသည်ကို တွေ့ရပါသည်။
အကြောင်းအရင်းကို စုံစမ်းကြည့်ရာ သူရဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း) မှ ထောက်လှမ်းရေးနှင့် သတင်းတပ်ဖွဲ့မှ ရဲထောက်လှမ်းရေးများအား ဒေါ်အောင်ဆန်းစုကြည် သတင်းယူခြင်း၊ ဓါတ်ပုံရိုက်ခြင်း လုပ်ရမည် သို့ သော် အနှောင့်အယှက်မပေးရဟု ညွှန်ကြားပြောဆိုထားသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအတွင်းသို့ ၀င်ရောက်သတင်းယူ၍ မရသောကြောင့် မြတ်ခိုင်နှင့် သူ့သား ဇေယျာမြတ်ခိုင်တို့အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ ငွေကြေးနှင့် အခွင့်အရေးများပေး၍ ဓါတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းသတင်းများ ယူခိုင်းထားကြောင်းသိရပါသည်။
မြတ်ခိုင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထုတ်ဝေနေသော မော်နီတာဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံကို ကြီးမားစွာ မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့သော်လည်း ထုတ်ဝေမှု ယာယီရပ်ဆိုင်းခံရသော ဂျာနယ် ၉ စောင်တွင် မပါဝင်ခဲ့ပေ။ သို့သော် လူအများပြောဆိုစရာဖြစ်မည်ဆိုသဖြင့် ၄င်း၏ ဂျာနယ်တစ်စောင်ဖြစ်သော လျှပ်တပြက်ဂျာနယ်ကို ထုတ်ဝေမှု ယာယီရပ်ဆိုင်းခံရသည်ဟု သတင်းလွှင့်ခဲ့ပါသည်။
ဟံသာဝတီ ဦးဝင်းတင် ရေးသားသော (ဘာလဲဟဲ့ လူ့ငရဲ) စာအုပ်ပါ ထောင်တွင်းအကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများအကြောင်း ရေးသားထားသည်ကို တန်ပြန်သောအားဖြင့် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ မြတ်ခိုင်အား ၄င်း၏ဂျာနယ်တွင် မြန်မာပြည်မှ ထောင်များမှာ လွန်စွာကောင်းကြောင်း၊ နိုင်ငံတော်အစိုးရ၏ စေတနာရှိမှုကြောင့် ထောင်ကျအကျဉ်းသားများမှာ ကောင်းမွန်စွာနေရကြောင်း ရေးသားခိုင်းမှုကို အလွန်အကျွံ ကူညီရေးသားပေးခဲ့သော ဂျာနယ်လစ်ဆိုးတစ်ယောက် ဖြစ်ပါသောကြောင့် မြတ်ခိုင်နှင့် သူ၏အဖွဲ့သားများ၊ ငါးမင်းဆွေတို့ကဲ့သို့သောသူများအား သတိကြီးမားစွာနှင့် ရှောင်ရှားကြပါလို့ အသိ ပေးတင်ပြလိုက်ပါတယ်။
(မြန်မာပြည်သားတစ်ဦး)။
ကိုနစ် (www.niknayman-niknayman.co.cc)မှ ပြန်လည်မျှဝေသည်။
Rest of your post
Labels: သတင်း
ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများ၏ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအား ကြိုဆိုထောက်ခံသည့် အခမ်းအနား ဂျပန်နိုင်ငံ တိုကျိုမြို့ကုလသမဂ္ဂ အဆောက်
Monday, November 22, 2010
•လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် သားငယ် ကိုထိန်လင်းတို့ ပြန်လည်ဆုံတွေ့
၁၀နှစ်ကျော်ကြာ ကွဲကွာနေတဲ့ လူထုခေါင်းဆောင် အမေစုနဲ့ သားငယ်ကိုထိန်လင်း ခေါ် Kim Aris တို့ ယနေ့မနက် ၉နာရီခန့်က ရန်ကုန်လေဆိပ်မှာ ပြန်လည်ဆုံတွေ့ကြပါပြီ ကိုထိန်လင်းသည် နှစ်ပတ်ကျော် မိခင်ဖြစ်သူနှင့်နေထိုင် မည်ဖြစ်ကြောင်း သိရှိရပါသည်..(ဓာတ်ပုံများ APနှင့် Reuters)သတင်းဒီမိုဝေယံRest of your post
Saturday, November 20, 2010
Pouk Taw Assocation
လေဘေးသင့်ဒုက္ခသည်များအတွက် အထောက်ပံ့ကူညီမှု့ မလုံမလောက်ဖြစ်နေပါသောကြောင့် တတ်နိုင်သလောက် စုပေါင်းထည့်ဝင်ခြင်းဖြင့်
ဝိုင်းဝန်းကူညီလှူဒါန်းပေးကြပါလို့  ဒုက္ခသည်များကိုယ်စား အထူးဘဲမေတ္တာရပ်ခံပါသည်။
အလှူငွေများကို အထက်ပါလိပ်စာအတိုင်း ဖုန်းနံပါတ်များနှင့်ဆက်သွယ်ပြီး.. အဖွဲ့ ဦးဆောင်ဆရာတော်အရှင်ဝရသာမိထံ
တိုက်ရိုက်လှူဒါန်းပေးကြပါ။
ဆရာတော်ထံသို့ သို့ မေးလိုရာများ…. ပြောလိုရာများရှိပါက
pouktaw@gmail.com
မှတဆင့်ရေးသား ပြောကြားနိုင်ပါသည်။
"Ye Htut SoeSummaryRest of your post
Labels: သတင်း
Thursday, November 18, 2010
Tuesday, November 16, 2010
ဝိုင်းစုခိုင်သိန်း၏နိမိတ်(တောင်ဒဂုံက မောင်ယုံ)
ဝိုင်းစုခိုင်သိန်း၏နိမိတ်
ကျုပ်က တောင်ဒဂုံကပါ။ ၂၀၁၀ရွေးကောက်ပွဲနဲ့ပတ်သတ်လို့ ရင်ဖွင့်ချင်လို့ပါ။ ဒီလိုပါ.... ၁၉၉၀ရွေးကောက်ပွဲတုန်းက ဗိုလ်စောမောင်က အနိုင်ရတဲ့ပါတီကို အာဏာလွဲပေးပြီး စစ်တန်းလျားပြန်မယ်လို့ ကမ္ဘာတစ်ခွင်လုံးသိအောင် ပြောခဲ့ပါတယ်။ ကတိတွေပေးခဲ့ပေမဲ့ တကယ်ကျတော့ ဗိုလ်စောမောင်ဟာ စစ်တန်းလျားကို မပြန်ဘဲ ဝေ့လည်ကြောင်ပတ်လုပ်သွားရင်း အ၀ီစိကိုလားခဲ့ရပါတယ်။
ဟော…. ၂၀၁၀ရွေးကောက်ပွဲကြီးလာပြန်ပြီ။ ဗိုလ်ချုပ်သန်းရွှေပြောတဲ့ သူရဲ့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကြီးတဲ့။ ဒါပေမဲ့ “ညနိုင်,နေ့ရှုံး၊ ကြိုတင်မဲကိုသုံး၊ နအဖရဲ့ထုံး” ကျွန်တော်သိရသလောက်တော့ တောင်ဒဂုံမှာ NDFပါတီရဲ့ ခမောက်နိုင်တယ်လို့ သိရတယ်၊ ဒါပေမဲ့ သတင်းထုတ်ပြန်တဲ့အခါမှာ ကျတော့ “အပီထိုင်ခိုး၊ ပြည်ခိုင်ဖြိုး” ရဲ့ ကြံဖွတ်ပါတီဟာ အနိုင်ရသွားပါတယ်။ ကျွန်တော်တို့တွေကလည်း ငြုပ်သီးဖတ်ကို အဟုတ်ထင်ကြီး မှတ်ခဲ့တာကိုး။ အနှစ်၂၁အတွင်း န၀တ၊ နအဖရဲ့စကားတွေ၊ ကတိတွေယုံခဲ့မိတာကိုး။ တော်ပါပြီဗျာ နောက်များတော့ စစ်အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲကို ဝေးဝေးကရှောင်တော့မယ်။ ဒီလိုနဲ့ စိတ်ညစ်ညစ်နဲ့ လက်ဖက်ရည်ဆိုင်ကို ရောက်တော့ ၀ိုင်းစုခိုင်သိန်းရဲ့ သီချင်းနဲ့တန်းတိုးတယ်ဗျာ၊ သီချင်းစာသားက “မင်းပေးတဲ့ကတိတွေ မင်းပြောတဲ့စကားတွေ ယုံစားမိလို့မှားပြီနော် .” ကဲဗျာ ကြည့် နအဖရဲ့ ကတိတွေ၊ စကားတွေဟာ ၀ိုင်းစုခိုင်သိန်းရဲ့နိမိတ်လို့ထင်ရတဲ့ သီချင်းနဲ့တိုင်းတိုးတော့ ဟတ်ပါထိသွားတယ်ဗျာ။ ကြိုတင်နိမိတ်တွေပေါ့ဗျာ။ အခုတော့ နအဖက “ခြင်္သေ့အိုကြီးက ၀က်ကြီး(တရုတ်)နဲ့ မျောက်ကြီး(မြောက်ကိုရီးယား) အားကိုးပြီး ပြည်သူတွေကို လက်နက်အားနဲ့ အနိုင်ကျင့်တော့မှာ” ဒါကြောင့် မြန်မာပြည်သူတွေအတွက်???????
တောင်ဒဂုံက မောင်ယုံ
ပေးပို့လာတဲ့ တောင်ဒဂုံမှ မောင်ယုံအား ကျေးဇူးတင်ပါသည်...။http://www.demowaiyan.co.cc/
SummaryRest of your post
Sunday, November 14, 2010
ဒေါ်အောင်ဆန်းစုကြည်မြန်မာစံတော်ချိန်နေ့လည်၁၂နာရီခန့်တွင် လူထုအားမိန့်ခွန်း မှတ်တမ်းဓါတ်ပုံများနှင့် ကြည်လင်သောမိန့်ခွန်းဖိုင်
Saturday, November 13, 2010
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီ
ည (၆ နာရီ ၄၅) ဒေါ်အောင်ဆန်းစုကြည် စောင့်မျှော်နေသည့် ပြည်သူလူထုအား အိမ်ရှေ့ခြံဂိတ်ဝမှ ထွက်တွေ့နေစဉ်...။
ည (၈ နာရီ ၄၇) မိုးကုတ်မြို့တမြို့လုံး ဒေါ်အောင်ဆန်းစုကြည် လွှတ်သည့်အထိမ်းအမှတ်အဖြစ် မီးရှုးမီးပန်းဖောက်ကြောင်း သိရှိရသည်။ ၈ နာရီလောက်က စဖောက်တာ ယခုအချိန်အထိပဲဟု မိုးကုတ်မြို့ခံတဦးမှ ပြောဆိုသည်။
ဆုံဆည်းရာ
SummaryRest of your post
Sunday, November 7, 2010
မြန်မာအင်အားစု စစ်အစိုးရသံရုံးရှေ့  ဆန္ဒပြ( 7.10.2010)တိုကျို ဂျပန်
သတင်း, ဓါတ်ပုံ, ဦးထွန်းထွန်းနိုင် ကိုဝင်းကြိုင် ၀င်းခိုင်ထွန်း
ဗွီဒီယိုကိုပွား
SummaryRest of your post
Wednesday, September 22, 2010
၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင် ချီတက်ဆန္ဒပြပွဲ
စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင် ချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) 2010 Election Boycott Committee( Japan )မှ ဦးစီးကျင်းပပြုလုပ်ခဲ့ပါသည်။
လာမည့်(၇-၁၁-၂၀၁၀)နေ့ရက်တွင် နအဖစစ်အာဏာရှင်တို့က စစ်အာဏာရှင်စနစ် ကို တရားဝင် အသက်သွင်းမည့် ရွေးကောက်ပွဲသည် ပြည်သူလူထု တရပ်လုံးကို စစ်ကျွန်ပြုမည့် တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားများ တို့မှ လက်မခံသည့် အကြောင်းကို ဂျပန်နိုင်ငံသူနိုင်ငံသားများ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ Global Action Campaign ချီတက်ဆန္ဒပြပွဲကို ကျင်းပပြုလုပ်ရခြင်းကြောင်း သိရှိရပါသည်။
တိုကျိုမြို့ Ebitsu ပန်းခြံမှာ မွန်းလွဲ(၂း၀၀)နာရီမှ အခမ်းအနား စတင်ကျင်းပပြုလုပ်ပြီး တရားမျှတမူမရှိသည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ယနေ့အခမ်းအနားမှာ Global Action Campaign ကမ္ဘာအနှံ့ ဆန့်ကျင် ဆန္ဒပြပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီ အရေး ဆောင်ရွက်ကြသည့် အင်အားစုများတို့မှလည်း Global Action Campaignမှာ ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း ကို ကျင်းပရေးတာဝန်ခံ ဦးသန်းဆွေမှ ရှင်းလင်းပြောကြားသွားပါသည်။
အခမ်းအနားတွင် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် IBMO(Japam-branch)တာဝန်ခံ ရောတော် ဦးဓမ္မဇောတိ နှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာ ဆရာတော်ဦးထာဝရတို့မလညှ်း တက်ရောက်အမှာစကား ပြောကြားပြီးသည့်နောက် ပူးပေါင်းပါဝင်ခဲ့ကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတို့က တရားမျှတမူမရှိသည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ဆန့်ကျင် ကန့်ကွက်ကြောင်းကို ပြောကြားပြီးနောက် မွန်းလွဲ (၃း၀၀)နာရီ၌ ပန်းခြံမှ စတင်ထွက်ခွါ ခဲ့ပါသည်။
ဂျပန်နိုင်ငံရဲ့လူစည်ကားရာ မြို့လည် လမ်းမကြီးများအတိုင်း ချီတက်လာကြပြီး ချီတက်သွားရာ လမ်း တလျှောက်တွင်လည်း နအဖ စစ်အုပ်စု၏ တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲလက်မခံ ဆန်ကျင်ကန့်ကွက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါဝင် နိုင်ငံရေးအကျဉ်းသာများ အားလုံးတို့ကို ချက်ခြင်းလွတ် ဂျပန်ဘာသာဖြစ် ချီတက်ရာ လမ်းတလျှောက်မှာ ကြွေးကြော်ချီတက်ခဲ့ကြပြီး ပြည်သူအပေါ် မတရားသည့် လုပ်ရပ်များကို ဂျပန်ပြည်သူများ သိရှိလာစေရန်အတွက် ဂျပန်ဘာသာဖြင့် ပြောကြားခြင်း နှင့် လက်ရှိမြန်မာနိုင်ငံရေး အခြေအနေနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့သလို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ရပ်တည်ချက် သဘောထားကိုလည်း ဂျပန်အစိုးရ၏ နိုင်ငံခြားရေးဌာန ပေးပို့သွားမည်ကြောင်း သိရှိရပါသည်။ ၁ နာရီ ၅၀ မိနစ် ကြာခန့် ချီတက်လာခဲ့ကြပြီး Sandagaya ဘူတာအနီးရှိ Megi ပန်းခြံတွင် အဆုံးသတ်ပြီး ဒုတိယပိုင်း အခမ်းအနား အစီအစဉ်ကို အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတို့က အတုအယောင်၂၀၁၀ ရွေးကောက်ပွဲလက်မခံကြောင်းနဲ့ ဆန်ကျင်ကန့်ကွက်ကြောင်း ပြောကြားပြီးသည်နောက် ကျင်းပရေးကော်မတီ ကိုယ်စား မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် LDB ဥက္ကဌ မှချီတက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် ဒီမိုကရေစီ အင်အားစုများတို့ကို ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ ချီတက်ဆန္ဒပြပွဲတွင် ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများ(၅၀၀)ကျော်ခန့် တက်ရောက် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းMai Kyaw Oo (PNS-Japan)
ဓါတ်ပုံဦးထွန်းထွန်းနိုင် ၀င်းခိုင်ထွန်း
Rest of your post
Monday, August 9, 2010
ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံ၂၂နှစ်မြောက်
၈ရက်နေ့မွန်းလွဲ ၂နာရီခွဲအချိန် ဂျပန်နိုင်ငံတိုကျိုမြို့ ရှီနာဂါဝါမြို့နယ် ဂိုတန်းဒပန်းခြံမှ မြန်မာနိုင်ငံသံရုံးအနီးရှိ ပန်းခြံအထိ ချီတက်ဆန္ဒပြပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ ဆန္ဒပြရခြင်းရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်၂၆နှစ်ကြာစစ်အာဏာရှင်စနစ်၊တပါတီ
အာဏာရှင်စနစ်ကြီးစိုးနေမှုပြုတ်ကျသည် အထိတိုက်ပွဲဝင်ခဲ့သော၁၉၈၈ လူတုအရေးတော်ပုံကြီး၂၂ နှစ်မြောက်အထိမ်းအမှတ် ဆန္ဒပြပွဲဖြစ်ကြောင်းသိရှိရပါသည်။ဤပွဲသို့ ဂျပန်ရောက်မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းအသီးသီး၊ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီး၊မြန်မာ့ဒီမိုကရေစီအရေးစိတ်ဝင်စားသူ ဂျပန်အဖွဲ့အစည်းအသီးသီး၊ ဂျပန်သတင်းဌာနများနှင့်တသီးပုဂ္ဂလဂျပန်လူမျိုးများအပါအ၀င်အင်အားစုစုပေါင်း၁၂၀၀ခန့်ပါဝင်ဆန္ဒပြခဲ့သည်ဟုသိရှိရပါသည်။ဤဆန္ဒပြပွဲကို ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီအင်အားစုများပူးပေါင်းတာဝန်ယူခဲ့ကြပြီးအခမ်းအနားမှုးအဖြစ် ဦးဇော်မင်းထွန်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှတာဝန်ယူဆောင်ရွက်ခဲ့ပါသည်။နေ့လည်၂နာရီတွင်အခမ်းအနား စတင်ခဲ့ရာ သံဃာတော်တပါးမှ၊ နိုင်ငံရေးအဖွဲ့ ကိုယ်စားလှယ်များမှ ၎င်းမြန်မာ့ဒီမိုကရေစီအရေးဆိုင်ရာကိစ္စများကိုအသီးသီးပြောကြားပေးခဲ့ကြပြီး၂နာရီခွဲတွင် စတင်ချီတက်ခဲ့ကြပါသည်။ လမ်းတလျှောက်တွင် ဒီမိုကရေစီရေးဆိုင်ရာကျွေးကျော်သံများသံပြိုင်ရွတ်ဆိုချီတင်ခဲ့ကြပြီး၃နာရီခွဲခန့်တွင် မြန်မာနိုင်ငံသံရုံး အနီးရှိပန်းခြံသို့ရောက်ရှိခဲ့ပါသည်။ထိုပန်းခြံတွင်ဆက်လက်၍ အဖွဲ့ကိုယ်စားလှယ်အချို့နှင့်ဂျပန်ကိုယ် စားလှယ်များ မှအသီးသီးမိမိတို့ အယူအဆများကိုရှင်းလင်းပြောကြားခဲ့ကြပြီး၎နာရီခန့်တွင်ဆန္ဒပြပွဲအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
သတင်းနှင့်ဓါတ်ပုံ ဦးထွန်းထွန်းနိုင် ကိုဝင်းကြိုင် ၀င်းခိုင်ထွန်း
Rest of your post
Sunday, June 27, 2010
People's Tribunal on Crimes against Women of Burma (Japan) ဓာတ်ပုံမှတ်တမ်း
၂၆-၆-၂ဝ၁၀နေ့ တွင် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) နှင့် Human Rights Now (HRN) တို့မှ တာဝန်ယူ ကျင်းပသော မြန်မာနိုင်ငံမှ အမျိုးသမီးများအပေါ် အကြမ်းဖက် ကျူးလွန်သော ရာဇဝတ်မှုများနှင့် ပတ်သက်သည့်(Symposium)ကို (Souken Biru) အဆောက်အဦ (11) ထပ်၊ အခန်း (19) Aoyama Gakuin University Shibuya 4-4-25, Shibuya-Ku, Tokyo, Japan(UN ရုံးရှေ့) တွင်ကျင်းပခဲ့ပါသည်။၂၇ ၊၆ ၊ ၂၀၁၀နေ့ တွင်လည်း နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan) ကို ဂျပန်နိုင်ငံ၌ ပထမဦးဆုံးအကြိမ် ကျင်းပတော့မည်ဖြစ်ပါသည်။
ပေးပို့သူ ThetSummary
Rest of your post