skip to main | skip to sidebar

  • မူလစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • ကဗျာ
  • အက်ဆေး/၀တ္ထုတို
  • ဓါတ်ပုံ
  • ဗွီဒီယို
  • ကာတွန်း
  • အိပ်ဖွင့်ပေးစာ
  • ဟာသ
  • ထုတ်ပြန်ချက်
  • အင်တာဗျူး
  • ဆက်သွယ်ရန်


ကမ္ဘာလောကရဲ့ သမီး

(ဌေးအောင်)

ဆီရွှဲပြီး နက်ပြောင်နေတဲ့ ဆံပင်ကို
အကျအနဖီးလို့
သနပ်ခါးကို မှုန်နေအောင် လိမ်းထားတဲ့
သမီးလေးဟာ
စိမ်းမြတဲ့ ရွက်နုတွေအကြား
ငုံနေတဲ့ စပယ်ဖြူလေးလို
လှပလန်းဆန်းနေတယ်။

အိပ်ရာထ၊ မျက်နှာသစ်၊ အ၀တ်လဲ
ကျောင်းသွားဖို့
ပြင်ဆင်နေတဲ့
သမီးလေးဟန်ပန်က
လေပြေနဲ့အတူ
ယိမ်းနွဲ့နေတဲ့ စပယ်ငုံလေးပေါ့။

သမီး
လမ်းကူးရင် သတိထားနော်
ဆော့လည်းမသွားနဲ့
ကျောင်းလွှတ်ရင် အိမ်ကိုတန်းပြန်ခဲ့
ဟုတ်လား… သမီး၊
နားထောင်နေတဲ့ သမီးလေးဟာ
ပါးချိုင့်လေးနဲ့ တခါပြုံး
အဖေ့ပါးကို တချက်နမ်းလို့
ပေါ့ပါးစွာပြေးထွက်သွားခဲ့တယ်
လွယ်အိတ်လေးကို
မနိုင့်တနိုင်ဆွဲလို့
ဂါဝန်လေးက လေမှာလွှဲလို့
ပြန်ရောက်မလာတော့ပါလား၊

“
ခလေးတွေ သတ္တိ ရှိလိုက်ကြတာ
ခွေးတွေ ရက်စက်လိုက်ကြတာ
ကောင်မလေးတယောက်ဆိုရင်….”
အို…
တော်ကြပါတော့ တော်ကြပါတော့
ဆက်မပြောကြပါနဲ့တော့ဗျာ၊

သမီးလေးရယ်
အဖေနဲ့အမေတို့ရဲ့
အချစ်တွေနဲ့တင် မလုံလောက်လို့
ကမ္ဘာလောက တခုလုံးရဲ့အချစ်ကို
သိမ်းကြုံးပြီး အရယူသွားလေရော့သလားကွယ်။

သမီးလေးအတွက် အမှတ်တရ

(ဌေးအောင်)

တနေ့ တနေ့နဲ့
ဒီနေ့ကို ရောက်ခဲ့ရပြန်ပေါ့
အရင့်အရင် နှစ်တွေကလိုပဲ
မိုးစက်တွေဟာ
ဖြည်းဖြည်း ဖြည်းဖြည်းနဲ့
ကြွေနေကြတယ်သမီး။

သမီးရဲ့အမေကတော့
အစိမ်းမှာ အဖြူလေးတွေ ကွပ်ထားတဲ့
ဂါဝန်လေးကိုပဲ အသာအယာပိုက်ရင်း
ပင့်သက်တွေ ချနေလေရဲ့။

ဒီအချိန်ဆိုရင် ထပြီ
မျက်နှာသစ်ပြီ
ရေချိုးပြီ
အော် ...
ကြာခဲ့ပေမယ့်လည်း
အဖေတို့အတွက် လန်းဆန်းနေဆဲပါ
သမီးရဲ့ ဓါတ်ပုံရှေ့
ပန်းအိုးထဲက
စံပယ်ပွင့် သေးသေးလေးတွေလိုပေါ့။


ကာတွန်းစာအုပ်လေးတွေကလည်း

သမီးကို ဖတ်ပြလို့ဆိုပြီး
ငြိမ်နေအောင် နားထောင်တတ်တဲ့သမီးကို
သတိရနေမှာပါ။

တဖက်ထဲ ပြန်ရတဲ့
ဂေါက်ဂေါက်ဖိနပ်လေးက
အဖေတို့
မမြင်လိုက်ရတဲ့အကြောင်းတွေ
ပြန်ပြောပြတဲ့အခါတိုင်း။

သမီးလေးရယ်...
တကယ်ကတော့
မိုးကောင်းကင်ကြီးတောင်မှ
ငိုလို့ မ၀သေးပါဘူးကွယ်။

ဖတ်စရာ မှတ်စရာ

  • ဒုက္ခသည်ခရီး...(ခွာညို)new

  • ရှစ်လေးလုံး...ရဲဘော်ဖိုးသံချောင်းnew

  • မိုး...ကမာပုလဲnew

  • လ္ဘက်ရည်ဆိုင်က...ခန့်အောင်new


စာအုပ်စင်



ရန်သူနှင့်စကားပြောခြင်း
(ဘာသာပြန်ဆိုသူ--ဂါမဏိ)



ကြိုးစင်ပေါ်မှမှတ်တမ်းများ
(အိုးဝေဦးထွန်းအောင်နှင့်ဦးစံရွှေ)
ချက်ဘာသာမှ မြန်မာပြန်ဆိုသည်




အမြင့်ပျံပြည်သူ့ လင်းယုန်အားဂုဏ်ပြုခြင်း
(ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း
၂၉ နှစ်မြောက် အထိမ်းအမှတ်)




ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော
ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ




ကျောင်းသား ထောင် တော်လှန်ရေး ...
ရဲဘော်ဖိုးသံချောင်း



စစ်အုပ်စုသက်တမ်းရှည်နေသရွေ့ ...
တိုက်ပွဲဝင် ရဲဘော်တဦး


- မမေ့နိုင်တဲ့ပုံရိပ်များ(၁၊၂၊၃)
ကျွန်းပြန်ရဲဘော်တဦး

ဂါမဏိ ဆောင်းပါးများ


Blogger Template by Blogcrowds

Sunday, November 14, 2010

ဒေါ်အောင်ဆန်းစုကြည်မြန်မာစံတော်ချိန်နေ့လည်၁၂နာရီခန့်တွင် လူထုအားမိန့်ခွန်း မှတ်တမ်းဓါတ်ပုံများနှင့် ကြည်လင်သောမိန့်ခွန်းဖိုင်


Daw Aung San Suu Kyi's Speech at HQ of NLD by thargyi74
လမ်းပြကြယ်(ဂျပန်)" SummaryRest of your post

at 10:41 PM  

Labels: ဓါတ်ပုံ, သတင်း

0 comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)


နာဂစ် သဘာဝဘေးဆိုးနှင့် မင်းဆိုးမင်းညစ်ဒဏ်ခံခဲ့ရခြင်း တနှစ်ပြည့်

၂၀၀၉ သင်္ကြန် အမှတ်တရ ..

၂၀၀၉ သင်္ကြန် အမှတ်တရ ..
အဖုံးပုံကိုနှိပ်၍ ဖတ်ရှုနိုင်ပါပြီ

ဒေါင်းအိုးဝေ အသစ်ထွက်ပြီ

ဒေါင်းအိုးဝေ အသစ်ထွက်ပြီ
အတွဲ(၁) အမှတ်(၈) မတ်လ ၂၀၀၉ အဖုံးပုံကိုနှိပ်၍ ဖတ်ရှုနိုင်ပါပြီ

ဘန်ကောက် နအဖ သံရုံး အရှုပ်တော်ပုံများ

  • သံရုံးပွဲစားပွဲများအကြောင်း !


Bogyoke

View Album
Get your own

Sayar Tin Moe










flower 2

flower 3

flower 4

flower 5

flower 6

flower 7

flower 8

flower 9

flower A

flower B

flower C

flower D

flower E

flower F

flower G

flower H

flower I

flower J

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K

flower K