Friday, March 27, 2009

တော်လှန်ရေးနေ့ အထိမ်းအမှတ် ဒီမိုကရက်တစ်ရဲဘော်ဟောင်းများ(မြန်မာနိုင်ငံ)

ဒီမိုကရက်တစ်ရဲဘော်ဟောင်းများ (မြန်မာနိုင်ငံ) သည် (၂၀၁၀) ရွေးကောက်ပွဲ ကို အသိအမှတ်မပြုပါ။ ပါဝင်ယှဉ်ပြိုင်မည်ဟု ရည်ရွယ်ထားသော နိုင်ငံရေးပါတီ အဖွဲ.အစည်းများ ကို လည်း စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုကြဘဲ သပိတ်မှောက်ကြပါရန် တိုက်တွန်းပါသည်။

ဒီမိုကရက်တစ်ရဲဘော်ဟောင်းများ (မြန်မာနိုင်ငံ) သည် မြန်မာနိုင်ငံတွင် စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးနှင့် မြန်မာနိုင်ငံသားများအားလုံး လူ့အခွင့်အရေး ပြည့်ဝစွာ ခံစားနိုင်ကာ လွတ်လပ်ငြိမ်းချမ်းမှု အပြည့်အ၀ ရရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်သည်။
ဒီမိုကရက်တစ်ရဲဘော်ဟောင်းများ (မြန်မာနိုင်ငံ) သည် တော်လှန်ရေး၏ အားနဲချက်၊ အားသာ ချက်တို့ကို သုံးသပ်၍ မပြောင်းလဲသောခေါင်းဆောင်မှုနှင့် အချိန်ကုန် ထိရောက်မှုမရှိသော နည်းနာ၊ လှုပ်ရှားမှုများ ကို စွန့်ပယ်ကာ အသစ်အသစ်သော ခေါင်းဆောင်မှုများနှင့် ပြတ်သား ထိရောက်သော တော်လှန်ရေးနည်းဗျူဟာ၊ ကျင့်သုံးမှုများကို လိုအပ်နေသည်ဟု ရှုမြင် သုံးသပ်ပါသည်။
ဒီမိုကရက်တစ်ရဲဘော်ဟောင်းများ (မြန်မာနိုင်ငံ)သည် မြန်မာ့တပ်မတော်အတွင်း လက်ရှိစစ်မှု ထမ်းများ၊ စစ်တပ်မှ အငြိမ်းစားယူ၊ အကြောင်းအမျိုးမျိုးကြောင့် တပ်မှ နှုတ်ထွက်၊ ထုတ်ပယ် ခြင်းခံရသော စစ်မှုထမ်းဟောင်းများ အားလုံးကို မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ်အပြီး တိုင် ချုပ်ငြိမ်းစေရန် နှင့် မြန်မာ့တပ်မတော်ကို စစ်အာဏာရှင်တစုမှ ကိုယ်ပိုင်စစ်တပ်သဖွယ် အသုံးချနေခြင်းကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်သွားကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
ရက်စွဲ။ (၂၀၀၉) ခုနှစ် မတ်လ (၂၇) ရက်
ဗဟိုကော်မီတီ
ဒီမိုကရက်တစ်ရဲဘော်ဟောင်းများ (မြန်မာနိုင်ငံ)
"maha bee"မှပေးပို့သည်

0 comments: