Saturday, March 28, 2009

မြန်မာရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်းတကျောင်းအား ထိုင်း နယ်ခြားစောင့် စစ်တပ်မှ မီးရှို့

(၂၈ မတ်လ ၂၀၀၉)
ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရမြို့နယ် ၄၄ ကီလိုကျေးရွာရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆောက်လုပ် ထားတဲ့ “အကောင်းဆုံးမိတ်ဆွေ” မူလတန်းကျောင်းအား ဒီကနေ့မနက် ၁၀ နာရီခန့်က ဒေသခံ ထိုင်းနယ် ခြားစောင့် စစ်တပ်မှ မီးရှို့ဖျက်ဆီးသွားကြောင်းသတင်းရရှိပါတယ်။ အဆိုပါဖျက်ဆီးမှုတွင် ကျောင်း အသုံးအ ဆောင်ပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကားချပ်နှင့်အတူ ကျောင်းဆောင်သစ်တိုးချဲ့ရန် သိမ်းထားသော သက်ကယ်များကိုလည်း မီးရှို့သွားကြောင်းသိရပါတယ်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ယခု မီးရှို့ခံရသောကျောင်းအနီးက ၀ါးတောရပ်ကွက်မှ မြန်မာအလုပ် သမား ၂၀၀ ကျော် နေထိုင်တဲ့ တဲအိမ် ၈၀ ခန့် ကိုယ့်တဲအိမ်ကိုယ်ဖျက်ပြီး ထွက်ပြေးခဲ့ရပါတယ်။

ယခုလ ၂၂ ရက်နေ့က ၀ါးတော့နှင့် ငှက်ပျောတောရပ်ကွက်က တဲအိမ် ၂ လုံးကိုလည်း ထိုင်းနယ်ခြားစောင့်စစ် တပ်တွေကပဲ မီးဝင်ရှို့ခဲ့ပါသေးတယ်။

အဆိုပါ အခင်းဖြစ်ပွားနေတဲ့ မဲဆောက်မြို့နဲ့ ၄၄ကီလိုမီတာဝေးတဲ့ ဖုတ်ဖရမြို့နယ် ပတ်ဝန်းကျင်က မြန်မာရွှေ့ ပြောင်း အလုပ်သမားတွေနေထိုင်ပြီး ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေတဲ့ နေရာတွေပဲဖြစ်ပါတယ်။ ဒီနေ ရာတွေကို ထိုင်း နယ်ခြားစောင့်တပ်တွေက မြန်မာအလုပ်သမားတွေကို ဆက်လက်နေထိုင်ခွင့် မပေးတော့ပဲ မောင်း ထုတ်ထားတဲ့ နယ်မြေတွေဖြစ်ပါတယ်။
(မြန်မာပြည်သား)
http://www.jacbaburma.blogspot.com

0 comments: