Friday, May 22, 2009

"ဖိနပ်အသစ်နဲ့ စပျစ်သီးချဉ်များ"


(စိုးနေလင်း)

စပျစ်သီးကိုချဉ်ပစ်လိုက်ချင်သူတွေက
ပဲဝက်ပညာစွယ်ရောင်ပြ
“ ခက်ပ ...
ဒီဟာလည်း လမ်းပါပဲ
ငါးမရလည်း ရေချိုးလိုက်ကြရုံသာ ” တဲ့။

ခြေဖနောင့်တို့ကို တိုအောင်ဖြတ်
ဖိနပ်သစ် ကိုစီးချင်ကြသူများ
ဈေးကွက်ကြားမှာ ခြေချင်းထပ်
ပွဲခစပ်နေကြပုံများ။

အပြည့်အစုံသို့

0 comments: