Friday, December 12, 2008

ကြယ်အသင်္ချေလက်နေတယ်

သမီး …..
ခရီးတထောက်
အပြီးမရောက်သေးဘူး။

ဖက်ဆစ်နှောင်ကြိုး
ရိုက်ဖျက်ချိုးပြီး
အရောက်လာမယ် သမီးငယ်။

လိမ္မော်ရောင်ညနေခင်းလေး
သောင်ရင်းမြစ်ဘေးမှာ
ကြွေကာကျသွားပြီး
ခရီးမဆုံးသေးခင်
အရင်ကြွေကျသွားတဲ့ကြယ်ပွင့်တွေ
ရေတွက်ကြည့်ရင်း
မင်းတို့တွေအတွက်
မနက်ဖြန်များစွာ
ငါတို့ဆက်တိုက်နေမယ်။ ။

မောင်မြေညို
ဒေါင်းအိုးဝေ - အတွဲ (၁)၊ အမှတ် (၂)၊ ၁၉၈၉။ (စာမျက်နှာ ၂၄ ကော်လံ - ၂)
http://naytthit.com အမှတ်တရ ဒေါင်းအိုးဝေ ... မှ ...

0 comments: