Monday, 24 November 2008 20:07 အေးလဲ့
ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင်များ ဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအ၀င် ၈၈ မျိုးဆက်သစ် ကျောင်းသား ခေါင်းဆောင်များ ဦးဆောင် ပြုလုပ်ခဲ့သော ရင်ဖွင့်သံ လှုပ်ရှားမှု(Open Heart Campaign) အစီရင်ခံစာ စာအုပ်ကို မြန်မာနိုင်ငံရန်ပုံငွေ အဖွဲ့ (Burma Fund)က ယနေ့ဖြန့်ဝေလိုက်သည်။
အဓိကအားဖြင့် မြန်မာပြည်သူလူထုက စစ်အစိုးရလက်အောက်တွင် လူ့အခွင့်အရေးချိုးဖောက်ခံ နေရခြင်း အပေါ်ရင်ဖွင့်နိုင်ရန်အတွက်၂၀၀၇ ခုနှစ် မတ်လအတွင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များက ပြုလုပ်ခဲ့သော ၎င်းအစီရင်ခံစာကို နိုင်ငံတကာနှင့် မြန်မာပြည်သူလူထုသိရှိစေရန်ရည်ရွယ်ကာ ဖြန့်ဝေလိုက် သည်ဟု မြန်မာနိုင်ငံရန်ပုံငွေ အဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသောင်းထွန်းက ပြောသည်။
“အခုအချိန်မှာ ဖြန့်ဝေခြင်းက ၈၈ ကျောင်းသားခေါင်းဆောင်တွေရဲ့ ဒီ ပြည်သူလူထုရင်ဖွင့်သံနဲ့ပတ် သက်ပြီး ပြုလုပ်ခဲ့တာတွေ ဟာ စာရွက်၊စာတမ်းအနေနဲ့ စနစ်တကျမရှိသေးဘူး။ နောက်တခုက ၈၈ကျောင်းသားများ ရဲ့ဆောင်ရွက်မှုတွေကို နအဖအစိုးရကနေ ဥပဒေမဲ့ နှစ်ရှည်ထောင်ဒဏ် ချတာတွေ၊ နယ်ထောင်တွေ ကို ပို့နေတာ တွေကို နိုင်ငံတကာနဲ့ မြန်မာပြည်သူလူထုကို သိစေချင်တဲ့ သဘော၊ သိဖို့ရည်ရွယ်ပါတယ်” ဟု ၎င်း က ပြောသည်။
တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်မှုကို အခြေခံပြီး အကြမ်းမဖက်လုပ်ဆောင်နေသည့် ၈၈မျိုးဆက်ကျောင်းသားများအပေါ် စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်ချမှတ်နေခြင်းအပါအ၀င် လူ့အခွင့် အရေး ချိုးဖောက်နေခြင်း စသည့်တို့ကို သိရှိစေရန် ဒီဇင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်း အဝေးမတိုင်မီ ယခုအစီရင်ခံစာကို တင်ပြရခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဒေါက်တာသောင်းထွန်းက“ကနေ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း စဉ်မှာ ကျောင်းသားခေါင်းဆောင်တွေ လုံးဝလွတ်မြောက်ဖို့လိုတယ်၊ အစစ်အမှန်တွေ့ဆုံဆွေးနွေး မှုတွေ လိုတယ်၊ ဒါကြောင့်မို့ အာဆီယံအစည်းအဝေးကာလမှာ အာဆီယံလွတ်တော်ကိုယ်စားလှယ်များနဲ့ ပူတွဲပြီး ရှင်းလင်းမှုတွေလုပ်မယ်၊ ဒါတွေဟာ ညီလာခံထိပ်သီးအစည်းအဝေးရဲ့ ကြေညာချက်တွေထုတ်တဲ့ အပေါ်မှာ သက်ရောက်မှုရှိမယ်၊ ဒေသတွင်းနိုင်ငံများက မြန်မာပြည်အရေးကိုလျစ်လျူရှု့မထားစေဖို့ သံတမန် ရေးအရ တွန်းအားပေးလုပ်ဆောင်စေဖို့ ရည်ရွယ်ပါတယ်” ဟုလည်းပြောသည်။
ယင်း အစီရင်ခံစာကို ၁၉၂၀ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများက ဗြိတိသျှအစိုးရကိုဆန့်ကျင် ခဲ့သော ပထမဦးဆုံးအကြိမ် ကျောင်းသားသပိတ်မှောက်ခဲ့သည့် ၈၈နှစ်မြောက်အမျိုးသားနေ့ အထိမ်း အမှတ်အဖြစ်နှင့် ယနေ့စစ်အာဏာရှင်ဆန့်ကျင်မှုများကို လက်ရှိ ၈၈မျိုးဆက်သစ်ကျောင်းသားများကလည်း ၆၅နှစ်အထိ ထောင်ဒဏ်နှစ်ရှည်ကျခံပြီး ပြုလုပ်ခဲ့သည့်အပေါ်ဂုဏ်ပြုထုတ်ဝေခြင်းဖြစ်သည်ဟု သိရသည်။
ရင်ဖွင့်သံလှုပ်ရှားမှုမှာ မြန်မာပြည်သူများ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေး စသည့် အကြပ်အတည်းများနှင့် ပတ်သက်သောခံစားချက် ရင်ဖွင့်ပန်ကြားစာများကို ၈၈မျိုးဆက်ကျောင်းသားများက စုစည်းပြီး စစ်အစိုးရခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး သန်းရွှေထံ သို့ တင်ပြသည့် လှုပ်ရှားမှု တရပ်ဖြစ်သည်။
ယင်းလှုပ်ရှားမှုကို၂၀၀၇ ခုနှစ်ဇန်နဝါရီ ၄ရက်နေ့ လွတ်လပ်ရေးနေ့မှစတင်ခဲ့ပြီး ကာယကံရှင်ပြည်သူတို့၏ ရင်ဖွင့်ပန်ကြားစာကို ကိုယ်တိုင်ရေးသားလက်မှတ်ထိုးပြီး တိုင်ကြားပေးပို့နိုင်ရန် ၈၈မျိုးဆက်ကျောင်း သား များက တိုက်တွန်းနှိုးဆော်ခဲ့သည်။
အဆိုပါ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို စစ်အစိုးရက တရားရုံးမထုတ်ဘဲ နိုဝင်ဘာလ ၁၁ရက် နေ့ က မအူပင်ထောင်တွင်း၌ ပြစ်ဒဏ် ၆၅ နှစ်ချမှတ်ကာ ရန်ကုန်ရှိ အင်းစိန်ထောင်သို့ပို့ခဲ့ပြီးနောက်ပိုင်း ဝေးလံသည့်ဒေသများရှိ ထောင်များသို့ ပို့ဆောင်ခဲ့သည်။
ဧရာတီ
Monday, November 24, 2008
ရင်ဖွင့်သံလှုပ်ရှားမှု အစီရင်ခံစာ ဖြန့်ဝေ
Subscribe to:
Post Comments (Atom)


ကြိုးစင်ပေါ်မှမှတ်တမ်းများ


စစ်အုပ်စုသက်တမ်းရှည်နေသရွေ့ ...

0 comments:
Post a Comment