Saturday, March 28, 2009

FBF Newsletter (22/3/2009)

ကိုတူမောင်ညို Argue လုပ်တာလက်ခံစရာပါဘဲ။ ကျွန်တော်တို့ တွေဒီစစ်အစိုးရကိုတိုက်ပွဲဝင်
တဲ့နေရာမှာ၊ ပြတ်ပြတ်သားသားနဲ့ ရပ်တည်ချက်ရှိဖို့လိုအပ်တယ်ဆိုတာအမှန်ပါဘဲ။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာ ဒိတ်အောက်သွားပြီဆိုတာ၊ ဒီအနောက်တိုင်းသားတွေဆီမှာလည်းပြောနေ
ကြတာတွေကြားနေရတယ်။ သူတို့အဆိုအရ၊ ဟိုးအနှစ်၂၀ တုန်းကကိစ္စကိုပြောတာထက်၊ ယနေ့
လက်ရှိကိစ္စကိုပြောတာကပို၍သဘာဝကျသည်ဟုဆိုကြသည်။ ဒါကိုပြောနေကြသူတွေသည် အစိုး
ရနှင့်ဆက်စပ်နေသောအသိုင်းအဝိုင်းမှဖြစ်ကြသည်။ ဒါကိုအသေအချာ analyze လုပ်ကြည့်ရင် တွေ့ရမှာက မြန်မာပြည်မှာဖြစ်ပျက်နေတဲ့ကိစ္စတွေကို အလေးမထားတာဖြစ်တယ်။ အတိုက်အခံများ
ကိုအထင်သေးတာဖြစ်သည်။ တကယ်လည်းသူတို့ရှုထောင့်ကကြည့်လျှင်မြန်မာ့အရေးကိုပေါ့ပေါ့တန်
တန်သာတွေးသည်ဆိုသည်မှာသဘာဝကျလှပါသည်။ ဒါပေမယ့်၊ အားလုံးကိုသိမြင်နေတဲ့မြန်မာလူမျိုး
တယောက်အနေနှင့် ဒီလိုအမြင်မျိုးရှိတာဟာတော့၊ ဝမ်နည်းစရာကောင်းလှပါသည်။ ဒီလောက်ကောက်
ကျစ်ယုတ်မာလှသည့်၊ စစ်အစိုးရကိုအားပေးသလိုလည်းဖြစ်တော့၊ သူခိုးဓါးရိုးကန်းသလိုသာဖြစ်နေသည်။
နောက်တခုကဘာလဲဆိုတော့၊ ဒီလိုအဆင်အခြင်ကင်းမဲ့စွာပြောနေကြတာသည် ရည်ရွယ်ချက်ပြောက်
နေခြင်းလည်းဖြစ်သည်။ ဒါပေမယ့်အခြားတဖက်မှာကျွန်တော်တို့ရဲ့ရန်သူစစ်အစိုးရဟာ၎င်းလိုလားတဲ့ရည်ရွယ်ချက်တွေကိုတစိုက်
မတ်မတ်နဲ့လုပ်လာနေခဲ့တာ၊ တရားဝင်စစ်အစိုးရတရပ်ဖြစ်ဖို့နီးလာနေပြီ။ ဝမ်းနည်းစရာတခုကတော့၊ ကျွန်တော်တို့အတိုက်အခံများကတော့ နိုင်ငံရေးကိုပြောနေကြတာဘဲရှိသည်။
နိုင်ငံရေးကိုအားကြိုးမာန်တက်လုပ်မနေကြသည့်ပြသနာက၊ စစ်အစိုးရကိုလုပ်ခြင်သလိုလုပ်ခွင့်ပါမစ်ပေးထားသလိုဖြစ်နေသည်။
ဧရာဝတီအွန်လိုင်းတွင်ဖေါ်ပြထားသည့် ကိုအောင်သူငြိမ်း၏ (ခံစစ်သေ) ဆောင်းပါးအားတုန့်ပြန်ချက်ဖြစ်ပါတယ်။
Uk Burmeseမှပေးပို့သည်

0 comments: