Friday, May 29, 2009

ဒေါ်အောင်ဆန်းစုကြည်အပြစ်မရှိပါ။

လေးစားရပါသော မိဘပြည်သူများ၊ဘလော့ဂ်ဂါများ၊အဖွဲ့အစည်းအသီးသီ မှတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အဖွဲ့ဝင်များ ခင်ဗျာ..
အမေရီကန်နိုင်ငံသား ဂျွန်ဝေလီယန်ယက်တော် နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းအတွင်း တိတ်တဆိတ် ဝင်ရောက်လာခြင်း သည်စစ်အစိုးရ၏ လုံခြုံရေး ညံ့ဖြင်းခြင်းကြောင့်သာ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ လူသားပီသသည့် လူလူချင်း ညှာတာစိတ်ထားသည့် ခေါင်းဆောင်တစ်ဦးပီသသည့် “သူမကြောင့် အခြားသူ တစ်ဦး အာဏာရှင် လက်ထဲ ရောက်မှာ မလိုလားပါဖူး" ဆိုတဲ့ စကားဟာ ယက်တော သူ့ဖာသာ ၀င်ရောက် လာခြင်းကို နအဖလက်ထဲ တိုင်ပြီး အပ်ရမယ့် လုပ်ရပ် ကို သူမ မလုပ်ခဲ့ပါ။ လူလူချင်း ဒုက္ခ ရောက်မယ့် လုပ်ရပ် သူမ မလုပ် နိုင်ပါ ... မြန်မာ ဖြစ်စေ နိုင်ငံခြားသား ဖြစ်စေ မခွဲခြားဘဲ ထားတဲ့ စိတ်ဓါတ်ဟာ ယက်တောရော နိုင်ငံတကာက ပြည်သူတွေရော သိစေချင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြင့်မြတ်သည့်၊ လူသား ပီသသည့်၊ နိုင်ငံကြီးသား ပီသသည့်၊ လူလူချင်း ခွဲခြားဆက်ဆံမှု မရှိသည့် ဒေါ်အောင်ဆန်းစုကြည် အတွက် ကျွန်တော် တို့ ဂုဏ်ယူထိုက်ပါသည်။ မည်သို့ပင် ဖြစ်စေကာမူ ဒေါ်အောင်ဆန်းစုကြည် တွင် လုံးဝ အပြစ်မရှိပါ။
ဒေါက်တာ - နန်းသီတာအေး
"NaingNaing Sittway"မှပေးပို့သည်

Rest of your post

0 comments: