Monday, July 27, 2009

၂၀၁၀ခုနှစ် အလုပ်အမှုဆောင်သက်တမ်း၏ ဒုတိယခြောက်လပတ် ညီလာခံကျင်းပ


http://www.nldlajpb ranch.com/
ခြောက်လပတ်ညီလာခံကျင်းပပြီးစီး
၂၀၀၉ဇူလိုင်လ၂၆။ ။
ယနေ့နံနက် ၉နာရီ မှ ညနေ ၄နာရီ ဂျပန်နိုင်ငံ တိုကျို မြို့ မီနာမီ အိုးဆုက ဒိုက်အိချိခန်းမ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ ၂၀၀၈-၂၀၁၀ခုနှစ် အလုပ်အမှုဆောင်သက်တမ်း၏ ဒုတိယခြောက်လပတ် ညီလာခံကျင်းပရာ နာဂိုယာမှအဖွဲ့ဝင်များအပါအဝင် အင်အား ၁၂၀ခန့်တက်ရောက်ခဲ့ကြပါသည်။ သဘာပတိအဖြစ် ဦးသန့်ဇင်ဦး(ဥက္ကဌ) မှဆောင်ရွက်ပြီးအခမ်းအနားမှူးအဖြစ် ဦးသာဇော်မောင်မောင် တွဲဖက်အတွင်းရေးမှူး -၂ ကဆောင်ရွက်ခဲ့ပါသည်။ပထမပိုင်း အစီအစဉ်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မီတီလှုပ်ရှားမှုအစီရင်ခံစာတင်သွင်းခြင်း၊
အဖွဲ့ဝင်သစ် အလုပ်ကော်မီတီဝင် သစ်များအတည်ပြုခြင်း၊အလုပ်အမှုဆောင်ကော်မီတီ(ရေးရာမှူး)များအစီရင်ခံစာတင်သွင်းခြင်းများဖြင့်နေ့လည်၁၂နာရီတွင် ပထမပိုင်းအစီအစဉ်ပြီးဆုံးခဲ့ပါသည်။နေ့လည်၁နာရီ အစည်းအဝေး ဒုတိယပိုင်းစ တင်ခဲ့ ရာမြန်မာ့ ဒီမိုကရေစီ ရေးရှေ့ လုပ်ငန်းစဉ်များကို အဖွဲ့ဝင်များ ထက်သန်တက်ကြွစွာ ဆွေးနွေးအကြံပြုခဲ့ကြပြီးနောက် ဥက္ကဌဦးသန့်ဇင်ဦးမှ ဆုံး ဖြတ်ချက် များ ကို အတည်ပြုပေး၍ နိဂုံးချုပ်အမှာစကားပြောကြား ကာ ညနေ ၄နာရီတွင် ညီလာခံ အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
Soe Aung Win News and Information
"sunny quinlivan"

0 comments: