'ကံ-ကံ၏အကျိုး'ကိုသက်ဝင်ယုံကြည်ကြသည့် ထေရဝါဒဗုဒ္ဓဘာသာနွယ်ဝင် မြန်မာလူမျိုးများအနေဖြင့် စစ်အာဏာရှင်လက်အောက် မှလွတ်မြောက်ဖို့နှင့် ဓမ္မံန္တရာယ် ရန်မှတွန်းလှန်ကာကွယ်နိုင်ဖို့အတွက် မိမိတို့ကိုယ်တိုင်ကြိုးစားဆောင် ရွက်ဖို့လိုအပ်ကြောင်း သာသနာ့ ဥသျှောင်အဖွဲ့အတွင်းရေးမှူးဆရာ တော် ဒေါက်တာအရှင်နာယကမှ ဂျပန်ရောက်ဒီမိုကရေစီအင် အားစုများနှင့် တွေ့ဆုံနွေးပွဲတွင် မိန့်ကြားလိုက်သည်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အဆကု ဆ(ဗျေုကျေ)တွင် နိုဝင်ဘာ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်း ပပြုလုပ်သည့် ၂၄ ကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာဆိုင်ရာနှီးနှော ဖလှယ်ပွဲသို့ တက်ရောက်စာတမ်း တင်သွင်းရန် ဖိတ်ကြားခြင်းခံရ သည့် ရခိုင်အမျိုးသားဆရာတော် အရှင်နာကယက နိုဝင်ဘာ ၁၆ ရက်နေ့ကပြုလုပ်ခဲ့သော ဂျပန် ရောက်မြန်မာ့ဒီမိုကရေစီအင်အား စုများနှင့်တွေ့ဆုံဆွေးနွေးပွဲတွင် ''ဦးဇင်းတို့ရဲ့ ဗုဒ္ဓမြတ်စွာဘုရားက 'ဧဟိပတိကော(ကျင့်ကြံအားထုတ် ကြိုးစားလှည့်)၊ အကာလိကော (အခါမလင့်အကျိုးပေးအံ)'လို့ ဟောကြားတော်မူခဲ့တယ်။ ဆုမ တောင်းခိုင်းဘူး။လက်ရှိပစ္စုပ္ပာန် အကျိုးအကြောင်းတရားကိုပဲ ကြိုးစားအားထုတ်ကျင့်ကြံခိုင်းတာ။ မြန်မာပြည်မှာ သာသနာအန္တ ရာယ်ကနေကာကွယ်ဖို့ ဦးဇင်း တို့က နအဖကိုယနေ့ထက်ထိ 'ပ တ္တနိက္ကုဇ္ဇနကံ'ဆောင်ဆဲပဲဖြစ် တယ်။ ဒါကာ/မတို့ကလည်း အာဏာရှင်စနစ်အောက်က နေချုပ်ငြိမ်းဖို့၊ လက်ရှိဘဝကနေ ပြောင်းလဲဖို့အတွက် ဆုတောင်းမ နေ၊ မျှော်လင့်စောင့်ဆိုင်းမနေကြ ဘဲ ညီညီညွတ်ညွတ်နဲ့ ကိုယ်တိုင် ကြိုးစားအားထုတ်ဖို့လိုအပ်တယ်..'' ဟုမိန့်ဆိုသည်။
ဆက်လက်၍ ၄၄ ဦးမြောက် အမေရိကန်သမတဖြစ်လာတော့မည့် ဘားရက်အိုဘားမားသည်လည်း 'ပြောင်းလဲဖို့အတွက်၊ ငါတို့လုပ် နိုင်ပါတယ်'ဆိုတဲ့ (Change! Yes..We Can)စကားအတိုင်း လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ခဲ့သည့်အတွက် အမေ ရိကန်နိုင်ငံသမိုင်း၏ နှစ် ၂ဝဝ ကျော်စာမျက်နှာတွင် ပထမဦး ဆုံးသောလူမည်းသမတဖြစ်လာရခြင်းဖြစ်ကြောင်း၊ မဖြစ်နိုင်ဘူးဆိုတာမရှိကြောင်းနှင့် သံဃာနှင့်ပြည်သူကို မယုံကြည်နိုင်လောက် အောင်နှိပ်စက်သတ်ဖြတ်နေသည့် မင်းဆိုးမင်းညစ်များကို အမြန်ဆုံးဖယ်ရှားနိုင်ဖို့အတွက် မစိုးရိမ် ဆရာတော်ကြီးမိန့်မှာခဲ့သည့်အ တိုင်း နည်းပေါင်းစုံနဲ့တော်လှန်ကြဖို့လိုကြောင်း အကျယ်တဝင့် ရှင်းလင်းမိန့်ကြားခဲ့သည်။
ဆရာတော်အရှင်နယကသည် အမေရိကန်နိုင်ငံ၊ နယူးယောက် မြို့ရှိ ကိုလံဘီယာတက္ကသိုလ်တွင် ဗုဒ္ဓဘာသာဆိုင်ရာ သမိုင်းအ ချက်အလက်များကို ဟောပြောပို့ ချပေးနေသည့် သံဃာတော်တပါးဖြစ်သည်။ ၂ဝဝ၇ ခုနှစ် သံ ဃာသပိတ်တွင်လည်း ဦးဆောင် ပါဝင်ခဲ့ပြီး ယနေ့အချိန်အထိ နအဖစစ်အုပ်စုကို 'ပတ္တနိက္ကုဇ္ဇန ကံ' ဆောင်ထားဆဲဖြစ်သည်။
ကမ္ဘာတဝှမ်းမှ ဗုဒ္ဓသားတော် ၅ဝဝ ကျော်တက်ရောက်ခဲ့သည့် ၂၄ ကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာ သာဆိုင်ရာနှီးနှောဖလှယ်ပွဲတွင် 'စစ်အာဏာရှင်လက်အောက်ကျရောက် နေသော မြန်မာပြည်ဗုဒ္ဓဘာသာ'ခေါင်းစဉ်ဖြင့် စာတမ်းတစောင်ကို အထောက်အထားပြည့်ပြည့်စုံစုံနှင့် တင်သွင်းခဲ့ပြီး သာသနဥသျှောင်မှ အင်္ဂလိပ်လိုပုံနှိပ်ထားသည့် စာအုပ်ကိုလည်း နှီးနှောဖလှယ်ပွဲတွင် ဖြန့်ချိခဲ့ကြောင်းလည်းသိရှိရသည်။
အရှင်နာယကထံ တိုက်ရိုက်ဆက်သွယ်လိုပါက-
Ashin Nayaka(Ph.D)
Visiting Professor
Department of History
Columbia University,
New York
Buddhist Missionary Society
35-25 90th St: #2R
Jackson Heights,
NY 11372
USA
P&F:(1718)898- 8274
an2201@columbia. edu
www.bmsusa.org
ကိုလှအေးမောင်မှပေးပို့သည်
Monday, November 17, 2008
ရခိုင်အမျိုးသားဆရာတော် အရှင်နာကယက နိုဝင်ဘာ ၁၆ ရက်နေ့ကပြုလုပ်ခဲ့သော ဂျပန် ရောက်မြန်မာ့ဒီမိုကရေစီအင်အား စုများနှင့်တွေ့ဆုံဆွေးနွေးပွဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment