Monday, August 9, 2010

ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံ၂၂နှစ်မြောက်


၈ရက်နေ့မွန်းလွဲ ၂နာရီခွဲအချိန် ဂျပန်နိုင်ငံတိုကျိုမြို့ ရှီနာဂါဝါမြို့နယ် ဂိုတန်းဒပန်းခြံမှ မြန်မာနိုင်ငံသံရုံးအနီးရှိ ပန်းခြံအထိ ချီတက်ဆန္ဒပြပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ ဆန္ဒပြရခြင်းရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်၂၆နှစ်ကြာစစ်အာဏာရှင်စနစ်၊တပါတီ
အာဏာရှင်စနစ်ကြီးစိုးနေမှုပြုတ်ကျသည် အထိတိုက်ပွဲဝင်ခဲ့သော၁၉၈၈ လူတုအရေးတော်ပုံကြီး၂၂ နှစ်မြောက်အထိမ်းအမှတ် ဆန္ဒပြပွဲဖြစ်ကြောင်းသိရှိရပါသည်။ဤပွဲသို့ ဂျပန်ရောက်မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းအသီးသီး၊ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီး၊မြန်မာ့ဒီမိုကရေစီအရေးစိတ်ဝင်စားသူ ဂျပန်အဖွဲ့အစည်းအသီးသီး၊ ဂျပန်သတင်းဌာနများနှင့်တသီးပုဂ္ဂလဂျပန်လူမျိုးများအပါအ၀င်အင်အားစုစုပေါင်း၁၂၀၀ခန့်ပါဝင်ဆန္ဒပြခဲ့သည်ဟုသိရှိရပါသည်။ဤဆန္ဒပြပွဲကို ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီအင်အားစုများပူးပေါင်းတာဝန်ယူခဲ့ကြပြီးအခမ်းအနားမှုးအဖြစ် ဦးဇော်မင်းထွန်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှတာဝန်ယူဆောင်ရွက်ခဲ့ပါသည်။နေ့လည်၂နာရီတွင်အခမ်းအနား စတင်ခဲ့ရာ သံဃာတော်တပါးမှ၊ နိုင်ငံရေးအဖွဲ့ ကိုယ်စားလှယ်များမှ ၎င်းမြန်မာ့ဒီမိုကရေစီအရေးဆိုင်ရာကိစ္စများကိုအသီးသီးပြောကြားပေးခဲ့ကြပြီး၂နာရီခွဲတွင် စတင်ချီတက်ခဲ့ကြပါသည်။ လမ်းတလျှောက်တွင် ဒီမိုကရေစီရေးဆိုင်ရာကျွေးကျော်သံများသံပြိုင်ရွတ်ဆိုချီတင်ခဲ့ကြပြီး၃နာရီခွဲခန့်တွင် မြန်မာနိုင်ငံသံရုံး အနီးရှိပန်းခြံသို့ရောက်ရှိခဲ့ပါသည်။ထိုပန်းခြံတွင်ဆက်လက်၍ အဖွဲ့ကိုယ်စားလှယ်အချို့နှင့်ဂျပန်ကိုယ် စားလှယ်များ မှအသီးသီးမိမိတို့ အယူအဆများကိုရှင်းလင်းပြောကြားခဲ့ကြပြီး၎နာရီခန့်တွင်ဆန္ဒပြပွဲအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
သတင်းနှင့်ဓါတ်ပုံ ဦးထွန်းထွန်းနိုင် ကိုဝင်းကြိုင် ၀င်းခိုင်ထွန်း
Rest of your post

0 comments: