Saturday, March 14, 2009

စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်ကျဆုံးခြင်း (၂၁)နှစ်ပြည့်။ (၂၀)ကြိမ်မြောက် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ ချီတက်ဆန္ဒပြပွဲ





မတ်လ၁၃ရက် ၂၀၀၉ခုသောကြာနေ့ ဂျပန်ရောက်ဒီမိုကရေစီ အင်အားစုများမှ ကိုဖုန်းမော်ကျဆုံးခြင်း နှစ်(၂၁)နှစ်ပြည့် (၂၀)ကြိမ်မြောက် လူ့အခွင့်အရေးနေ့ချီတက်ဆန္ဒပြ ပွဲကိုဂျပန်နိုင်ငံ တိုကျိုရှီဘူယမြို့ တွင်ကျင်းပခဲ့သည် ဗမာနိုင်ငံစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ တရားဥပဒေမဲ့မှု မတရား ဖမ်းဆီးမှုများ လူတန်းစားအလွှာအသီးသီး တိုင်းရင်းသားလူမျိုးပေါင်းစုံ အသက်ရှင်ရပ်တည်မှုကို ဟန့်တားနှောင့်ယှက် မှုများကိုစစ်အစိုးရမှ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေ မှုများကို ဂျပန်ပြည် သူပြည်သားများ သိရှိနားလည်လာစေရန် ဖော်ထုတ်ကျင်းပခြင်းဖြစ်သည် တောင်းဆိုချက်များကို ဂျပန် မြန်မာဘာသာဖြင့် ကြွေးကြော်ချီတက်ဆန္ဒ ပြခဲ့သည်၊ သတင်းစာဆရာကြီး ဦးဝင်းတင်၏ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုများသို့ တိုက်တွန်းချက်စာဆောင်များ ကိုလည်းဖြန့်ဝေခဲ့သည်။
သတင်း ၀င်းခိုင်ထွန်း ဦးထွန်းထွန်းနိုင် ကိုဝင်းကြိုင်
ဓါတ်ပုံများပေးပို့သော"KAY THI" အားရွှေဝါရောင်မှအထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ပါသည်

Rest of your post

0 comments: