Monday, August 31, 2009

ဒီပဲယင်း ၇၅လပြည့်အထိမ်းအမှတ်ဆန္ဒပြပွဲ


ယနေ့ နေ့လည် ၃နာရီမှ ၄နာရီအချိန် ဂျပန်နိုင်ငံတိုကျိုမြို့ ရှိနာဂါဝါ မြို့နယ်နအဖအခွန်ရုံးရှေ့တွင် ဒီပဲယင်း အရေး အခင်း၇၅လပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဆန္ဒပြပွဲအခမ်းအနားကျင်းပခဲ့ပါသည်။
၂၀၀၉ဩဂုတ်လ၃၀ရက်။ ။

"sunny quinlivan"
ယနေ့ နေ့လည် ၃နာရီမှ ၄နာရီအချိန် ဂျပန်နိုင်ငံတိုကျိုမြို့ ရှိနာဂါဝါ မြို့နယ် နအဖအခွန်ရုံးရှေ့တွင် ဒီပဲယင်းအရေးအခင်း၇၅လပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဆန္ဒပြပွဲအခမ်းအနားကျင်းပ
ခဲ့ပါသည်။၂၀၀၃ခုနှစ်မေလ၃၀ရက်နေ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏အထက်မြန်မာပြည်ခရီးစဉ်စစ်ကိုင်းတိုင်းဒီပဲယင်းမြို့နယ်ကျည်ရွာအနီးရောက်ရှိစဉ် စနစ်တကျကြိုတင်ကြံစည် လုပ်ကြံမှုဖြစ်ပွား
ခဲ့ရာ ယခုဆိုလျှင် ၇၅လပြည့်ခဲ့ပြီဖြစ်ပါသည်။အဆိုပါ အဖြစ်အပျက်ကိုမမေ့နိုင်ခြင်း၊တရားခံအစစ်အမှန်ကိုဖေါ်ထုတ်ပေးစေ လိုခြင်းတို့ကြောင့် မြန်မာ့ဒီမိုကရေစီအင်အားစုများက ယနေ့ ဆန္ဒပြခဲ့ရခြင်းဖြစ်ပါသည်။ဤဆန္ဒပြပွဲ
ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ တာဝန်ယူ ကျင်းပခဲ့ပါသည်။ ဤပွဲသို့ ဂျပန်နိုင်ငံရှိ မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှ၎င်း၊မြန်မာ့တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးမှ၎င်း အင်အား
၁၃၀ခန့်ပါဝင်ခဲ့ပါသည်။ယနေ့တနင်္ဂနွေနေ့ ဂျပန်ပြည်သူများအနားယူရုံးပိတ်ရက်ဖြစ်ခြင်းကြောင့်အနှောက်အယှက်မဖြစ်စေရန်ငြိမ်သက်စွာစည်းကမ်းရှိရှိဆန္ဒပြခဲ့ပါသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ၏ ဥက္ကဌ ဦးသန့်ဇင်ဦးမှ ယနေ့တက်ရောက်လာကြသူ ဒီမိုကရေစီအင်အားစုများ အေးချမ်းစွာစည်းကမ်းရှိရှိ ဆန္ဒပြမှုကိုကျေးဇူးတင်ကြောင်းနှင့် ရှေ့ဆက်ရမည့်ဒီမိုကရေစီရေးကိစ္စတို့ကိုရှင်းလင်း ပြောကြားခဲ့ပါသည်။
နောက်နေ့ နေ့လည်၃နာရီမှ ၄နာရီတွင်လည်း နအဖအခွန်ရုံးရှေ့တွင်ဆန္ဒပြပွဲရှိပါသည်။မြန်မာနိုင်ငံတွင် ``မြန်မာလူမျိုးစုများ ဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစု(MYANMAR NATIONAL DEMOCRACY ALLIANCE ARMY)နှင့် နအဖစစ်တပ် တိုက်ပွဲဖြစ်ပွားလျှက်ရှိရာ နအဖ၏ထိုလုပ်ရပ် ကို ကန့်ကွက်ရှုတ်ချ ရန်ရည်ရွယ်ချက်ဖြင့်ဆန္ဒပြပါမည်။ဤပွဲသို့လည်း မြန်မာ့ဒီမိုကရေစီဘက်တော်သားများပါဝင်ပူးပေါင်းကြပါရန် လေး.စားစွာဖိတ်ကြားအပ်ပါသည်။
soe aung win

0 comments: