Thursday, March 26, 2009

"2009 တော်လှန်ရေးနေ့ မှာ ဟစ်တိုင် ပြန်လာပြီ

ဟစ်တိုင်အယ်ဒီတာ့အာဘော်
"2009 တော်လှန်ရေးနေ့ မှာ ဟစ်တိုင် ပြန်လာပြီ"
မြန်မာ့သမိုင်းမှာ ၁၉၄၅ခုနှစ် မတ်ခ်ျလ (၂၇) ရက်နေ့ ဟာ တမျိုးသားလုံးကို ဖိနှိပ်ရက်စက်လာနေခဲ့တဲ့ ဖက်ဆစ်ဂျပန်တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့  လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့တဲ့နေ့ မို့ လို့ 
တော်လှန်ရေးနေ့ လို့  သတ်မှတ်ခဲ့ ကြတယ် ။

ပွင့်လင်းရာသီ နွေဦးရဲ့ ကြီးမြတ်လှတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီနေတဲ့ တော်လှန်ရေး အခါသမယ ။
မြန်မာ့နွေသဘာဝ အရောင်ပြောင်းရွက်ဝါတို့ ကြွေကျလို့  ရွက်စိမ်းတို့ ရွက်သစ်ဝေဖို့  တာစူနေတဲ့ ကာလ။
အဟောင်းတို့ နေရာ အသစ်တို့ အစားထိုးလို့  အရိုးပြိုင်းပြိုင်း သစ်ပင်တိုင်းမှာ ချစ်စရာ ပုရစ်ဖူး၊သစ်ရွက်ထူးလေးတွေ ထွက်လာကြမယ့်ကာလ။
အဟောင်းအဟောင်းတို့ နေရာ အသစ်အသစ်တို့ အစားထိုးစမြဲ။ အတွေးအခေါ်ဟောင်းတွေနဲ့ ဝါကျင်နေတဲ့  ရက်စက်တဲ့ ဖက်ဆစ်စနစ်ရဲ့ သားကောင်တွေကို လက်နက်ကိုင်တော်လှန်ရေး အတွေးအခေါ်သစ်တွေနဲ့ မြန်မာ့မြေပေါ်က စတင်ပြောင်းပေးခဲ့တဲ့ အခါသမယ။
ရက်စက်တဲ့ ဖက်ဆစ်အာဏာရူးတွေကို သမိုင်းက လိုအပ်တဲ့အခါ တပြည်လုံး စစ်သေနတ်သံ၊ဗုံးသံတွေညံလို့  တရားမဲ့သူတိုင်းကို (ဖက်ဆစ်ဂျပန်နှင့်တကွ အလိုတော်ရိ အမျိုးသားသစ္စာဖောက် အသားထဲကထွက်တဲ့လောက်ကောင် မြန်မာတိုင်းကို) ဇီဝိန်ခြွေစေခဲ့တာ သမိုင်းရဲ့ လိုအပ်ချက်။ စစ်မှန်တဲ့ ပြောင်းလဲမှု ။ တော်လှန်မှု စစ်စစ်။
ဖက်ဆစ်ဂျပန်တွေ ထွက်ပြေးဆုတ်ခွာသွားမှ လက်နက်ကိုင်တော်လှန်ရေး အသွင်ကနေ နိုင်ငံရေးလှုပ်ရှားမှုအသွင်ြေ ပာင်းလို့  မြန်မာ့တော်လှန်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတို့  တိုင်းပြည်လွတ်လပ်ရေးရအောင် စွမ်းဆောင်ခဲ့ကြရပြန်တယ်။
လောကသုံးပါး သံသရာစက်ဝိုင်းထဲမှာ နေနေရသမျှ မြန်မာတိုင်း ၊ စနစ်ဟောင်းတွေပြောင်းဖို့  လက်နက်ကိုင် တော်လှန်ရေး အတွေးအခေါ်သစ်နဲ့ ပြောင်းခဲ့ရတာချည်းပါပဲ ။
လက်နက်ကိုင်တော်လှန်ရေးေ ခါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတို့ တောင် အစဉ်အမြဲ လက်နက်ကိုင်ခဲ့တာမဟုတ်။ လက်နက်ကိုင်တော်လှန်ရေး မလိုအပ်တဲ့ အခါဆိုရင် လက်နက်မကိုင်တဲ့ နိုင်ငံရေး
သက်သက်လုပ်ဖို့ စိတ်ဆုံးဖြတ်ခဲ့ရတာချည်းပါပဲ ။
လက်နက်ကိုင် ဝါဒက အမြဲတမ်းကောင်းတာ မဟုတ်လို့ လိုအပ်မှ သုံးရတာ အားလုံးသိတယ်။
တရားမဲ့သူတွေကို လက်နက်ကိုင်တော်လှန်ရေးနဲ့ ကျဆုံးစေခဲ့တယ် ဆိုတာတောင် အဲဒီတရားမဲ့သူတွေကို တိုက်ခဲ့သူတွေကိုယ်တိုင် လက်နက်ကိုင်ဝါဒအပေါ်မှာ ကြာရှည်စွာ ဖက်တွယ်လာမိရင် ထိုသူတွေကိုယ်တိုင် လက်နက်ကိုင်ဝါဒအပေါ် သာယာယစ်မူးရင်း တလွဲဆံပင်ကောင်းသွားတာ။မတရားမှု တွေ ကျုးလွန်သွားတတ်ကြတာပဲ။တရားမဲ့ သူတွေကိုတိုက်ခဲ့သူတချို့ ကိုယ်တိုင် တရားမဲ့သွားကြတာ ခေတ်တိုင်းမှာရှိတယ် ။
မြန်မာ့သမိုင်းမှာ အထင်ရှားဆုံး သမိုင်းရိုင်းခဲ့တဲ့ ၊လက်နက်ကိုင်ဝါဒကို တလွဲဆံပင်ကောင်းသုံးခဲ့တဲ့
ညစ်ပတ်တဲ့ နိုင်ငံရေးသမား ဂဠုန်ဦးစောတို့ လို တရားမဲ့ သူတွေဟာလည်း နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ယှဉ်ပြိုင် အနိုင်မယူရဲတဲ့အခါ၊ ဗိုလ်ချုပ်တို့ လို လူထုချစ်တဲ့ တရားရှင်နိုင်ငံရေးသမားတွေကို မထင်မှတ်ဘဲ စစ်သေနတ်တွေနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တာ၊ မသေသင့်ဘဲ ကျဆုံးခဲ့ရတာ လက်နက်ကိုင်ဝါဒကို အကြမ်းဖက်ဝါဒအဖြစ် တလွဲသုံးခဲ့ကြတဲ့ ရလာဒ်ဆိုးတွေကြောင့်ပဲ။
ကျုပ်တို့ က အဲဒီ့ ညစ်ပတ်တဲ့ လက်နက်ကိုင် အကြမ်းဖက်ဝါဒကို ရှုံ့ ချတယ်။ရွံတယ်။အဲဒီလို မရိုးသားတဲ့ အကြမ်းဖက်အသွင်နဲ့ အာဏာမြဲအောင် ၊တိုင်းပြည်ပြောင်းလဲအောင် လုပ်နေသူတိုင်းကို လုံးဝမလိုလားဘူး ။
မပြီးပြတ်သေးတဲ့ ဖခင်ဗိုလ်ချုပ် လျှောက်လှမ်းခဲ့တဲ့ နိုင်ငံရေးလမ်းကို ၊ကိုကြီးဦးနုက ဆက်လျှောက်လှမ်းလို့  ၊နိုင်ငံလွတ်လပ်ရေးရခဲ့တယ်။ ကမ္ဘာမှာ မြန်မာဟေ့လို့  ရင်ဘောင်ပြန်တန်းနိုင်အောင် နိုင်ငံရေးနည်းနဲ့ အဖက်ဖက်မှာ တိုးတက်အောင်လုပ်ဆောင်နေရင်း ၊ရောင်စုံသူပုန်တွေ လက်နက်ကိုင်အုံကြွ
ပုန်ကန်ခဲ့ကြပြန်လို့  ၊ လက်နက်ကိုင်ကို လက်နက်ကိုင်နည်းနဲ့  ဖြေရှင်းခဲ့ရပြန်တယ်။
အရာရာမှာ တဘက်စွန်းရောက်ရင် မကောင်းဘူး။တလွဲဆံပင်ကောင်းတာ လည်း မကောင်းဘူး ။မတရားမှုကို တော်လှန်တဲ့နေရာမှာသာ လက်နက်ကိုင်တော်လှန်ရေးက သစ္စာထိုက်တယ်။
တရားမဲ့သူတို့ ကို တရားတဲ့ နည်းနဲ့ ပြောင်းလဲပေးနိုင်တဲ့ တရားရှင်မှသာ လက်နက်ကိုင်တော်လှန်ရေးက သစ္စာထိုက်တယ် ။
လက်နက်ကိုင်ဝါဒကို တလွဲဆံပင်ကောင်းသုံးရင် တရားရှင်တွေ ကျဆုံးရတယ်။တရားမဲ့သူတွေ ခေါင်းထောင်ထတယ်။ ဒါ့ကြောင့် လက်နက်ကိုင်ဝါဒကို တလွဲဆံပင်ကောင်းသုံးရင် သစ္စာမထိုက်ဘူး။
သစ္စာမဲ့သူတို့ အဲဒီဝါဒကို တလွဲဆံပင်ကောင်း အသုံးတည့်လာတဲ့အခါ ကောင်းတဲ့လောက ပျက်စီးရရှာတယ် ။သစ္စာမထိုက်တဲ့ သစ္စာဖောက် ဗိုလ်နေဝင်းကြောင့် (နိုင်ငံ့အာဏာကို နိုင်ငံရေးနည်းနဲ့ မယူချင်တဲ့ ဒုတိယဂဠုန်စော =ဗိုလ်နေဝင်းကြောင့်) နိုင်ငံရေးလုပ်နေတဲ့ ဦးနု နိုင်ငံ့အာဏာကို စွန့် လွှတ်ခဲ့ရရှာတယ်။
မြန်မာ့မြေပေါ်မှာ လက်နက်ကိုင်ဖက်ဆစ် စစ်အာဏာရှင်ဝါဒ အခြေခိုင်အောင် တလွဲဆံပင်ကောင်းခဲ့တဲ့
ဗိုလ်နေဝင်းကြောင့် တိုင်းပြည်တဖြည်းဖြည်းဆင်းရဲတွ င်းနက်ခဲ့တယ်။မတရားမှုတွေကြီးထွားခဲ့တယ်။
တရားမဲ့သူတွေကြီးပွားခဲ့ တယ်။တိုင်းပြည်ချွတ်ခြုံကျခဲ့ တယ်။ကမ္ဘာ့အလယ်မှာ မြန်မာရယ်လို့ ရင်ဘောင်တန်း ဝင့်ကြွားနိုင်မယ့် စီမံကိန်းတွေ စုံးစုံးမြုပ်ခဲ့တယ်။
တိုင်းပြည်ကြီးကို မြန်မာ့ဖက်ဆစ် စစ်ဝါဒနဲ့ ၂၆နှစ်လုံး အမှောင်တိုက် သွင်းခဲ့တယ်။ အဲဒီစစ်ဝါဒကို ပြောင်းလဲစေဖို့  ကြိုးစားခဲ့သူတိုင်း ၊ကျောင်းသားပြည်သူ ရဟန်းရှင်လူ ၊စစ်ဗိုလ်စစ်သားတိုင်း ၊ကြိုးစင်ကြိုးတိုက် စစ်ကြောရေးငရဲခန်း၊အကျဉ်းစခန်းေ တွမှာ ဘဝတွေ စတေးခဲ့ကြရတယ်။
ရှစ်လေးလုံးအရေးတော်ပြုံ ကီးဟာ လက်နက်ကိုင်ဝါဒကို တလွဲဆံပင်ကောင်းသုံးနေတဲ့ မဆလ စစ်အာဏာရှင် စနစ်ကြီး မြန်မာ့ဖက်ဆစ်စနစ်ကြီးကို လက်နက်မကိုင် အကြမ်းမဖက် လူထုတိုက်ပွဲနည်းနဲ့ တော်လှန်ကြည့်ကြတဲ့ မြန်မာ့သမိုင်းရဲ့  ကြီးမားတဲ့အကြမ်းမဖက် လက်နက်မပါ၊တော်လှန်ရေးနေ့ တနေ့ ဖြစ်တယ်။
ဒါပေမယ့် လက်နက်ကိုင်တော်လှန်ရေးမဟုတ်ခဲ့ လို့  မြန်မာ့ဖက်ဆစ်ရဲ့ မျက်နှာဖုံး၊မဆလ အရေခွံတခု ကွာကျခဲ့ပေမယ့် မတရားမှု ဖက်ဆစ်စနစ်က မြန်မာ့မြေမှာ အမှန်တကယ် မချုပ်ငြိမ်းခဲ့ပေဘူး။အရေခွံတခု ကွာလို့ အရေခွံတခု ပြန်လဲတာပဲ ကြုံခဲ့ရတယ်။မဆလနေရာမှာ နဝတ၊နအဖတို့ အစားထိုးခဲ့တာ ဒီနေ့ အထိ ။
လက်နက်ကိုင် ဖက်ဆစ်ဝါဒကို ဆွဲကိုင်လို့ တိုင်းပြည်ကို ဆက်လက် သစ္စာဖောက်နေတဲ့ သန်းရွှေတို့ လက်ထက်အထိ။ (၁၉၄၅) မတ်လ (၂၇ ) ရက် တော်လှန်ရေးနေ့ ရဲ့ သင်ခန်းစာကို ကျုပ်တို့ ပြန်လှန်သင်ကြားခြင်းလုပ်ကြည့် တာ တော်တော်ရှည်လျားသွားပြီ ။
တိုတိုတုတ်တုတ် အနှစ်ချုပ်လိုက်တော့ တော်လှန်ရေးဆိုတာ ပြောင်းလဲခြင်း၊အဟောင်းအဟောင်း တို့ နေရာမှာ အတွေးအခေါ်သစ်တို့ အစားထိုးခြင်း၊စနစ်ဟောင်းနေရာ မှာ စနစ်သစ်တို့ အစားထိုးခြင်း ပုံစံသစ်တို့ အစားထိုးခြင်းပင်။
တော်လှန်စစ် ဆိုတာလည်း တကယ့်တကယ်ကျတော့ တရားမဲ့သူကို တရားမဲ့သူတို့ သုံးနေတဲ့နည်းအတိုင်း ၊ အင်အားထပ်မံသုံး ၊ တွန်းလှန် ချုပ်ငြိမ်းစေခြင်းပင်။ တရားမဲ့သူကို မေတ္တာပို့ ဆုတောင်းနေလို့ မရ။ သူကြမ်းရင် ကိုယ်က ပိုကြမ်းမှ။ ပွဲပြတ်အနိုင်ရမှာ မုချ ။
(၁၉၄၅) ဖက်ဆစ်တော်လှန်ရေးနေ့ ကို သင်ခန်းစာ ယူကြ ။ ဒါတွေကို စံထား၊နမူနာယူ ။အလေးအမြတ် ဂုဏ်ပြုကြ။
(ဟစ်တိုင်အယ်ဒီတာ)
(အယ်ဒီတာ့ စကားကြွင်း)
ကျုပ်တို့ ဟစ်တိုင်ဂျာနယ်ကို ၂၀၀၄ ခုနှစ် သြဂတ်စ်လ (၈)ရက် ( ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့  ဆယ့်လေးနှစ်ပြည့် နေ့ )မှာ ဒုတိယနိုင်ငံ(ထိုင်းနိုင်ငံ၊ဘန် ကောက်မြို့ )မှာ စတင်ထုတ်ဝေခဲ့တယ်။
ဟစ်တိုင်အွန်လိုင်းမဂ္ဂဇင်းကို ၂၀၀၆ခုနှစ် ဖေဖော်ဝါရီလမှာ တတိယနိုင်ငံ (နော်ဝေနိုင်ငံ)မှာ စတင်ထုတ်
လွှင့်တင်ဆက်နိုင်ခဲ့တယ်။ ဒီလိုတင်ဆက်လာခဲ့ရင်းနဲ့  အကြောင်းအမျိုးမျိုးကြောင့် ၂၀၀၈ခုနှစ် နှစ်ကုန်ပိုင်းမှာ
ခေတ္တ ရပ်နားသွားခဲ့တယ်။
အခု ၂၀၀၉ခုနှစ် မတ်ခ်ျလ ၂၇ရက် (၆၄နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ )မှာ ကမ္ဘာတလွှားက
မြန်မာစာဖတ်ပရိသတ်များအတွက် ဟစ်တိုင် ပြန်လာပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
ယခု လာတဲ့ဟစ်တိုင်ကတော့ ယခင်မူရင်း ဟစ်တိုင်ဂျာနယ် ကို စတင်တည်ထောင်သူများဖြစ်တဲ့ ကျုပ်တို့ 
ပြည်ပရောက် မြန်မာ့နိုင်ငံရေးအကျဉ်းသားဟော င်းများအဖွဲ့ (ABEP) ရဲ့ ဦးဆောင်သူများဖြစ်တဲ့ အမေရိကမှ
အိုးဝေအောင် -အောင်သက်နဲ့ နော်ဝေနိုင်ငံမှ ရှေ့ နေ ကိုအောင်မျိုးရှိန် တို့ က အယ်ဒီတာများအဖြစ် ပြန်လည် လှုပ်ရှားဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။
ဝက်ဘ်ဆိုဒ်လိပ်စာကိုလည်း ယခင်အွန်လိုင်းဂျာနယ်လိပ်စာဖြစ် တဲ့ (www.hittaing. org) အစား
ယခု လိပ်စာအသစ်ဖြစ်တဲ့ (www.hittai.org) သို့  ပြောင်းလဲကြည့်ရှုနိုင်ပြီဖြစ် ပါတယ်။ ဆက်သွယ်ရန် အီးမေးလ်လိပ်စာကိုလည်း (editor.hittai@ gmail.com) သို့ ပြောင်းလဲ ဆက်သွယ်နိုင်ပြီဖြစ်ပါတယ်။
(ဟစ်တိုင် အယ်ဒီတာအဖွဲ့ )

"OWAY AUNG"မှပေးပို့သည်

0 comments: