Thursday, June 2, 2011

CDC ကျောင်းဖွင့်ပွဲ ဇွန်လ ၂ ရက် ၂၀၁၁

Read More...

Tuesday, May 3, 2011

မေဒေးနေ့ SAW အဖွဲ့မှ ကလေးငယ်များ ပါဝင်ဆင်နွှဲ (မဲဆောက်)

Read More...

Wednesday, January 19, 2011

ဖလူးစစ်ဒေသ နအဖ စစ်ကြောင်းမှ ထွက်ပြေးလာတဲ့ အကျဉ်းသားပေါ်တာများ

Read More...

Sunday, January 9, 2011

ဖလူးစစ်ဒေသ ဇန်နဝါရီလ ၉ ရက်နေ့ ၂၀၁၁

Read More...

Tuesday, January 4, 2011

ဗမာပြည်နိုင်ငံရေးကို ထိရောက်စွာဖြေရှင်းပေးဖို့ မဲဆောက် UN ရုံးရှေ့မှာ လက်ပစ်ဗုံး ကိုင်ဆောင်ကာ ဆန္ဒပြတောင်းဆို

Read More...

Tuesday, December 28, 2010

Human Rights in Burma: A Compilation of Videos from Burma Issues and WITNESS :(Documentary မှတ်တမ်းရုပ်ရှင်)


နအဖ စစ်အာဏာရှင်တွေရဲ့ တိုင်းရင်းသား နယ်စပ်ဒေသက လူ့အခွင့်ရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများအား မျက်မြင်သက်သေများရဲ့ ထုတ်ဖော်ပြောကြားချက်တွေနဲ့အတူ ရိုက်ကူးတင်ဆက်ထားတဲ့ ၁၀၃ မိနစ်ကြာ သတင်းမှတ်တမ်း Documentary မှတ်တမ်းရုပ်ရှင်ပါ...။
ဒီမိုဝေယံ at Wednesday, December 29, 2010
Labels: ဗီဒီယို, ရုပ်သံ
Artigos Relacionados

Rest of your post

Read More...

Thursday, December 23, 2010

ABSDF ကို အကြမ်းဖက် အဖွဲ့ အဖြစ် သတ်မှတ်ထား ခြင်း မှ ပယ်ဖျက်

၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှု အပြီး နယ်စပ် ဒေသ များ သို့ ရောက်ရှိ သွား သည့် ကျောင်း
သားများဖြင့် ဖြင့်ဖွဲ့ စည်းထား သည့် လက်နက်ကိုင် လှုပ်ရှားမှု အဖွဲ့ တစ်ဖွဲ့ ဖြစ်သော် မြန်မာ နိုင်
ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရေစီ တပ်ဦး (All Burma Student Democratic Front)
အား အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် သတ်မှတ်ထားခြင်း မှ ၂၀၁၀ ခုနှစ် ဒီဇင်ဘာ လ ၂၀ ရက်နေ့ က
စ၍ ပယ် ဖျက် လိုက် သည် ဟု FNG မှ သတင်းရရှိသည်။
မြန်မာ နိုင် ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရေစီ တပ်ဦး(ABSDF) အား အမေရိကန် နိုင်ငံ
ရှိ အမိမြေလုံခြုံရေး ၀န်ကြီးဌာန Department of Homeland Security မှ ပယ်ဖျက်လိုက်ခြင်း
ဖြစ်သည် ။ အမိမြေလုံခြုံရေး ၀န်ကြီးဌာန ကို ၂၀၀၁ ခုနှစ် စက်တင်ဘာ တိုက်ခိုင်ခံရမှု အပြီး ဖွဲ့ 
စည်းခဲ့ခြင်း ဖြစ်ပြီး လက်ရှိ DHS ၀န်ကြီးမှ ဂျနက် နာပိုလီနို ဖြစ်သည်။
ABSDF အဖွဲ့ ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ တွင် စတင် ဖွဲ့ စည်း ခဲ့ပြီး လက်ရှိ ဥက္ကဌ
အဖြစ် ရဲဘော် သံခဲ က တာဝန်ယူထားသည်။
Freedom News Group

Rest of your post

Read More...

Wednesday, December 22, 2010

Al Jazeera မှ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗွီဒီယိုမှတစ်ဆင့် တွေ့ ဆုံမေးမြန်းစကားပြောခန်း အထူးအစီအစဉ်။


SummaryRest of your post

Read More...

Saturday, December 18, 2010

“ရက်စက်ခံကြရတော့မည့် ရွှေ့ပြောင်းအလုပ်သမား ကိုယ်ဝန်ဆောင်တို့ ဘ၀”

တကယ်လို့သာ အလုပ်သမားဝန်ကြီး ချလမ်ချိုင်းဆရီယွန် က သာ ဆက်လုပ်မယ်ဆိုရင် ကိုယ်ဝန်ဆောင် ရွှေ့ပြောင်းအလုပ် သမားတွေအားလုံးဟာ သူတို့နေရင်းတိုင်းပြည်ကို ပြန်ပို့ခံ ကြရပါလိမ့်မယ်။

ရှင်တို့သာ အဲဒီကိုယ်ဝန်ဆောင် ရွှေ့ပြောင်းအလုပ်သမားတ ယောက်ဖြစ်မယ်ဆိုရင် ဘာလုပ်မှာပါလဲ။ စဉ်းစားကြည့်ပါ ရှင်တို့မှာ ကိုယ်နဲ့တွဲနေတဲ့ သူကို ကာကွယ်မှုရှိ လိင်ဆက်ဆံမှုရအောင်ပြောဆိုနိုင်တဲ့စွမ်း အားမရှိဘူးဆိုရင်၊ ကိုယ့်ဘ၀ဟာ ဖိနှိပ်မှုတွေ အကြောက်တရားတွေကြောင့် အကြမ်းဖက် ခံရမှု၊ လိင်ပိုင်း ဆိုင်ရာအရ မတော်မတရား အပြုခံရမှုအားလုံးကို အပြုခံရနိုင်တဲ့ အခြေအနေဖြစ်နေရင် ဆိုပြီးစဉ်းစားကြည့်ပါ။

ကလေးတယောက်မွေးမြူပြုစုဖို့မတတ်နိုင်တဲ့အခြေအနေမှာ ငတ်မွတ်ခေါင်းပါးမှု၊ ဆိုးဝါး တဲ့ဆင်းရဲခြင်းနဲ့ နိုင်ငံရေးအရ မတရား ရက်ရက်စက်စက်ပြုမူခံရဖို့သာရှိတဲ့ အိမ်ပြန်ရ မယ့် အခြေအနေဆိုရင်။

အဲဒီအခြေအနေတွေအောက်မှာ ရှင်တို့ကိုယ်ဝန်ရှိလာမယ်ဆိုရင် ဘာလုပ်ကြမှာပါလဲ။

မထူးဆန်းဘူးလားရှင် ဘုန်းကြီးကျောင်းမှာ ဆိုးဝါးရက်စက်တဲ့ ကိုယ်ဝန်ဖျက်ချထားတဲ့ သန္ဓေသား၂၀၀၀ လောက်တွေ့ရှိမှုကြီးဖြစ်ပြီးတဲ့နောက် ကိုယ်ဝန်ဖျက်ချမှုအပေါ် ပြည် သူလူထုက ဒေါသ ထွက်နေကြတဲ့အချိန်မှာမှ မစ္စတာ ချာလမ်ချိုင်းရဲ့ မူဝါဒက ထွက်ပေါ် လာခဲ့တာပါ။ ဒါပေမယ့် ကိုယ်ဝန်ဖျက်ချဖို့ကြိုးစားကြတဲ့ အမျိုးသမီးတွေကို ဒေါသထွက် နေကြတဲ့ ကိုယ်ကျင့်တရား မှန်ကန်ဖြောင့်မတ်တဲ့သူတွေအနေနဲ့ ကိုယ်ဝန် ဖျက်ချပေးတဲ့ ဆေးခန်းတွေကို ပိုပြီးအလျှင်အမြန် ပြေးသွားကြရမယ့်ကိန်းဆိုက်စေတဲ့ မစ္စတာချာလမ် ချိုင်း ရဲ့ လုပ်ရပ်က ဘာပြဿနာမှမရှိပါဘူး။ ဘာဖြစ်လို့ပါလဲ။

သေချာတာကတော့ ဒီဖမ်းဆီးပြန်ပို့မယ့် မူဝါဒက အသက်အန္တရာယ်ရှိပြီး စိတ်မချရတဲ့ ကိုယ်ဝန်ဖျက်ချမှုကို မရေမတွက်နိုင်အောင်များပြားတဲ့ အမျိုးသမီးတွေ လုပ်လာအောင် တွန်းအားပေးတော့မယ် ဆိုတာပါပဲ။ အတော်များများစိုးရိမ်ရတဲ့ ကျန်းမာရေးပျက်ယွင်းမှု တွေ ခံစားကြရပါလိမ့်မယ်။ အများကြီး သေကြပါလိမ့်အုံးမယ်။

ဒါနဲ့တောင် ကျမတို့က ဂရုမစိုက်ကြပါဘူး။ ဘာဖြစ်လို့ပါလဲ။ ကိုယ်ဝန်ဖျက်ချတာကို ပြော ပြီး ခါတိုင်းလိုပဲ ကျမတို့က ကိုယ်ဝန်ဖျက်ချတဲ့ အမျိုးသမီးတွေကို အကျင့်ပျက်တွေ လိင် ပိုင်းဆိုင်ရာအရ ဖောက်ပြန်ပျက်စီးသူတွေအဖြစ် အပြစ်တင်ကြဖို့ပါပဲ။ ဘာသာရေးကို အသုံးပြုပြီး မကောင်းမှုအကုသိုလ်တခုအဖြစ် ကိုယ်ဝန်ဖျက်ချမှုကို ပြစ်တင်ရှုံ့ချ၊ အဲဒီ အမျိုးသမီးတွေရဲ့ခက်ခဲလှတဲ့ ဘ၀အခြေအနေတွေ ကိုယ်ချင်းစာတရားနဲ့ စဉ်းစားပေး ကြဖို့ ငြင်းပယ်လိုက်ကြဖို့ပါပဲ။ အဲဒီအကျင့်ပျက်နေတဲ့အမျိုးသမီးတွေကို အပြစ်ပေးသင့် တယ်ဆိုတဲ့ ယုံကြည်တွေးမြင်မှုနဲ့ပဲ ကျမတို့ကသူတို့ကို အကူအညီပေးဖို့ကိုလည်း ငြင်း ဆိုခဲ့ကြပါတယ်။

အဲဒီအချိန်မှာပဲ ကျမတို့ဟာအမျိုးသမီးတွေကို နာကျင်ခံစားရမယ့် လမ်းကြောင်းကို တွန်းပို့ပေးနေတဲ့ ထွေပြားတဲ့ ယဉ်ကျေးမှုတန်ဖိုးတွေ၊ လူမှုဘ၀အလေ့အကျင့်တွေနဲ့ နိုင် ငံတော်မူဝါဒတွေကို လက်ခံကျင့် သုံးနေကြပါတယ်။

မစ္စတာချာလမ်ချိုင်းရဲ့ ကိုယ်ဝန်ဆောင်တွေကိုဖမ်းဆီးပြန်ပို့ရေး မူဝါဒဟာ အဲဒါနဲ့တ ဆက်စပ်တည်းပါပဲ။ သူ့လိုပါပဲ ကျမတို့တော်တော်များများက ရွှေ့ပြောင်းအလုပ်သမား တွေဟာ ကျမတို့လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေတယ်လို့ ယုံကြည်ထားကြပါတယ်။ တကယ်လို့သာ သူတို့ကို ဒီမှာမွေးဖွားခွင့်ပေးလိုက်လို့ရှိရင် သူတို့ရဲ့ ကလေးတွေဟာ ကျမတို့လူ့အဖွဲ့အစည်းကို လူမှုပြဿနာတွေ ဖြစ်ပေါ်စေလိမ့်မယ်ပေါ့လေ။

ဒီလိုဆိုရင် ကျမတို့က မစ္စတာချာလမ်ချိုင်းကို သဘောတူကြပါတယ်။ ဒါပေမယ့် တကယ် လို့ ကျမတို့ရဲ့သဘောတူထောက်ခံမှုက ကျမတို့ရဲ့ လက်တွေကို သွေးစွန်းစေလိုက်တာ နဲ့တူတဲ့ အမျိုးသမီးတွေကို ပိုပြီးကိုယ်ဝန်ဖျက်ချအောင် တွန်းပို့လိုက်သလို ဖြစ်သွားရင် ရော ရှင်။

မဟုတ်ပါဘူး။ ဒီဖမ်းဆီးပြန်ပို့ရေးမူဝါဒဟာ ကျမတို့ရဲ့ လူမျိုးစုအာဃာတတခုတည်း မက ပါဘူး။ ပြဿနာက ဒီထက်ပိုပြီးနက်ရှိုင်းပါတယ်။ ယဉ်ကျေးမှုတွေကို ရိုက်ခတ်သက် ရောက်စေနိုင်တဲ့ လိင်ခွဲခြားဖိနှိပ်မှုလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေ၊ ထိုင်းလူမျိုးတွေ ဒါမှမဟုတ် ရွှေ့ပြောင်းအလုပ်သမားတွေဟာ သူတို့ရဲ့ဘ၀နဲ့ လိင်အပေါ်ထိမ်းချုပ်စီမံခွင့် သူတို့ရဲ့ ခန္ဓာကိုယ်ကို ထိမ်းချုပ်စီမံခွင့် စတဲ့အမျိုးသမီးအခွင့်အရေးတွေကို လုယူခံလိုက် ရတာဖြစ်တဲ့ သဘောထားနှစ်မျိုး ခွဲခြားဆက်ဆက်မှုထောင်ခြောက်မှာ မိသွားကြတာပါ ပဲ။

အဲဒါဟာ စရင်းဇယားတွေအားလုံးက ပြသနေတဲ့ ကျမတို့ရဲ့ကြင်နာမှုမဲ့ ကိုယ်ဝန်ဖျက်ချ မှု တိုက်ဖျက်ရေး ဥပဒေဟာ အမျိုးသမီးတွေကိုသေစေ၊ နာကျဉ်ဒဏ်ရာရစေသလို တ ခြား သူတွေကိုနာကျဉ်ခံစားရစေပေမယ့် သူတို့တွေက ကျမတို့ရဲ့ ရင်ထဲမှာ ရိုက်ခတ် လှုပ်ရှားသွားရအောင် အပြောင်းအလဲဖြစ်သွားအောင် မလုပ်နိုင်ခဲ့တဲ့ အကြောင်းပါပဲ။

ကိုယ်ဝန်ဖျက်ချမှုနဲ့ဆက်နွယ်တဲ့ ရောဂါဝေဒနာတွေကြောင့် ဆေးကုသမှုခံယူချင်ကြတဲ့ အမျိုးသမီးတွေရဲ့ အရေအတွက်အရ ခန့်မှန်းခြေအားဖြင့် တနှစ်ကိုအမျိုးသမီး ၄၀၀,၀၀၀ ပတ်ဝန်းကျင်လောက် ကိုယ်ဝန်ဖျက်ချနေကြတယ်လို့ ယူဆရပါတယ်။ အဲဒီ ရောဂါဝေဒနာတွေကြောင့် အမျိုးသမီး ၁၀၀,၀၀၀ မှာ ၃၀၀ လောက်သေဆုံးနေကြရပါ တယ်။ ဆိုလိုတာကတော့ လုံခြုံစိတ်ချရမှုမရှိ၊ တရားဝင်မဟုတ်တဲ့ ဆေးခန်းတွေကြောင့် တရားမ၀င်ကိုယ်ဝန်ဖျက်ချမှုတွေက တနှစ်ကို အမျိုးသမီးတသိန်းလောက် သေဆုံးနေ ကြရတယ်ဆိုတာပါပဲ။

ဘယ်သူတွေက အလေးဂရုပြုကြပါသလဲ။

တကယ်လို့ အမျိုးသမီးတွေကြားမှာ အိပ်ခ်ျအိုင်ဗီ ပိုးကူးစက်မှုနှုံးထားပိုမြင့်မားလာစေ သလိုအစီအစဉ်မရှိတဲ့ ကိုယ်ဝန်ရှိမှုဖြစ်ရပ်မျိုးတွေ များပြားလာစေတဲ့ အမျိုးသားတွေရဲ့ ၁% သာ ကွန်ဒုမ်းသုံးစွဲကြတယ်ဆိုတာကို မိသားစုစီမံကိန်းစရင်းဇယားတွေက ပြနေ တယ်ဆိုရင်လည်း ကိစ္စမရှိတော့ပါဘူး။

ပြောလိုရင်းကတော့ ကိုယ်ဝန်ဖျက်ချချင်နေကြတဲ့ အမျိုးသမီး ၇၀-၈၀% ဟာ သူတို့တွေ အလုပ်ပြုတ်သွားမှာစိုးလို့ ဒါမှမဟုတ် နောက်ထပ်ပါးစပ်တပေါက်ကို ထပ်ကျွေးမွေးဖို့ သိပ်ဆင်းရဲကြလွန်းလို့ဖြစ်တယ် ဆိုတာပါပဲ။ ဒါပေမယ့် ဗဟိုဦးတည်ချက်ကတော့ လိင် စိတ်ကို ထိမ်းချုပ်ဖို့လိုနေတဲ့ အကျင့်ပျက်ဆယ်ကျော်သက် မိန်းကလေးတွေသာဖြစ်ပြီး ကျောင်းတွေရဲ့ နှလုံးသားကင်းမဲ့မှုတွေ၊ လူမဆန်တဲ့ လုပ်ငန်းဆိုင်ရာအလေ့ အကျင့် တွေ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ရွေးချယ်ခွင့်ပိုရရှိစေနိုင်တဲ့ ၀န် ဆောင်မှုတွေကို နိုင်ငံတော်က မပေးအပ်နိုင်တဲ့အပေါ်မှာတော့ ဘယ်တုန်းကမှ အပြစ် တင်လေ့မရှိပါဘူး။

ကျမတို့ရဲ့လိင်အရဖိနှိပ်တတ်တဲ့ လောကအမြင်မှာ အမျိုးသမီးတွေဟာ အခွင့်အရေး ပေးလိုက်ရင် ဆိုးသွမ်းသွားလိမ့်မယ်ဖြစ်ပါတယ်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု စာရင်း ပိုဆိုးလာရတဲ့အကြောင်းဟာ အဲဒါကြောင့်ပါ။ ကိုယ်ဝန်ဖျက်ချခံရတဲ့ သန္ဓေသား တွေရဲ့အရေအတွက်ဟာလည်း ဒီလိုပါပဲ။

ပိုမြင့်မားလာလေ အမျိုးသမီးတွေရဲ့ ရက်စက်မှုကိုပိုပြီးပြနိုင် အမျိုးသမီးတွေကို ပိုပြီး ထိမ်းချုပ်ဖို့လိုပြီဆိုပြီး ပိုပြောနိုင်ကြတာပေါ့ ရှင်။ ဘုန်းကြီးကျောင်းအအေးခန်းမှာ ကြေ ကွဲဝမ်းနည်းစရာအဖြစ် ကိုယ်ဝန်ဖျက်ချမှုအပေါ် ဒေါသအမျက်ဟာ မစ္စတာ ချာလမ်ချိုင်း ရဲ့ ဖမ်းဆီးပြန်ပို့မှုမူဝါဒမှာရှိတဲ့ ရက်စက်မှုကို ကျမတို့ သိမြင်လာအောင်မလုပ်နိုင်ပါဘူး။ ကိုယ်ဝန်ဖျက်ချမှု မူဝါဒကိုရော ပြောင်းလဲသွားစေနိုင်ပါသလား။

အမျိုးသမီးတွေအပေါ် အပြစ်ပုံချနေသေးဆဲ အချိန်မှာတော့ မဖြစ်နိုင်ပါဘူး။

အခုတော့ ခေါင်းကြီးပိုင်းက သန္ဓေသားတွေရဲ့ခြောက်လှန့်နေတဲ့ ၀ိညဉ်တွေကို ငြိမ်းအေး အောင်ချော့မော့ဖို့ အဖြစ်ပြောင်းလာပြီး သတင်းဖေါ်ပြမှု ရပ်ဆိုင်းသွားဖို့ နီးလာပါပြီ။ ဒီ ထိတ်လန့်တုန်လှုပ်မှုက ဂရုဏာတရားကင်းမဲ့တဲ့ ကိုယ်ဝန်ဖျက်ချမှုတိုက်ဖျက်ရေးဥပဒေ နဲ့ လိင်ပိုင်းအရ သဘောထားနှစ်မျိုး ခွဲခြားဆက်ဆံမှုကို ကိုင်မလှုပ်နိုင်ခဲ့ပါဘူး။ ကမ်းခြေ ကို ရိုက်ခတ်လာတဲ့လှိုင်းလိပ်တခုလို အားလျော့ပြေလျှောသွးပြီးနောက်မှာ ဘာမှ မကျန် ရစ်ခဲ့တော့သလို ပါပဲရှင်။

စိုးနေလင်း

(Sanitsuda Ekachi ရဲ့ Pregnant and persecuted ဆောင်းပါးကိုဘာသာ ပြန်ဆိုပါ တယ်)

(ဆောင်းပါးရှင် Sanitsuda ဟာ Bangkok Post ရဲ့ လက်ထောက်အယ်ဒီတာ တယောက် ဖြစ်ပါတယ်။)

့http://www.naytthit.net

Read More...

Thursday, December 16, 2010

RIT today


"Aung Moe Win"SummaryRest of your post

Read More...

Tuesday, December 14, 2010

•မြန်မာပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားအမေရိကန်ကျောင်းသူများမှတွေ့ဆုံမေးမြန်းချက်(ရုပ်/သံ)

Aung San Suu Kyi Speaks with US students:updated from Peter Serko on Vimeo.


ဒေါင်းမာန်ဟုန်SummaryRest of your post

Read More...

ဒေ၀ဒတ်တွေ ကတဲ့ဇာတ်

ကမ္ဘာဦးကနေ ယနေ့ ခေတ်အထိ
အာဏာစက်နဲ့  ချေဖျက်
ကြေပျက်သွားတဲ့ 
ဓမ္မစက်ဆိုတာမရှိ
လူတိုင်းက သိကြပါတယ် အမေ ….။
ဘာသာ သာသနာကို ဖျက်ဆီး
သံဃာတော်တွေကို သတ်ပီးမှတော့
ရွှေစလွယ် ငွေစလွယ်
ပိတ်ဖြူစင်ကြယ်ဝတ်ဆင်
ရွှေထီး ငွေထီးဆောင်း
သွေးစွန်းလက်နဲ့ 
ဘုရားတည် ကျောင်းဆောက်
သနားလောက်စရာ သတ္တ၀ါတွေရယ်
ကိုယ့်အလှည့်ကျတော့လည်း
အံကြိတ်ခံကြစမ်းပေါ့ကွယ် …..။
အာဏာနဲ့ ဖိနှိပ်အုပ်ချုပ်တဲ့ တိုင်းပြည်ဟာ
အတိတ် ပစ္စုပ္ပန် အနာဂတ်
အဲဒီ သုံးရပ်စလုံးမှာ တည်မြဲခြင်း မရှိဆိုတာ
ဘုရားဟော ဒေသနာတော်တွေအရ
ဗုဒ္ဓ၀င် အဖြစ်အပျက် အစုံအလင်ထဲမှာ
ဇာတ် နိပါတ်တော်တွေထဲမှာ
အကျိုး အပြစ် အဆိုး အညစ်တွေ ရှိရဲ့ မဟုတ်လား အမေ …..။
ဘုန်းကြီးတစ္ဆေ ထက်ဆိုးတဲ့ ကောင်တွေမို့ 
ကမ္မ၀ါသာမက
ဘယ်ဘာသာနဲ့ မှ ခ၀ါချလို့ လဲမရ
အမေရေ …..
အခုတော့
ဒင်းတို့  … ဒေ၀ဒတ်ဇာတ်တော်ကြီးကို
မြိုင်မြိုင်ဆိုင်ဆိုင် ကနေကြပေါ့ …..။
ရဲရင့်သက်ဇွဲ
၁၆ ၁၂ ၂၀၁၀
SummaryRest of your post

Read More...

Sunday, December 12, 2010

•အမေရိကန်က မြန်မာပြည်ကို စိတ်မဝင်စားကြောင်း ကိုမိုးသီးဇွန် ပြော (Video)



အမေရိကန်က မြန်မာပြည်မှာ သူ့အကျိုးစီးပွါးမရှိနိုင်တဲ့ အတွက် စိတ်မဝင်စားနိုင်ကြောင်းကို ကိုမိုးသီးဇွန်နှင့် ကိုနေနွယ် တို့က ဆွေးနွေးထားတာပါ။
ဗီဒီယို - နေ့သစ် (မီဒီယာ)

Summary
Rest of your post

Read More...

" အလိုတော်ပြည့် အလင်းရောင်" မဂ္ဂဇင်းစာအုပ်ထုတ်ဝယ်နိုင်ရန် စာမူတောင်းခံအပ်ပါသည်။


ပြည်တွင်း၊ ပြည်ပနှင့် နယ်စပ်ဒေသ သာသနာပြု အလိုတော်ပြည့်ကျောင်းတိုက်များ၏ အဓိပတိ ဘဒ္ဒန္တဒေါက်တာအရိယ၀ံသ ထံမှသြ၀ါဒခံယူပွဲအခမ်းအနား နှင့် အာစရိယပူဇော်ပွဲကို လာမည့် ၂၀၁၁ ခု ဇန္န၀ါရီလ ဒုတိယအပတ်အတွင်းတွင် စစ်တွေမြို့
အလိုတော်ပြည့်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ယင်းပွဲနှင့်ဆက်စပ်၍ ရခိုင်ပြည်နယ်ရှိ ဆရာတော်ကြီး၏
ဘာသာရေး၊ လူမှုရေး၊ ပရဟိတလုပ်ဆောင်ချက်များပါဝင်သော “အလိုတော်ပြည့် အလင်းရောင်” အမည်ရှိ
စာစောင်တစ်ခုထုတ်ဝေသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်မှ အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော်များ၊တပည့် ရဟန်း ကျောင်းသား များ၊ ဂေါပကအဖွဲ့လူကြီးများနှင့် စာပေ ၀ါသနာရှင်များထံမှ အောက်ဖော်ပြပါအချက်အလက်များပါဝင်သော စာမူများ တောင်းခံအပ်ပါသည်။
(၁)မိမိရေးသားလိုသော အလိုတော်ပြည့်သာသနာပြုလုပ်ဆောင်ချက်များ၊
(၂)ယခင် သာသနာပြုလုပ်ဆောင်ချက်နှင့်ယနေ့သာသနာပြုလုပ်ဆောင်ချက်များ၊
(၃)စာရေးသူဖြစ်ချင်သည့် သဘောထားနှင့် ထင်မြင်ယူဆချက်များ၊
(၄)မိမိစုဆောင်းထားသမျှ မှတ်တမ်း ဓါတ်ပုံများနှင့် ဗွီဒီယိုဖိုင်များ၊
(၅)မိမိတို့ကျောင်းတိုက်အတွင်း ပရိယတ္တိ နှင့် ပဋိပတ္တိ သာသနာပြု လုပ်ဆောင်ချက် များ၊
(၆)လူမှုရေးနှင့် ပရဟိတလုပ်ငန်းများအား ဖေါ်ထုတ်ပေးခြင်း၊
(၇)ရှေးဟောင်းစေတီပုထိုးများ ပြန်လည်တည်ဆောက်ခြင်းများအား မိမိတို့သဘောထားများ၊
(၈)ကျောင်းထိုင်ဘုန်းကြီး၏ ကိုယ့်ရေးအကျဉ်းမှတ်တမ်းများ၊
(၉)ကျောင်းတိုက်ရှိ စာသင်းသားများ၏ သဘောထားနှင့် ထင်မြင်အယူဆများ
(မိမိနှစ်အသက်ဆုံး စာသင်သားတစ်ပါးအားရေးပေးစေချင်ပါသည်)၊
(၁၀)မိမိတို့ကျောင်းတိုက်တွင် သတိပဋ္ဌာန်ဝိပဿနာအလုပ်ပေးတရားစခန်းနှင့် ယင်းနှင့် ပတ်သတ်ပြီးတိုးတက်မှုများ၊
(၁၁)ယခင်ကျောင်းတိုက်တိုးတက်မှုနှင့် ယနေ့ကျောင်းတိုက်တိုးတက်မှုအခြေပြဇယား၊
အဆိုပါအကြောင်းအရာများပါဝင်သော စာမူများအား ၂၀၁၀ ခု ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ ရန်ကုန်မြို့
အလိုတော်ပြည့်ကျောင်းတိုက်သို့ မဖြစ်မနေ အမြန်ပေးပို့ပါရန် လျှောက်ထားအပ်ပါသည်။
ဆက်သွယ်ရန်
ဖုန်း 0949234889
Web: www.alodawpyei.org
Emails: alodawpyei@myanmar.com.mmThis e-mail address is being protected from spambots. You need JavaScript enabled to view it / alodawpyei@gmail.comThis e-mail address is being protected from spambots. You need JavaScript enabled to view it
ရခိုင်ပြည်နယ်အတွင်း အလိုတော်ပြည့် ပ၀ါရဏအုပ်စုဝင် ကျောင်းတိုက်ပဓါနနာယကဆ၇ာတော်များနှင့် ကျောင်းတိုက်အမည့်များ
(၁) ဘဒ္ဒန္တ၀ါရိတ္တ အလိုတော်ပြည့်ပရဟိတဘုန်းတော်ကြီးကျောင်း၊ မင်းပြားမြို့
(၂) ဘဒ္ဒန္တဣန္ဒာစရိယ အလိုတော်ပြည့်ကျောင်းတိုက် ဘူးသီးတောင်မြို့
(၃) ဘဒ္ဒန္တမဏိသာရ အလိုတော်ပြည့်ကျောင်းတိုက် မောင်တောမြို့
(၄) ဘဒ္ဒန္တပညာဇောတ အလိုတော်ပြည့်ကျောင်းတိုက် စစ်တွေမြို့
(၅) ဘဒ္ဒန္တဥတ္တမသာရ ဗောဓိသုခဓမ္မရိပ်သာ (ညောင်ပင်လယ်ရွာ) ရသေ့တောင်မြို့နယ်
(၆) ဘဒ္ဒန္တအာစာရ ဗဟိုရ်ကျောင်းတိုက် မောင်တောမြို့
(၇) ဘဒ္ဒန္တဣန္ဒာစာရ အလိုတော်ပြည့်ကျောင်းတိုက် ရသေ့တောင်မြို့
(၈) ဘဒ္ဒန္တတေဇသာရ အလိုတော်ပြည့်ကျောင်းတိုက် မြောက်ဦးမြို့
(၉) ဘဒ္ဒန္တခေမာစာရ ဗောဓိရတနာတပ်ဦးကျောင်း (စကခ ၁၅) ဘူးသီးတောင်မြို့နယ်
(၁၀) ဘဒ္ဒန္တဇောတိက မာရမာကြီးကျောင်းဟောင်း စစ်တွေမြို့
(၁၁) ဘဒ္ဒန္တရ၀ိန္ဒ အလိုတော်ပြည့်ပရဟိတဘုန်းတော်ကြီးကျောင်း၊ မောင်တောမြို့
(၁၂) ဘဒ္ဒန္တသုမင်္ဂလ ဇေယျသုခ တပ်ဦးကျောင်း (နစက ဌာနချုပ်) မောင်တောမြို့နယ်
(၁၃) ဘဒ္ဒန္တစက္ကိန္ဒ မဒေးတောင်အလိုတော်ပြည့် ဓမ္မရိပ်သာ သံတွဲမြို့
(၁၄) ဘဒ္ဒန္တကေသရိန္ဒ ဗုဒ္ဓပါဒခြေတော်ရာအလိုတော်ပြည့်ကျောင်း ရသေ့တောင်မြို့နယ်
(၁၅) ဘဒ္ဒန္တရေ၀တ ဆင်ပိုက်ကျောင်း ရသေ့တောင်မြို့နယ်
(၁၆) ဘဒ္ဒန္တကောဝိဒ ထွန်းရဝေကျောင်း ရသေ့တောင်မြို့နယ်
(၁၇) ဘဒ္ဒန္တသီလာစာရ ပုဗ္ဗာရုံအရှေ့ဘက်ကျောင်း (ငကျဉ်တောက်ရွာ) ဘူးသီးတောင်မြို့နယ်
(၁၈) ဘဒ္ဒန္တ၀ရဗုဒ္ဓိ ဦးကင်းတောင်အလိုတော်ပြည့်တောရကျောင်း ရသေ့တောင်မြို့နယ်
(၁၉) ဘဒ္ဒန္တပညာဇောတ ခြံပြင်ကျောင်း မောင်တောမြို့နယ်
(၂၀) ဘဒ္ဒန္တကောဝိဒ အောင်သာယာကျောင်း မောင်တောမြို့နယ်
(၂၁) ဘဒ္ဒန္တတေဇောဘာသ သက်ကိုင်းညှာကျောင်း မောင်တောမြို့နယ်
(၂၂) ဘဒ္ဒန္တပညာ အထက်ပြူးမကျောင်း မောင်တောမြို့နယ်
(၂၃) ဘဒ္ဒန္တထေရိန္ဒ အ၀ဒါအလိုတော်ပြည့်ကျောင်း ရသေ့တောင်မြို့နယ်
"အလိုတော်ပြည့်ပါစေ။"
Summary

Rest of your post

Read More...

facebook ပေါ်မှာ အနှောက် အယှက်လာပေးတဲ့ account တွေကို Block လုပ်ပစ်ပါ


facebook စာမျက်နှာဟာ ပြည်တွင်း/ပြည်ပ ချိတ်ဆက်မှုအားကောင်းလာတာနဲ့ အမျှ အနှောက်အယှက်တွေလည်း ရှိလာပါတယ်။ ဝေဖန်တာမျိုးမဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံအောက်မှာ အမျိုးအမျိုးဆဲရေးတိုင်းထွာပြီး comment လာရေးတဲ့ account တွေရှိနေပါပြီ။ face book က social network ဖြစ်တဲ့အတွက် ချက်ချင်းပြန့်သွားတာပါ။ အသုံးပြုနေတဲ့အထဲမှာ မိန်းကလေးတွေအပြင် သံဃာတော်တွေလည်းပါတဲ့ အတွက် စကားလုံးတွေကဖတ်ဖို့ မသင့်တော်ပါဖူး။ အချိန်ကုန်အောင်သက်သက် အနှောက် အယှက်လာပေးသည့် မိုက်ရိုင်းတဲ့ account တွေကို အားလုံးဝိုင်းပြီး Report and Block လုပ်ပစ်ဖို့လိုပါတယ်။
How to block on face book Report and Block ပြုလုပ်နည်းကို ဗီဒီယိုဖိုင်နဲ့တင်ပေးထားပါတယ်။
ပြည်တွင်းက facebook နဲ့ ပိုအဆင်ပြေမှာပါ >>> Linkအရင်ဆုံး ကိုယ် block ချင်တဲ့သူကို search မှာရှာလိုက်ပါ
သူ့ရဲ့ facebook စာမျက်နှာ ဘယ်ဘက်အောက်ဆုံးမှာ Report/Block this Person ဆိုတာ ရှိပါတယ်။
click ခေါက်လိုက်ရင် Report and/or Block... This Person ဆိုတဲ့ box ပေါ်လာပါမယ်။
အဲ့မှာ အောက်ဆုံးနှစ်ကြောင်းUnwanted contactBlock this person နှစ်ခုလုံးမှာ အမှတ်ထည့်ပေးပါ။ andsubmit လုပ်လိုက်ရင် Ok ပါတယ်။
ရွှေနန္ဒ shwenanda
http://www.shwenanda.com/


Rest of your post

Read More...

Wednesday, December 8, 2010

ဒေါ်အောင်ဆန်းစုကြည် NLD ရုံးချုပ်မှာ သံဃာတော်အပါး ၁၀၀၀ ခန့်ကို အလှူပေး (ရုပ်သံ)


နေ့ သစ်
Summary

Rest of your post

Read More...

Tuesday, December 7, 2010

ဒီထက်ပိုပြီး နောက်မကျသင့်တော့ဘူး

ငှက်ကလေး
ပြူတင်းဝနံဘေးတေးသီ
ငေးရီနေတဲ့နှလုံးသား
နရသိန်ထဲက ကာလများကိုတူးဆွ
နာကျင်စူးရှတဲ့ ခံစားမှုများ
အိပ်မက်တခုပဲ ဖြစ်ချင်တယ် …..။
လွပ်လပ်တဲ့ကမ္ဘာ
ငါ့ကိုဝေမျှပေးပါ
ငှက်တို့ က ပျံရင်း သေတယ်
လူကတော့ ကြံရင်း သေမယ်
နှစ်ဘယ်လောက်ကြာမယ်ဆိုတာ
ဘယ်သူမှမပြောနိုင် …..။
အစီရင်ခံစာများအရ
မြန်မာနိုင်ငံတ၀ှမ်း
လူတယောက်ရဲ့ သက်တမ်း
ငါးဆယ်ကျော် ခြောက်ဆယ်တန်း
ခန့် မှန်းကြတယ်ဆိုပဲ …..။
ဒီလိုဆို …
ငါတို့  နောင်တော် အမတော်တွေရဲ့ 
ယုံကြည်ချက်ကြောင့် အကျဉ်းကျနှစ်ကာလများ
လူ့ သက်တမ်းတခုစာမက
အို ….. လူထုကယ်တော်မူပါ …..။
ပျမ်းမျှ လူ့ သက်တမ်းက တခုပါပဲ
တိုင်းပြည် စစ်ဖိနပ်အောက်က
လွတ်မြောက်လိုစိတ်များ
သက်တမ်းပေါင်းများစွာ
မျိုးဆက်ပေါင်းများစွာ ရှင်သန်နေမြဲ
ဒါပေမယ့်
အမှန်တရားဟာ ဒီထက်နောက်မကျသင့်တော့ဘူး …..။
ရဲရင့်သက်ဇွဲ ၂၉ ၁၁ ၂၀၁၀

Rest of your post

Read More...

ပြည်တွင်း အင်တာနက်သုံးသူတို့အတွက် အထူးသတင်း

အင်တာနက်သုံးသူတို့အတွက် အထူး သတင်း on ♥ မြန်မာချစ်သူများ ♥မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး(သို့) အင်တာနက်ဆိုင်များမှာ key-logger ဟုခေါ်သည့်ဆော့ဖ်ဝဲများ ထည့်သွင်းထားပြီး လာရောက် သုံးစွဲနေသူတွေအထဲမှာမှ နိုင်ငံရေးနှင့်ပတ်သက်၍ပြည်တွင်း ပြည်ပဆက်သွယ်နေကြတဲ့ ပြည်တွင်းမှတတ်ကြွလှုပ်ရှားသူများအားခြေရာခံ နိုင်အောင် လုပ်ဆောင်နေမှုများ ရှိနေပြီး ထိုကဲ့သို့တတ်ကြွလှုပ်ရှားသူများအား ဖမ်းဆီးမိနိုင်အောင် လုပ်ဆောင်ထားတာတွေရှိနေပါသည်။
keylogger ဆိုသည်မှာ window စတက် စဉ်ကတည်းက စအလုပ်လုပ်နေပါသည်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေဆဲဖြစ်ပါသည်။ tray icon လည်းပေါ်နေခြင်းမရှိ၍ငှင်းအလုပ်လုပ်နေမှန်း မသိနိုင်တော့ပါ။ ၄င်းမှမိမိ keyboard တွင်ရေးလိုက်သမျှ၊ mouse နဲ့နှိပ်လိုက်သမျှများ အားလုံးအား အချိန်နဲ့တကွ မှတ်ထားပေးနေပါသည် .. ။ ထိုအခါ မိမိတို့၏ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သမျှ အားလုံးအား ငှင်းဆော့ဖ်ဝဲမှ မှတ်တမ်းတင်ထားပြီးဖြစ်နေ၍ လုံခြုံမှုလုံးဝမရှိနိုင်တော့ပါ။ (All in 1 key-logger သာဆိုပါလျှင် ဓါတ်ပုံများ၊ အသံများနှင့် ဗီဒီယိုများ အစရှိသဖြင့်အစစအရာရာအားအတိအကျပင် ၄င်းကမှတ်သားထားပေးနိုင်တဲ့ဆော့ဖ်ဝဲဖြစ်ပါသည်။)
ထိုကဲ့သို့သောဆော့ဖ်ဝဲမျိုးအား ကွန်ပျူတာတွင်သွင်းထားပြီး လာရောက်သုံးစွဲသည့်သူ၏ လုပ်ဆောင်ချက်များအားအတိအကျ ထောက်လှမ်းထား နိုင်၍ မိမိတို့အနေဖြင့် ဆိုင်ဘာကဖီးသို့မဟုတ်တစ်ပါးသူ၏ ကွန်ပျူတာအားသုံးစွဲတော့မည်ဆိုပါက မိမိသုံးစွဲမည့် ကွန်ပျူတာထဲတွင် ငှင်းဆော့ဖ်ဝဲအား ရှိမရှိ အရင်ဆုံးစစ်ဆေးကြည့်ဖို့အတွက် အလေ့အကျင့်လုပ်ထားပါက အကောင်းဆုံးနှင့်လုံခြုံမှု အနည်းငယ် ပိုမို၍ရှိသွားမှာ ဖြစ်ပါသည်။ မိမိတို့၏ကိုယ်ရေးကိုယ်တာအချက် အလက်များအား သူတစ်ပါးဆီပါမသွားနိုင်အောင်လုပ်ရမည့်နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ .
ပထမဦးစွာ Ctrl+Shift+Esc(or)Ctrl+Alt+Del နဲ့ Task manager ကို ခေါ်လိုက်ပါ ..။ Task manager ၀င်းဒိုးတက်လာပါက Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ပါ ။ ရှိနေခဲ့လျှင်ထိုကွန်ပျူတာတွင် keylogger အသုံးပြုထားပြီဖြစ်ပါသည်။ ထိုသို့တွေ့ရှိပြီဆိုလျှင်ငှင်းဖိုင်လ်အား End process ပေးလိုက်ရန်လိုအပ်ပါသည် ။
ထိုသို့ end process လုပ်လိုက်ခြင်းအားဖြင့်ငှင်းလုပ် ဆောင်နေသည့်လုပ်ငန်းတွေအားလုံး ပြီးဆုံးသွားပြီး မိမိလုပ်ကိုင်နေသည်များ ကိုလဲမှတ်ထားတော့မည် မဟုတ်တော့ပါ။ Task Manager ကို အထက်ပါအတိုင်း ကီးသုံးခုနှိပ်တာအပြင် window logo+R နှိတ်ပြီးတတ်လာတဲ့ Run box မှာ taskmgr လို့ရေးပြီး ခေါ်ယူလဲရပ်ါသည်။ အကောင်းဆုံးနည်းလမ်းမှာtask manager မှာရှိနေသော process tab ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်ခြင်းသာဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ရိုးရိုးယူဆာတွေအနေနှင့် ဘယ်လိုဖိုင်အမျိုးအစားက အချက်အလက်တွေကို ရီကော့လုပ်တာလဲဆိုခြင်းကို မသိနိုင်၍အန္တရာယ်ကင်းဘေးရှင်း ၄င်း process tab ထဲတွင်ရှိသမျှဖိုင်လ်များအားလုံးအား end process လုပ်ပြီးမိမိအသုံးပြုမည့်ဖိုင်လ်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံး ဖြစ်ပါသည်။
အကယ်၍ task manager ကိုခေါ်လို့မရခဲ့ပဲ admin အခွှင့်အရေးရှိမှရမည် ဆိုလျှင်တော့ ထိုသို့သော အင်တာနက်ကဖီးမျိုးကို ရှောင်ဖို့သင့်ပါသည်။ စိတ်ချရသည့် နည်းပညာပိုင်း အားနည်းသောအင်တာနက်ဆိုင်ကိုသာ သွားရောက်အသုံးပြုစေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နည်းပညာအရ အဆင့်အတန်းငှင်းဆိုင်တွင် အသင့်အတင့်မြင့်နေပြီဖြစ်၍ တော်ရုံမဟုတ်တော့ဘူးဟူ၍ ယူဆလို့ရနိုင်နေပါသည်။ ပြီးနောက် keyloggerတွေထဲမှာပင် လျှင် အွန်လိုင်းဝဘ်ပေ့ဂ်ျမှာတင်လို့ရသည့် keyloggerနှင့်hardware keyloggerဆိုပြီးရှိနေပါသေးသည်။ ငှင်းတို့အားသုံးစွဲထားသည့် ကွန်ပျုတာမှဆိုလျှင် taskmanager ခေါ်ပြီး end process ပေးလိုက်လျှင်တောင်မရနိုင်တော့ပါ။
ထို့အတွက် အများကြီး သတိထားနိုင်ကာမှ တော်ကာကျမည်ဖြစ်ပါသည်။ ယခုပို့စ်လေးကို ရေးပြီးမိတ်ဆွေတို့အားလုံးကို ပို့ရတဲ့အကြောင်းရင်းမှ့ာပြီးခဲ့တဲ့ တစ်ရက်ကပဲ ကျွန်တော့်ကိုပြည်တွင်းမှတတ်ကြွလှုပ်ရှားနေသူ မိတ်ဆွေ တစ်ယောက်မှနေ၍ ရန်ကုန်ုမြို့တာမွေမြို့နယ် ကျောက်မြောင်းအရပ်တွင် ရှိသော အင်တာနက်ဆိုင်တစ်ဆိုင်တင် နိုင်ငံရေးလှုပ်ရှားသူတစ်ယောက် ပြည်ပနှင့် အဆက်အသွယ်လုပ်နေကြောင်း တွေ့ရှိရ၍ဆိုကာ အထောက်အထားနှင့်တကွ အဖမ်းခံရတယ်ဟုပြောပြခဲ့၍ အခြားသောပြည်တွင်းမှ တက်ကြွလှုပ်ရှားသူတွေ အနှေနှင့်နည်းပညာပိုင်း အရ ရှောင်လွှဲလို့ရနိုင် တဲ့အချက်လေးတစ်ချက်အဖြစ်နဲ့ တစ်ဘက်တစ်လမ်းကနေ အထောက်အကူ ဖြစ်စေချင်လို့ပဲ ဖြစ်ပါသည်။
မေးလ်ထဲကို ပေးပို့ လာလို့ ပြန်လည် မျှဝေလိုက်ပါတယ်ရှင်..
ရွှေနန္ဒ shwenanda
http://www.shwenanda.com/


Rest of your post

Read More...

ဝန်ထမ်းများကို ကိုယ်ထိလက်ရောက် အနိုင်ကျင့် စော်ကားနေတဲ့ ဗဟိုမန်နေဂျာ ဗိုလ်မှူးမောင်ညိမ်း အကြောင်း


မြန်မာနိုင်ငံတွင် မတရားအုပ်ချုပ်နေသော နအဖပေါ်လစီအရ စစ်တပ်မှ အရာရှိများကို အရပ်ဘက်သို့  ပြောင်းလဲတာဝန်ချရာတွင် အဆိုပ် စစ်တပ်မှ အရာရှိဟောင်းများသည် အရပ်ဘက်သို့  ပြောင်းလဲလာကြသော်လည်း အရပ်ဘက်ရုံးများတွင် အရပ်သားဝန်ထမ်းများကို ဆက်ဆံရာတွင် စစ်သား စိတ်မပျောက်ပဲ စစ်တပ်ဆန်ဆန် ဖိနှိပ်ချုပ်ချယ်နေမှုကြောင့် ဖြစ်ပေါ်လာသော အဆင်မပြေမှုများသည် မြန်မာနိုင်ငံ ၀န်ထမ်းလောကတွင် များစွာ ဖြစ်ပျက်လျက်ရှိပါသည်။
ယခုလည်း သစ်တောရေးရာဝန်ကြီးဌာနလက်အောက်ရှိ အမှတ် (၈၈)၊ ခြောက်မိုင်ခွဲ ပြည်လမ်း ရန်ကုန်မြို့ ရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန (I.B.C) ၏ ဗဟိုမန်နေဂျာဖြစ်သော ဗိုလ်မှူးမောင်ညိမ်းဆိုသူသည် လက်အောက်ဝန်ထမ်းများအပေါ် လူ့ ဂုဏ်သိက္ခာညှိုးနွမ်းအောင် လူမဆန်စွာ ဖိနှိပ်အုပ်ချုပ်မှုများ ရှိနေကြောင်း ကုန်သွယ်မှု ဗဟိုဌာန (I.B.C) ၀န်ထမ်းအသိုင်းအ၀ိုင်းမှ ပြောဆိုနေကြကြောင်း သတင်းရရှိပါသည်။
၎င်း ဗိုလ်မှူး မောင်ညိမ်းသည် လက်အောက်ဝန်ထမ်းများကို ရုံးလုပ်ငန်းကိစ္စများတွင်သာမက မိမိကိုယ်ရေးကိုယ်တာကိစ္စများပါ ခိုင်းစေပြိး တိုခိုင်းစေမှုများကို ၄င်းစိတိအခန့် မသင့်ပါက ကိုယ်ထိလက်ရောက် ကျုးလွန်စော်ကားသည်အထိ ပြုမှုနေကြောင်း သိရှိရပါသည်။
နေပြည်တော်ရှိ ကုန်သွယ်မှု ဗဟိုဌာန (I.B.C) စားသောက်ဆိုင်ခွဲတွင် တာဝန်ထမ်းဆောင်နေသူ မောင်ကျော်သူထင်အား ဗိုလ်မှူးးမောင်ညိမ်းမှ မျစ်ချဉ်ကန်ပြုလုပ်ရန် စေခိုင်းခဲ့ရာတွင် အချိုးမပြေဟုဆိုကာ ဆဲဆိုပြီး ဦးခေါင်းအား သစ်သားချောင်းဖြင့် ရိုက်နှက်ခဲ့ရာ ၀န်ထမ်းဖြစ်သူ မောင်ကျော်သူထင်မှာ ဦးခေါင်းကွဲသဖြင့် ဦးခေါင်းဒါဏ်ရာအတွက် ဆေးခန်းတွင် ချုပ်ယူရသည်အထိ ဖြစ်ခဲ့ကြောင်း မျက်မြင်များမှ ပြောကြားပါသည်။ သို့ ရာတွင် မောင်ကျော်သူထင်၏ မိဘဆွေမျိုးများထဲမှ အချို့ သည် ဗိုလ်မှူးမောင်ညိမ်း လက်အောက်တွင် တာဝန်ထမ်းနေရသဖြင့် မောင်ကျော်သူထင်မှ သူ့  ဆွေမျိုးများကို ဗိုလ်မူးမောင်ညိမ်းမှ အညိုးထားကာ အလုပ်ဖြုတ်ပစ်မည်စိုးသဖြင် ယင်းဖြစ်စဉ်အား သက်ဆိုင်ရာသို့  တိုင်ကြားမှုမပြုရဲဘဲ ရေငုံနုတ်ပိတ်နေခဲ့ရကြောင်း နီးစပ်သူများမှ ပြောကြားပါသည်။
ထို့  အပြင် မောင်ကျော်သူထင်၏ ဇနီးဖြစ်သူ ကုန်သွယ်မှု ဗဟိုဌာန (I.B.C) ၏ ၀န်ထမ်း မဇင်လေးမွန်အား မိုက်ခရိုဖုံး ပြုပြင်ခိုင်းရာတွင် အဆင်မပြေဟုဆိုကာ အဆိုပါ ဗိုလ်မှူးမောင်ညိမ်းမှ မဇင်လေးမွန်အား လဲကျသည်စေအထိ ပါးရိုက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ကုန်သွယ်မှု ဗဟိုဌာန (I.B.C) ရုံးတွင် ဥပဒေနှင့် မညီသော ဗိုလ်မှူး မောင်ညိမ်း၏ နုတ်မိန့် ဖြင့် ၀န်ထမ်းများ၏ အပိုဆုကြေး (Bonus) များအား ထုတ်မပေးခြင်း၊ ကုန်သွယ်မှု ဗဟိုဌာန (I.B.C) တွင် အလုပ်ဝင်သူ မည်သူဖြစ်စေ မှတ်ပုံတင်အား ဗိုလ်မှူးမောင်ညိမ်းမှ သိမ်းဆည်းထားပြီး အလုပ်ထွက်ပြီး ခြောက်လကြာမြင့်သည်အထိ မှတ်ပုံတင်အား ပြန်မပေးခြင်း စသည် ဥပဒေနှင့် မညီညွတ်သော မမှန်ကန်သော စည်းကမ်းများလည်း ချထားကြောင်း သိရှိရသည်။
ဗိုလ်မှူးးမောင်ညိမ်းသည် နအဖသစ်တောရေးရာဝန်ကြီးနှင့် ပနာသင့်သူတစ်ဦးဖြစ်ပြိး အဆိုပါ နအဖသစ်တောရေးရာဝန်ကြီးမှ ၄င်းအား ကျောထောက်နောက်ခံကာ အကာအကွယ်ပေးနေကြောင်း နီးစပ်သူများမှ ပြောကြားကြပါသည်။
အဆိုပါ ကုန်သွယ်မှု ဗဟိုဌာန (I.B.C) ရုံးတွင် ၀န်တမ်းဦးရေ (၆၀) ဦးခန့်  ရှိရာတွင် အယောက် (၄၀) ဦးခန့် မှာ ဗိုလ်မှူးမောင်ညိမ်း၏ ကိုယ်ထိလက်ရောက် စော်ကားမှုကို မတရားခံခဲ့ရသူများ ဖြစ်ကြကြောင်းနှင့် အလုပ်အကိုင်အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်နစ်နာမှု ဖြစ်မှာ စိုးရိမ်ပြီး သက်ဆိုင်ရာသို့  တိုင်ကြားမှု မပြုရဲကြဘဲ ခေါင်းငုံ့ ခံနေခဲ့ကြရကြောင်း သိရှိရပါသည်။
အဆိုပါ ရိုင်းစိုင်းယုတ်မာသူ အာဏာရာထူးဖြင့် အနိုင်ကျင့်စော်ကားသူ ဗိုလ်မှူးမောင်ညိမ်းဆိုသူအား အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (I.L.O) သို့  ၄င်း၏ လုပ်ငန်းခွင်အတွင်း မတရားအနိုင်ကျင့်မှုများအတွက် တိုင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ အာဏာရာထူးဖြင့် အနိုင်ကျင့်စော်ကေားနေသူများအား ပြည်သူများမှလည်း လိုအပ်သလို ဒဏ်ခတ်ဆောင်ရွက်ရန်ကိုလည်း တိုက်တွန်းအပ်ပါသည်။
ဝန်ထမ်းများအား မတရားအနိုင်ကျင့်ဆက်ဆံနေသော ဗိုလ်မှူးမောင်ညိမ်းဆိုသူအား အများသူငှာ သိရှိစေရန်အတွက် ဓါတ်ပုံနှင့်တစ်ကွ ဖေါ်ပြလိုက်ပါသည်။
"August8888"
Rest of your post

Read More...

•လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ကိုထိန်လင်းယနေ့ မနက်ပိုင်းက မင်္ဂလာဒုံလေဆိပ်မှ ပြန်လည် ထွက်ခွာ (VOA)








SummaryRest of your post

Read More...