Thursday, July 30, 2009

၇၄လမြောက် ဒီပဲယင်း အထိမ်းအမှတ် အခမ်းအနား


၂၀၀၉ခုနှစ်ဇူလိုင်လ ၃၀ရက်။ ။ ၂၀၀၃ခုနှစ်မေလ၃၀ရက်တွင်ဖြစ်ပွားခဲ့သော ဒီပဲယင်းအရေးအခင်းမှာ ယနေ့ဆိုလျှင် ၇၄လပြည့်ခဲ့ပါသည်။စစ်အစီုရ၏ စနစ်တကျ ကြိုတင်ကြံစည်လုပ်ကြံ သတ်ဖြတ်မှူ ကို မမေ့နိုင်ကြသော၊ ဖြစ်ရပ်မှန် ဖေါ်ထုတ်ပေးစေ
လိုကြသော မြန်မာ့ဒီမိုကရေစီ အင်အားစု များ က ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီနာဂါဝါမြို့နယ် နအဖ အခွန်ရုံးရှေ့ တွင် စုဝေး၍ ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ကို ညနေ ၃နာရီမှ ၄နာရီ အတွင်း ကျင်းပခဲ့ ကြပါသည်။

ဤအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဦးဆောင်ကျင်းပခဲ့ပါသည်။ အခမ်းအနားမှူး အဖြစ် ဦးသာဇော်မောင်မောင် တွဲဖက် အတွင်းရေးမှူး-၂ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ ကဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံရေးအဖွဲ့အစည်း.အသီးသီးနှင့် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီး တို့မှစုစုပေါင်း အင်အား ၁၃၀ ကျော် တက်ရောက်ခဲ့ ပါသည်။ဤ အခမ်းအနား တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ၏ အတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ ဒီပဲယင်းလုပ်ကြံမှု ဆိုသည်မှာ ``မဆလ၊နဝတ၊နအဖ ခေတ်တိုင်းတွင် ဖြစ်ပျက်ခဲ့သော အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုပြိုကွဲစေသော`` ဖြစ်ရပ် များထဲမှ တခုဖြစ်ကြောင်း၊ထိုကဲ့သို့ လုပ်ဆောင်နေမှု များကြောင့် လည်း မြန်မာနိုင်ငံမှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဘဝ ရောက်ခဲ့ရကြောင်း၊ ယနေ့မြန်မာလူထုတရပ်လုံးနီးပါး နေ့စဉ်စားဝတ်နေရေးကို
ခက်ခဲစွာ ဖြေရှင်းနေရသည့် အခြေအနေ ဖြစ်နေရကြောင်း၊ထို့ကြောင့် ဂျပန်ရောက် ဒီမိုကရေစီ အင်အားစုများ အနေဖြင့် မိမိတို့ နိုင်ငံလက်ရှိအခြေအနေကို မိမိတို့ လေးလေးနက်နက် ရှိကြစေလိုကြောင်းများပြောကြားခဲ့သလို ကိုမောင်မောင်လှ(မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်)၊L ZAU LA (ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း-ဂျပန်) ၊ကို ဖုန်းမြင့်ထွန်း(မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ) တို့ မှလည်း တညီတညွတ်တည်းပင် ထောက်ခံပြော ကြား သွားခဲ့ကြ ပါသည်။နောက်နေ့ဇူလိုင်လ ၃၁ရက်နေ့တွင် နအဖအခွန်ရုံးရှေ့၌ ပင်ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက်ချ မည့်ကိစ္စအတွက်နေ့လည် ၁၂နာရီမှ စတင်ဆန္ဒပြမည်ဖြစ်ကြောင်းသိရှိရပါသည်။
soe aung win
"sunny quinlivan"

0 comments: