Wednesday, August 6, 2008

နိုင်ငံတကာ AIDS တိုက်ဖျက်ရေး ဖဲကြိုးနီဆု SAW အဖွဲ့ မှရရှိ …

၂၀၀၈ခုနှစ် မက္ကဆီကိုမြို့တွင်ကျင်းပနေသော UN AIDS တိုက်ဖျက်ရေးညီလာခံမှ ကမ္ဘာတ၀ှမ်း AIDS တိုက်ဖျက်ရေးမှာ စံပြ ပါဝင်ခဲ့ကြတဲ့လူထုအခြေပြုအဖွဲ့အစည်း၂၅ ဖွဲ့ကိုဖဲကြိုးနီ ဆုချီးမြှင့်ခဲ့ပါတယ်။ ဆုချီးမြှင့်ခံရတဲ့ အဖွဲ့တွေထဲမှာ ထိုင်းမြန်မာနယ်စပ်မှ Social Action for Women (SAW) အဖွဲ့လည်းအပါ အ၀င်ဖြစ်ပါတယ်။ (SAW)အဖွဲ့က ထိုင်းမြန်မာနယ်စပ်တွင် ရွှေ့ပြောင်းအလုပ်သမားများကို ကျန်းမာရေး ပညာပေး လုပ်ငန်းများ၊ HIV/AIDS ဝေဒနာရှင်များအားစောင့်ရှောက်မှု၊ ခိုကိုးရာမဲ့အမျိုးသမီးများကလေးများ ကူညီစောင့်ရှောက်ပေးမှုများနှင့် မိဘမဲ့ကလေးများ စောင့်ရှောက်မှု စသည့်များကို လုပ်ဆောင်ပေးနေတဲ့ အဖွဲ့တဖွဲ့ဖြစ်ပါတယ်။ ဒီဆုကို SAW အဖွဲ့ရဲ့အကြံပေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါက်တာဒေါ်ဝင်းမြင့်သန်း မှ အဖွဲ့၏ကိုယ်စားတက်ရောက်ယူမှာ ဖြစ်ပါတယ်။
http://socialactionforwomen.blogspot.com

0 comments: