Sunday, June 29, 2008

ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံရရေးအတွက် ဆန္ဒပြ ...






မဲဆောက် UNHCR ရုံးရှေ့တွင် ယနေ့နံနက် ၈း၃၀နာရီမှစ၍ မယ်လဒုက္ခစခန်းမိသားစုဝင်(၂၀)ဦးခန့် တို့သည် ဒုက္ခသည်အဖြစ်အသိအမှတ်ပြု ခံရရေအတွက် ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။ ဆန္ဒပြနေကြသူများသည် Still Now Here To Turn,Recognize as A Refugee, ဟူသော ထိုင်း-အင်္ဂလိပ်ဘာသာတို့ဖြင့် ရေးသားထားသော လက်ကိုင်ပိုစတာများကို ကိုဆောင်လျက် လှုပ်ရှားနေကြခြင်းဖြစ်သည်။ ဆန္ဒပြနေသူတဦးဖြစ်သူ ကိုထွန်းမြင့်က `“ကျနော်တို့က မယ်လဒုက္ခသည်စခန်း ဇုံအေနှင့်စီက ဒုက္ခသည်မိသားစုတွေဖြစ်ပါတယ်၊ ၂၀၀၄/၂၀၀၅ ခုနှစ်တုန်းက ဘန်ကောက်မြို့ UNHCR ရုံးမှာ မှတ်ပုံတင်ထားကြပါတယ်၊ ၂၀၀၇ ခုနှစ်မှာ ဘန်ကောက်က ဆောက်လုပ်ရေးလုပ် ငန်းခွင်တခုမှာ အလုပ်လုပ်နေကြတုန်း ထိုင်းရဲက၀င်ဖမ်းတာမို့ မဲဆောက်အပို့ခံခဲ့ကြရပါတယ် ဒီလိုနဲ့ မယ်လစခန်းကိုရောက်ရှိပြီး နေစရာမရှိ သူများအိမ်ဘေးမှာ မီးသွေးအိတ်ခွံနဲ့ကာနေရပါတယ်။ အခုအခါမှာ စားစရာပါမရှိလို့ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုဖို့တောင်းဆိုရတာဖြစ်ပါ တယ်။ အခုဆန္ဒပြနေတာက လူကြီး ၁၄ဦး ကလေး ၆ဦးပါဝင်ပါတယ် ဗမာမွန်ကချင်ဂေါ်ရခါးကရင် ဗမာမွတ်ဆလင် စသည်ဖြင့် လူမျိုးပေါင်းစုံပါဝင်ပါတယ်။ ဟိုမှာ မြင်ရတဲ့ကလေးက လေးလအရွယ် လူမမယ်လေးပါ တခြားကလေးတွေက ၃နှစ်နဲ့ ၄နှစ်ကြား ကလေးတွေဖြစ်ပါတယ် သူတို့ ဘာပဲလုပ်လုပ် ကျနော်တို့အခွင့်အရေးအတွက် ဒီရုံးရှေ့မှာပဲ မရမချင်းတောင်းဆိုသွားမှာဖြစ်ပါတယ်” ဟုရှင်းပြသည်။
(သတင်း၊ ဓါတ်ပုံ သောင်ရင်းနဂါး)

0 comments: