Wednesday, April 15, 2009

ပြည်သူလူထုသို့  မေတ္တာရပ်ခံချက်

မြန်မာ့ရိုးရာနှစ်သစ်ကူးကာလ အတာသင်္ကြန်ချိန်ခါဟာ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်သို့ ရောက်ရှိတော့မည့် အချိန်အခါဖြစ်ပါတယ်။
vမြန်မာပြည်သူပြည်သားအားလုံး - ဘေးရန် အန္တရာယ်ကင်းပြီး၊ ဆင်းရဲအကြပ်အတည်း ဒုက္ခအပေါင်း နဲ့  မင်းဆိုးမင်းညစ်တို့၏ရန်မှ လွတ်မြောက်နှိုင်ကြပါစေဖို့  လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ပါတယ်။
ကျွန်တော်တို့ ပြည်သူတွေကို - နေ့တစ်ဓူဝ စားဝတ်နေရေးနဲ့ အထွေထွေအကြပ်အတည်းတွေကြားမှာ နင်းပြားဘဝကနေ မတက်နှိင်အောင် အနှစ်နှစ်ဆယ်ကျော် စနစ်တကျဖိနှိပ်ထားတဲ့ နအဖအာဏာရှင်ရဲ့  အသိုင်းအဝိုင်းတခုလုံးကတော့ လူထုထံက စုပ်ထားတဲ့ ဂုတ်သွေးတွေနဲ့အောင်သေအောင်သားစားပြီး အောင်ပွဲသဘင်ဆင်ရင်ဖို့ အကြီးအကြယ်ပြင်ဆင်နေကြတယ်ဆိုတာ ပြည်သူအများ အသိဖြစ်ပါတယ်။
နာဂစ်မုန်တိုင်းဒါဏ်ခံခဲ့ရတဲ့ ပြည်သူတွေမှာတော့ နေစရာမပြောနဲ့၊ သောက်ရေတောင် လုံလုံလောက်လောက် မရှိတဲ့အချိန်မှာ အာဏာရှင် သန်းရွှေရဲ့  မြေး ဖိုးလပြည့်နဲ့ အပေါင်းအပါ သွေးစုပ်ဖုတ်ကောင် ဝိသမလောဘသားတွေကတော့ မြန်မာ့ရိုးရာသင်္ကြန်ကို ခုတုံးလုပ်ကာ ကိုယ်ကျိုးအတွက် ဦးတည်ပြီး သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့်တွေနဲ့  သင်္ကြန်မဏ္ဍပ်များ ရောင်းစား ကြပါတယ်။ အဲ့ဒီလိုရောင်းစားနေကြတဲ့ သင်္ကြန်မဏ္ဍပ်တွေနဲ့  ပျော်ရွှင်မြူးတူးမှုတွေကို ဘန်းပြပြီး မူးရူးသောင်းကြမ်းကြဖို့ ၊ သူများသားပျိုသမီးပျိုတွေကို ဖျက်ဆီးကြဖို့  အားပေးနေကြပါတယ်။
ဒါ့ကြောင့် ပြည်သူလူထုကြီးကို အထူးမေတ္တာရပ်ခံချင်တာကတော့ ဒီလိုကိုယ်ကျိုးရှာ ရောင်းစားခဲ့ကြတဲ့ သန်းရွှေရဲ့ မြေး ဖိုးလပြည့်နဲ့  အပေါင်းအပါစီပွားရေားသမားတွေရဲ့  ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုပြီး၊ ဖြူစင်သန့် ရှင်းတဲ့ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ညစ်နွမ်းမှောင်မိုက်အောင် ဖန်တီးပြုလုပ်တဲ့ လုပ်ရပ်ကို အထူးသတိထား ဆင်ခြင်မြင်တွေ့ ကြဖို့  လိုပါတယ်။
ဒီ့အတွက် ယခု မြန်မာ့ရိုးရာမင်္ဂလာနှစ်သစ်ကူးမှာ ကောင်းကျိုးအစစ်အမှန်ဖြစ်တဲ့ ကုသိုလ်ရေးသက်သက်အလုပ်များကိုသာ လုပ်ဆောင်ကြဖို့ နဲ့ ဘုရားသွားကျောင်းတက် စသည့် ဘာသာရေး၊ သာသနာရေးဆောင်ရွက်ရာ နေရာဌာနများမှလွဲ၍ သန်းရွှေရဲ့ မြေး ဖိုးလပြည့်နဲ့ သွေးစုပ်ဖုတ်ကောင် ဝိသမလောဘသားများ ရူးမူးပျော်ပါးရာနေရာဌာနများကို သွားရောက် အားပေးခြင်းမပြုကြဘဲရှောင်ရှားကြရန် အထူးပန်ကြားလိုက်ပါတယ်။
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချူပ် (Free Burma Federation – FBF)။
နေ့ စွဲ - ဧပြီလ (၁၃) ရက်နေ့  ၊ ၂၀၀၉ ခုနှစ်။
"8888 People Power" မှပေးပို့သည်

0 comments: