Saturday, August 1, 2009

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုက နအဖ၏ မတရားမှုကို


၂၀၀၉ဇူလိုင်လ၃၁ရက်။ ။ ယနေ့နေ့လည်၁၂နာရီအချိန် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိနာဂါဝါမြို့နယ် နအဖ အခွန်ရုံးရှေ့တွင် ဒီမိုကရေစီအင်အားစုများဆန္ဒပြခဲ့ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏အမှုကို ယနေ့စီရင်ချက်ချမည့်ကိစ္စအတွက် ဤမတရားမှုကို ကန့်ကွက်ဆန္ဒပြကြခြင်းဖြစ်ပါသည်။ကိုစိန်ဌေး(မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်)မှ အခမ်းအနားမှူးအဖြစ်ဆောင်ရွက် ၍ ဂျပန်နိုင်ငံရှိ နိုင်ငံရေးအဖွဲ့အစည်း
အသီးသီး၊တိုင်းရင်းသား အဖွဲ့အစည်းအသီးသီး၊ဂျပန်နိုင်ငံသတင်းဌာနများ(NHK,TBS,ASAHI, APF) နှင့်နိုင်ငံတကာ မြန်မာ့ဒီမိုကရေစီအင်အားစု ကိုယ်စားလှယ်များ အင်အား စုစုပေါင်း ၂၅၀ခန့်တက်
ရောက်ခဲ့ကြပြီး ညနေ ၄နာရီတွင် ဆန္ဒပြပွဲအခမ်းအနား ပြီးဆုံးခဲ့ပါသည်။ဤ အခမ်းအနားတွင် ဦးကျော်ကျော်စိုး(မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်-ဥက္ကဌ) နှင့် ဦးသန်းဆွေ(JAC ကိုယ်စားလှယ်) တို့မှ ဒေါ်အောင်ဆန်းစုကြည်
အမှုစီရင်ချက်ချရန် ဩဂုတ်လ ၁၁ရက်နေ့သို့ရွှေ့ဆိုင်းလိုက်ခြင်း ကို၎င်း၊နအဖလက်ရှိရင်ဆိုင် နေရသောအကျပ်အတည်းများအပေါ် ဆက်လက်ဖိအားပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြပါသည်။
ကိုဆလိုင်းယောအောင်(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-ABSDF) မှ ` ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများ ကို အားရကျေနပ်မိကြောင်း၊အင်အား၃ရပ် (နယ်စပ်ဒေသ၊နိုင်ငံတကာ၊မြန်မာ
ပြည်တွင်း)ဟန်ချက်ညီလှုပ်ရှားမှအောင်မြင်နိုင်ကြောင်း၊နအဖ၏ နိုင်ငံရေး အကျပ်အတည်း၅ရပ် (ဒေါ်စု ကိစ္စ၊စစ်တပ်တွင်းမတည်ငြိမ်မှု၊ကမ္ဘာ့စီးပွားပျက်ကပ်၊၂၀၁၀ ရွေးကောက်ပွဲ၏ စိန်ခေါ်မှု၊အပစ်အခပ်ရပ်စဲရေး)တို့ကို
ထောက်ပြ ဝေဖန်ခဲ့ပါသည်။ ကိုမိုးသီးဇွန်မှလည်း `၈၈` မှ ယနေ့ထိ ၂၁နှစ် တိုင် အောင် မြန်မာပြည်တွင် အဓမ္မဝါဒီတို့နှင့် တရားမျှတမှု တို့စစ် ဖြစ်နေရကြောင်း၊အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်
မှ အပြုသဘောကမ်းလှမ်းချက် ကို ငြင်းဆန်ခဲ့သော နအဖ၏လုပ်ရပ်ကိုဝေဖန်ရှုတ်ချ လိုက်ပြီး ယခင် မိမိလာရောက်ခဲ့သောနှစ်များထက် ဒီမိုကရေစီ အင်အားစုများတိုးပွားလာသည်ကို မြင်ရ၍ အားတက်မိကြောင်း
ပြောကြားခဲ့ပါသည်။ကိုမြတ်စိုး (ဗကသ အဖွဲ့ဝင်ဟောင်း -အမေရိက)မှ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆန့်ကျင် သွေဖည်နေသော နအဖ၏လုပ်ရပ်များကိုဝေဖန်ပြောကြားခဲ့သလို ဂျပန်နိုင်ငံေ၇ာက်တိုင်းရင်းသား
အဖွဲ့အစည်းများကိုယ်စား ``မိုင်ကျော်ဦး `` မှ၂၁နှစ်ကြာ ဒီမိုကရေစီတော်လှန်ရေးဆက်လက်ကြိုးပန်းကြရန်၊စစ်အာဏာရှင်စနစ်ပြို ကွဲ ရန် အားလုံးသွေးစည်း ညီညွတ် ကြပါရန် တိုက်တွန်းပြောကြားသွားခဲ့ပါသည်။
နောက်ဆုံးအစီအစဉ်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ မှ ဒေါ်ကေသီသိန်း(ဂျပန်ဘာသာဖြင့်) နှင့် ဦးထွန်းငြိမ်း(မြန်မာဘာသာဖြင့်)ဦးဆောင်၍ ကြွေးကြော်သံများ
သံပြိုင် ရွတ်ဆိုကာ အခမ်းအနား ပြီးဆုံးခဲ့ပါသည်။ဩဂုတ်လ ၈ရက် စနေနေ့ နေ့လည် ၂နာရီခွဲ တိုကျိုမြို့ ဂိုတန်းဒ မြို့နယ် ပန်းခြံ တွင် စုဝေး၍ ၈၈၈၈ အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ ရှိ ကြောင်းကို လည်း
သိရှိ ရပါသည်။
soe aung win
"sunny quinlivan"

0 comments: