Thursday, September 17, 2009

နအဖဝန်ကြီးချုပ်၏ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှင်းလင်းပွဲကို ကန့်ကွက်ဆန္ဒပြ


၂၀၀၉စက်တင်ဘာလ၁၇ရက်။ ။
ဂျပန်နိုင်ငံတိုကျိုမြို့ရှီဘူယမြို့နယ်ကုလသမဂ္ဂရုံးရှေ့တွင်ယနေ့ ၃နာရီမှ၎နာရီအတွင်းဆန္ဒုပြပွဲကျင်းပခဲ့ပါသည်။နအဖစစ်အစိုးရ၏ဝန်ကြီးချုပ် ဦးသိန်းစိန်သည် ကမ္ဘာ့ကုလသမဂ္ဂသို့သွားရောက်၍ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအား လူထုထောက်ခံမှုကိုရှင်းလင်းမည့်ကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြပါသည်။နအဖစစ်အုပ်စုမှ တဖက်သတ်ရေး ဆွဲထားသောဖွဲ့စည်းပုံအခြေခံဥပဒေအားလုံးဝလက်မခံနှိုင်ကြောင်း၊ ကုလသမဂ္ဂ အနေဖြင့်မြန်မာပြည်သူ တို့မလို လားသော ၂၀၁၀ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်လိုကြောင်း၊၁၉၉၀ရွေးကောက်ပွဲရလဒ်ကိုစစ်အစီုးရမှ လက်တွေ့အကောင်
အထည်ဖေါ်စေရန် ကုလသမဂ္ဂအနေဖြင့်တိုက်တွန်းပေးစေလိုကြောင်း အစရှိသည့်အချက်များ တောင်းဆိုဆန္ဒပြခဲ့ကြပါသည်။ဤပွဲသို့ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့အစည်းအသီးသီး၊တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးနှင့် အခြားအဖွဲ့အစည်းများမှ စုစုပေါင်းအင်အား၅၀ကျော်တက်ရောက်ခဲ့ကြပါသည်။မနက်ဖြန် နေ့ ၂နာရီမှ ၄နာရီ ရှီနာဂါဝါမြို့နယ် နအဖ အခွန်ရုံး ရှေ့တွင် နဝတ အာဏာသိမ်းသည့်နေ့ ဆန္ဒပြပွဲ ပြုလုပ်မည်ဖြစ်ရာ စိတ်ပါဝင်စားသူများ ပါဝင်နှိုင်စေရန် အသိပေးဖိတ်ကြားအပ်ပါသည်။
soe aung win
sunny quinlivan"

Rest of your post

0 comments: