ဤမင်္ဂလာဆုတောင်းပွဲ အခမ်းအနားတွင်ပြည်ထောင်စုမြန်မာနိုင်တော်အလံအားအလေးပြုခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်းဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအားအလေးပြုခြင်း၊ ခေတ်အဆက်ဆက်ဒီမိုကရေစီ အရေးတော်ပုံအတွင်းကျဆုံးသွားကြသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများအား ဂုဏ်ပြုသောအားဖြင် ၈ စက္ကန့်ငြိမ်သက်အလေးပြုခြင်း၊ NLD(LA)JP အဖွဲ့ဝင်များမှ သစ္စာဝါဒီသီချင်းဖြင့်ဂုဏ်ပြုသီဆိုခြင်း၊ NLD(LA)JP၏ ဥက္ကဌ ဦးသန့်ဇင်ဦးမှ အဖွင့်အမှာစကားပြောကြားပါသည်၊ အဲဒိနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်း သားများ လွတ်မြောက်ရေးအတွက် ဌက်များလွှတ်ခြင်း။မြန်မာ့ဒီမိုကရေစီအရေးကို ကူညီဆောင်ရွက်ပေးနေသည့် မြန်မာ့လွှတ်တော် များသမဂ္ဂမှပေးပို့သော မွေးနေ့ဂုဏ်ပြုသ၀ဏ်လွှာအားဖတ်ကြားခြင်း၊ ထိုအဖွဲ့မှအတွင်းရေးမှူး SUEMATSU YOSHINORI SENSEI ၊ ဂျပန်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(RENGO)မှ ညွန်ကြားရေးမှူး MASAYUKI SHIOTA SAN ၊ တိုကျိုမြူနီစီပယ်တိုင်း လွှတ်တော် အမတ်ဟောင်း WADA MUNEHARU SENSEI ၊ ဗမာ့ရေးရာပြည်သူ့အဖွဲ့ (PFB)မှ HISAO TANABE SENSEI (ဆရာဦးရွှေဘ) ၊ မြန်မာ့အမျိုးသမီးများသမဂ္ဂ(BWU) ဂျပန်တာဝန်ခံ ဒေါ်ချိုချိုအေးနှင့် မြန်မာနိုင်ငံသားဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး အသင်း(ဂျပန်)(BRSA)မှOTAKI SANတို့မှမွေးနေ့ မင်္ဂလာ ဆုမွန်ကောင်းတောင်းခြင်းများပြုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိအား ဖတ်ကြားခြင်း ၊ ဂုဏ်ပြုကဗျာရွတ်ဆို ခြင်းဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှားမှုများအား ဆလိုက်ထိုးပြခြင်း ပြီးနောက် NLD(LA)JP ၏ ဥက္ကဌ ဦးသန့်ဇင်ဦးမှ မွေးနေ့အခမ်းအနား နိဂုံးချုပ်အမှာစကားပြောကြားပြီးဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် PAUL MCCARTNEY ရေးသားသည့် FREEDON သီချင်းဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကိုမောင်နှမများမှ ဂုဏ်ပြုသီဆို၍ မြန်မာ့ဒီမိုကရေစီတိုက်ပွဲဝင်အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင်များ နှင့်အခမ်းအနားကိုအောင်မြင်စွာ ကျင်းပခဲ့ကြပါသည် စုစုပေါင်းဧည့်သည်တော် ၄၀၀ ခန့်တက်ရောက်ခဲ့ကြပါသည်။
သတင်းနှင့်ဓါတ်ပုံ ၀င်းခိုင်ထွန်း ကိုဝင်းကြိုင် ဦးထွန်းထွန်းနိုင်
Rest of your post
Monday, June 15, 2009
2009, 06Jun, 14Sun ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ မင်္ဂလာဆုတောင်းပွဲ ကျင်းပခြင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment