သန်းထိုက်ဦး
တနင်္လာနေ့၊ ဒီဇင်ဘာလ 22 2008 17:09 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲတရပ်ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက ယမန်နေ့က ပြုလုပ်ခဲ့သည်။
ဆုတောင်းပွဲကို ဂျပန်နိုင်ငံ Shin Mo Akasaka မြို့နယ်ရှိ ဒိုင်ဘုစုဘုရားတွင် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်မှ စတင်ကာ ၃ နာရီအထိ မူစလင်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ ထုံးစံတို့ဖြင့် ဆုတောင်းခဲ့ကြခြင်း ဖြစ်သည်။
"ဘာသာရေးအရ ဆုတောင်းမေတ္တာပို့သတယ် ဆိုတာကလည်း ဘယ်ဘာသာမဆို မတရားတာကို တရားတာက နိုင်ရမယ်ဆိုတဲ့ ဒီ ဆုံးဖြတ်ချက်တွေနဲ့ ဒီသဘောကို ဆောင်တဲ့အနေနဲ့ ပြုလုပ်တာ ဖြစ်တယ်" ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ (ဂျပန်) မှ နိုင်ငံခြားရေးရာ တာဝန်ခံ ကိုဖုန်းမြင့်ထွန်းက မဇ္ဈိမကို ပြောပြသည်။
ဆုတောင်းပွဲသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ အပါအ၀င် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ဦးရေ ၁၀၀ ခန့် တက်ရောက်ခဲ့သည်။
Monday, December 22, 2008
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ ဂျပန်မှာ ကျင်းပ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment