Sunday, March 8, 2009

Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှပိုစတာလှုပ်ရှားမှု




မြန်မာနိုင်ငံသားတိုင်းရင်းသားပြည်သူများ လက်ရှိကြုံတွေ့ခံစားနေရသောရေမီး မရရှိသည့်ဒုက္ခမှာ အခြေခံကျောင်းသားများ စာမေးပွဲရက်အတွင်းပိုမိုဆိုးဝါးလာပါသည်။ရေမီး ပုံမှန်မရရှိမှုကြောင့် မိဘပြည်သူများလည်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင်
ပိုမိုကျပ်တည်းပြီး ဆုံးရှုံးနစ်နာကြရပါသည်။

ထို့အပြင် လာလိုက်ပျက်လိုက် အမျိုးမျိုးပြောင်းလဲနေသော အင်မတန်ဆိုးဝါးသည့်
မီးပေးစနစ်ကြောင့် ၀ါယာရှော့ခ်များ မကြာခဏဖြစ်ကာ မီးလောင်မှုများလည်းဆက်တိုက်ဆိုသလို
ပေါ်ပေါက်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယခုကဲ့သို့ အခြေခံစားဝတ်နေရေးကိစ္စဖြစ်သော ရေမီးကိုပင်ပြေလည်အောင်
ဖြေရှင်းမပေးနိုင်သော အာဏာရှင် စစ်အုပ်ချုပ်ရေးကို ဆက်လက်ငုံ့ခံ မနေပဲ
ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးတရပ်ဆင်နွှဲကြရန် အသင့်ပြင်ထားဖို့လိုအပ်ပြီဖြစ်ကြောင်း
ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ
ပိုစတာလှုပ်ရှားမှု၊ နံရံဆေးမှုတ်လှုပ်ရှားမှုများကို မတ် လ ၇ရက် ၂၀၀၉ တွင် ရန်ကုန်မြို့တွင်းတွင်ပြုလုပ်ခဲ့ကြောင်း
အသိပေးအပ်ပါသည်။
"Min Yan Naing (GW)" မှပေးပို့သည်

0 comments: