Tuesday, December 7, 2010

သတိပါ ......ဗျို

သတိပါ ......ဗျို့  အရေးကြီးတယ်
ဆက်ပြီး share ပေးပါ
aungsansukyi.youth@gmail.com add လာပါက လုံးဝလက်မခံပါနဲ့ မိမိတို့အကောင့်များ ပျောက်ဆုံးသွားပါလိမ့်မည်..
ခင်ညွန့်အပိုင်း ၃ ဆြိုပီး zip ဖိုင်နဲ့ပို့လာတာဟာ VIRUS ပါ . ကွန်ပျူတာကိုလုံးဝ ပျက်သွားစေပါတယ် လုံးဝဖွင့်မကြည့်ပါနဲ့ခင်ဗျား..
CBOX မှ တာဝန်သိပြည်သူ၏ သတိပေးချက်

Rest of your post

Read More...

မြန်မာ့အရေး အားပေးရန် အိန္ဒိယကို ဒေါ်စုတိုက်တွန်း( MIZZIMA)


Summary

Rest of your post

Read More...

Monday, December 6, 2010

အင်တာနက် နည်းပညာ အတွက် စစ်အစိုးရ တရုတ် ထံ အရေးပေါ် အကူအညီတောင်းခံ


ဟိန်းခိုင်ထွန်း၊ ၊မြန်မာ စစ်အစိုးရ သည် လက်ရှိ နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အင်တာနက်လှိုင်းသစ် လှုပ်ရှားမှုများ ဖြစ် သော အစိုးရ ထိမ်ချန် ထားမှု များ ဖွင့် ချ ဖော် ထုတ်နေမှု ကြောင့် အင်တာနက်သတင်း စီစစ်မှု တွင် ပြိုင်ဘက် ကင်း နိုင်ငံတစ် ခု ဖြစ်သည့် တရုတ် နိုင်ငံ မှ နည်းပညာ အရေးအပေါ် အကူအညီ ( Emergency Technology Aid) ကို ယူနေရပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ဒီဇင်ဘာလ ၄ ရက်နေ့ မှ စ၍ အင်တာ နက် သုံးစွဲ သူ လူငယ် အချို့ သည် ဂူးဂယ် ရှာဖွေရေး အင်ဂျင်၏ အင်တာနက် စာများ နှာ ကို ဖွင့် လိုက် ပါက ယခင် လို www.google.com မပေါ်တော့ဘဲ www.google.cn ဆိုသည် တရုတ် အစိုးရ ၏ စီစစ်ဖြတ်တောက်မှု များ အောက်မှာ သတင်းများ သာပါသည့်ဂူဂယ်၏ တရုတ် ပြည် တွင်း ဆိုင်ရာ အင်တာ နက် စာမျက် နှာ သာပေါ်လာ တော့ သည် ။ထိုသို့  google.cn အင်တာ နက် စာမျက် နှာ သာပေါ်ပေါက်လာရခြင်း နှင့် ပတ်သက် ၍ ရန်ကုန်မြို့ မှ နာမည် ကျော် Web Designer တစ်ဦး က မြန်မာ အိုင်အက်(စ)ပီ ကို တရုတ် က ထိန်းချုပ်လိုက်တာ လို့  သတင်းရတယ်။ တရုတ်က အင်တာနက် သတင်း စီစစ်ရေး ကို ၀န်ကြီး ဌာန တစ်ခုဖွဲ့ ပြီးတောင် ထိန်း ချုပ်ထားတာ တရုတ် မှာ ဗဟို စစ်ကော်မရှင် ပြီး ရင် ၊ အင်တာနက် စိစစ်ရေးကော်မရှင် ပဲ အခု တရုတ် ဆင်ဆာ နဲ့ ဆိုတော့ အရင် လို မြန်မာ စာရိုက်ထည့်ပြီး မြန်မာ သတင်းတွေ ထည့် ရိုက် လိုက်တဲ့ အခါ မပေါ်တော့ ဘူး ။ အခု ဆို Freedom News လည်းရှာလို့ ရတယ်။ဖွင့် လို့ မရ တော့ ဘူး ဟု ပြောသည်။မြန်မာ တွေ ကွန်ပျူတာ သုံးတာကို တရုတ် က အလိုလို သိနေမှာ ဟု Freedom News Group သို့ ပြောသည်။ဒီဇင်ဘာ လ ၅ ရက်နေ့ နံနက် ပိုင်း တွေ ဗိုလ်ချုပ် ခင်ညွန့်  အသံဖိုင် စဆုံးရပြီ ဆိုသည့်  အီးမေးများဖြင့် ပါလာ သော Zip ဖိုင်များ ကို ဖွင့်လိုက်ရာတွင် ကွန်ပျူတာ လုပ်ဆောင်မှု စနစ် ကို ဖျက်ဆီးသည့်နည်း ပညာ ပိုးမွှားများ နှင့် တရုတ် Pornography ဗီဒီယိုများ လည်း သိုလှောင်မှု မှတ်ဥာဏ် အပြည့်ကျလာ သည် ကို တွေ့ ရှိရသည် ဟု သိရသည်။ရန်ကုန် မြို့ ထဲ ရှိ အင်တာနက် ဆိုင် ပိုင်ရှင် တစ်ဦးက မူ မြန်မာ နိုင်ငံ ရဲ့  အင်တာနက် စနစ် ကိုတခြား နိုင်ငံ တစ်ခု က ထိန်းချုပ် ထား တယ် ဆိုတာ ပြည်သူတွေ အတွက် မကောင်း ဘူးဟု သူမ၏ အမြင် ကို ပြောသည်။ရန်ကုန် နှင့် မန္တလေးမြို့ နေ ရာ အချို့ တွင် www.google.cn သာပေါ်သော်လည်း စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော် တွင် မူ www.google.com ပေါ်ကြောင်း နေပြည်တော် ရှိ ဟိုတယ် နှင့်ခရီးသွားလာ ရေး ၀န်ကြီး ဌာန မှ ၀န်ထမ်းတစ် ဦး က FNG သို့ ပြောသည်။မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် အင်တာနက် ကွန်ယက် ခွင်ကို အသုံးပြု၍ လူငယ် များ နှင့် ထိတွေ့ ဆက်ဆံ ချင်သည် ဟု ပြောဆို ထားသည်။မြန်မာ နိုင် ငံတွင် ပြည်သူများ က အင်တာ နက် ကို အခြား ဖွံ့ ဖြိုးပြီး နိုင်ငံများ ထက် ဆယ်စုနှစ် တစ် ၀က်ကျော် နောက်ကျပြီး မှ သုံးစွဲရသည်။နအဖ စစ်အစိုးရ သည် အင်တာနက် ဆင်ဆာ ဖြတ်တောက်မှု အတွက် တရုတ် နည်းပညာကို မှီခိုကာ ကြား လော်ဘီ များ ၏ စွမ်းဆောင်မှု ဖြင့် အမေရိကန် နိုင်ငံထုတ် ဆင်ဆာဖြတ်တောက်မှု နည်းပညာ ဆောဖ့် ဝဲလ် များ ကို လည်း ဒေါ်လာ သိန်းချီ အကုန် ခံ၍ ၀ယ်ယူသည်။ဂူးဂယ်လဲ နှင့် တရုတ် သည် ယခု နှစ် ဖေဖေါ်ဝါရီ လ က ကျလိကျလိ ဖြစ်ကြပြီးနောက်အပေး အယူ တစ်ခု (Deal) ဖြင့် ပြန်လည် ညှို နှိုင်း အဆင်ပြေခဲ့သည်။လတ်တလောတွင် မြန်မာ တို့ အသုံးများ သည့် လူမှု ကွန်ယက် များ တွင် စစ်ထောက်လှမ်းရေးအကြီး အကဲ ဟောင်း ဗိုလ်ချုပ် ခင်ညွန့် ၏ ဗီဒီယို ဖိုင်များ အပြင်၊ ဒု ဗိုလ်ချုပ် မှုးကြီး မောင်အေး ၏ မိမိ ကိုယ်ကို သတ်သေ သွား သည့် ကိုယ်ရေး အရာ ရှိဟောင်း တစ်ဦး ဖြစ်သည့်ဗိုလ်မှုးကြီး ဘိုနေ၀င်း ၏ ဇနီး ဖြစ်သူ က ထောက်လှမ်း အရာ ရှိ ဟောင်း တစ်ဦး (ယခု ကာကွယ်ရေးဝန်ကြီးဌာန မှ ) ၏ ဧည့်ခံပွဲ တွင် ထင်တိုင်းကြဲ နေသည့် လေးမိနစ် စာ ဗီဒီယိုသည်လည်း အင်တာနက် တွင် ပျံနေသည် ဟု သိရသည်။
freedom news group

Rest of your post

Read More...

လူ ၂၅၀၀ ကူညီရင် ဗမာတွေ အလင်းပွင့်ပြီ(တိုက်တွန်းနှိုးဆော်ချက် )

ီအမြင်အာရုံများစူးရှထက်မြက်စေရန်၊ အမြင်အာရုံများ ကြည်လင်ပြတ်သားလာစေရန်၊ အမြင်အာရုံများအေးမြတောက်ပလာစေရန် ရည်ရွယ်၍ စက္ခုအလင်း မှုန်ဝါးခြင်း၊ တိမ်စွဲခြင်းတို့ကို ကျွန်တော်တို့ နိုင်သလောက် စွမ်းဆောင်ဖေးမကုသပေးခဲ့သည်မှာ (၂၀၀၇) ခုနှစ် မတ်လမှစ၍ ယနေ့အချိန်ထိ မျက်စိဝေဒနာရှင်ပေါင်း (၁၂၀၀၀) ယောက် ကျော်တို့အားကုသခွဲစိပ် ပေးခဲ့ပြီဖြစ်သည်။
ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိသုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက်ပြီးကုသ ပြသကြသော မျက်စိဝေဒနာရှင်များကို စေတနာရှင် မျက်စိအထူးကုဆရာဝန်ကြီးများ၏ အကူအညီဖြင့် စစ်ဆေးစမ်းသပ်၍ ခွဲစိတ်မှုလိုအပ်ပါကသက်ဆိုင်ရာဆေးခန်း၊ ဆေးရုံများသို့ ပို့ဆောင်ခွဲစိတ် ကုသမှုများဆောင်ရွက်ခဲ့ပါသည်။ ခွဲစိတ်ခန်းစရိတ်များကိုသုခကုသိုလ်ဖြစ်ဆေးခန်းမှ အကုန်အကျခံပေးအပ်ခဲ့ပါသည်။ သို့ရာတွင် … လူနာများအနေနှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ပြသရသောလမ်းစရိတ်၊ ခွဲစိတ်ရမည်ဆိုပါကသက်ဆိုင်ရာဆေးခန်းဆေးရုံများသို့ သွားရောက်ရသည့် လမ်းစရိတ်၊ စားစရိတ် စသဖြင့် အချိန်ကုန် ငွေကုန် လူပန်းဖြစ်နေရသည်။
ထို့ကြောင့် ဤကဲ့သို့ မလိုလားအပ်သောကုန်ဆုံးမှုများမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယခု ကျွန်တော်တို့သည် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် “မျက်စိခွဲစိတ် ကုသခန်း” ကိုဖွင့်လှစ်ရန် ကြိုးပမ်းလိုက်တော့သည်။
ထိုသို့ ကြိုးပမ်းမှုတွင် အလှူငွေများလိုအပ်လျှက်ရှိသည်။
ကျွန်တော်တို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အလှူငွေများရှိသော်ငြားလည်းယခုဈာပနအဆောက်အဦးတည်ဆောက်ရာ၌ များစွာကုန်ကျလျှက်ရှိသည်။ ဈာပနအဆောက်အဦးတွင် ရုံးခန်း၊ ဈာပနာလမ်းကြောင်းလက်ခံခြင်းရုံးခန်း၊ စာကြည့်တိုက်၊ ပညာဒါန (ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး) စသည့် စာသင်ခန်းများလူသားများအတွက် အကျိုးပြုစေမည့် အကျိုးရှိစေမည့် လုပ်ငန်း စဉ်များပါဝင်သည်။
ထို့ကြောင့် ယခုလက်ရှိသုခကုသိုလ်ဖြစ်ဆေးခန်းအဆောက်အဦးတွင် အခမဲ့ ဆေးဝါးကုသမည့် လုပ်ငန်းစဉ်များသာတိုးချဲ့ဆောင်ရွက်တော့မည် ဖြစ်ပါသည်။
ယင်းအဆောက်အဦးတွင် “မျက်စိခွဲစိတ်ခန်း” အခန်း ပြုပြင်တည်ဆောက်တော့မည် ဖြစ်ပါသည်။ ဤတွင် ခွဲစိတ်ခန်းသုံးအထောက်အကူပြုပစ္စည်းများ ၀ယ်ယူရမည့်အကြောင်း ဖြစ်ပေါ်လာခဲ့သည်။
ယင်းပစ္စည်းစာရင်းမှာ -
 Digital Slit Lamp 5704 US$ (လက်ရှိပေါက်ဈေး)
 KeratoRefractometer 10025 US$ (လက်ရှိပေါက်ဈေး)
 Biometry Machine 7698 US$ (လက်ရှိပေါက်ဈေး)
 OT Table (EYE) 4480 US$ (လက်ရှိပေါက်ဈေး)
 Surgeon Chair 101 US$ (လက်ရှိပေါက်ဈေး) Spot Light 2439 US$ (လက်ရှိပေါက်ဈေး)
 Cataract Surgical Set (4 - Set) 1724 US$ (လက်ရှိပေါက်ဈေး)
 Eye Minor Surgical Set (4 - Set) 1752 US$ (လက်ရှိပေါက်ဈေး)
 Operatin Microscope (Motorized) 12348 US$ (လက်ရှိပေါက်ဈေး)
ယင်းပစ္စည်းများအနက် Digital Slit Lamp နှင့် Operatin Microscope (Motorized) တို့အားအလှူရှင် ကိုဝင်းထွန်း + မပေါက် (သိဂီရွှေဝါပိုးထည်) က ၀ယ်ယူလှူဒါန်းပြီးဖြစ်ပါသည်။ ကျန်ရှိနေသောပစ္စည်းများအတွက် အလှူငွေ 28219 US$ ခန့် လိုအပ်လျှက်ရှိပါသည်။
ထို့ကြောင့် လူသားတို့၏ စက္ခုအမြင် ကြည်လင်ပြတ်သားရန်၊ စူးရှထက်မြက်လာရန်၊ အေးမြတောက်ပလာရန်အတွက် လျင်မြန်စွာကုသိုလ်ဖြစ် အခမဲ့ ခွဲစိတ်ကုသပေးလိုပါသဖြင့် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် တက်အားသ၍ လျင်မြန်စောလျှင်စွာကုသိုလ်ယူကြပါရန် နှိုးဆော်လိုက် ရပါသည်။
ပြည်တွင်း/ပ ရှိ မြန်မာလူမျိုးများအနေဖြင့်လည်းတစ်ဦးလျှင် 10 US$ (တစ်ဆယ်ဒေါ်လာ) လှူဒါန်းကြပါကလူအယောက် (၂၅၀၀) ဦးဆိုပါကလိုအပ်သောမျက်စိခွဲစိတ်ခန်းသုံးကရိယာပစ္စည်းများ ၀ယ်ယူနိုင်ပါတော့မည်ဖြစ်ပါကြောင်း … ထို့ကြောင့် တစ်ဦးလျှင် တစ်ဆယ်ဒေါ်လာလူ ၂၅၀၀ ဆိုလျှင် ဗမာတွေ အလင်းပွင့်တော့မည် ဖြစ်ပါသည်။
(ကျော်သူ)
ဗမာ့အားမန်သစ်
Rest of your post

Read More...

နှင်းရနံတွေကျွံဝင်လာတဲ့အခါ

December1996.final4
အောင်မိုးဝင်းSummary

Rest of your post

Read More...

Sunday, December 5, 2010

“လူ့အခွင့်အရေးများနေ့” အခမ်းအနား (တိုကျို) တွင် ပါဝင်လှုပ်ရှားကြပါရန် ဖိတ်ခေါ်ခြင်း

၆၂ နှစ်မြောက် “လူ့အခွင့်အရေးများနေ့” အခမ်းအနားကို ဂျပန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းမှ အခြားနိုင်ငံခြားသား အဖွဲ့အစည်းများနှင့်အတူ အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါ၍ တခဲနက် ပါဝင် လှုပ်ရှားကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
နေ့ရက် - ၁ဝ-၁၂-၂ဝ၁ဝ (သောကြာနေ့)
အချိန် - ညနေ ၃ နာရီမှ ၄ နာရီခွဲထိ
နေရာ - UN University ရှေ့ကွက်လပ် Shibuya, Tokyo, Japan
ပြန်ကြားရေး
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်) (EBC)
"LwinAungSoe"
Summary

Rest of your post

Read More...

Saturday, December 4, 2010

ဗိုလ်ခင်ညွန့် အပိုင်း (၂) အသံဖိုင် အပြည့်အစုံ...


Facebookမှာ ကိုရဲမင်းသူရိန်မှ ဗိုလ်ခင်ညွန့် အပိုင်း (၂) ကို ထပ်တင်ပေးထားပါတယ်..။ ဧည့်ခန်းမှာ စကားပြောတဲ့ အပိုင်း နားဆင်နိုင်ပြီ ဖြစ်ကြောင်း... ဆံပင် တောင် သူ့ဟာသူညှပ်ရတာဆိုတဲ့ အပိုင်းပါတဲ့.. ဖိုင်မှာError တက်နေလို့ တခါတည်း မတင်လိုက်နိုင်တာကို ခွင့်လွှတ်ပါဟု ရေးသားထားပြီး မည်သူမဆို Share နိုင်ပါကြောင်း ဖော်ပြထားပါတယ်။ ကျန်အပိုင်းများကိုလည်း ထပ်ပီးတော့တင်ပေးပါမည်ဟု ရေးသားထားပါတယ်..။
ဒီမိုဝေယံ
Rest of your post

Read More...

Thursday, December 2, 2010

အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု(မဒတ) စာစောင် , အမှတ်စဉ်(၁၆),နိုဝင်ဘာ ၂၀၁၀

No 16NDF Bulletin Nov 30 2010
http://www.pnsjapan.org/


Rest of your post

Read More...

National Day speech at NLD


ဘ၀ တက္ကသိုလ်

Rest of your post

Read More...

Wednesday, December 1, 2010

သံဝေဂ ရစရာ လူဆိုး


စစ်ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ် ခင်ညွှန့်ရဲ့ ပုံကိုကြည့်ပြီး လူတွေသံဝေဂ ရခဲ့ကြတယ်။ တခါတုန်းက ဇာတ်မင်းသားလေးလို ကြော့ကြော့လေး နေပြီး မီဒီယာရှေ့မှာ ကလေးတွေကို နမ်းနမ်းပြလေ့ရှိတဲ့ ဗိုလ်ချုပ် ခင်ညွှန့်တယောက် အခုလိုမျိုး အထီးကျန်ဆန်စွာ ဇာတ်သိမ်း ခဲ့ရလိမ့်မယ်လို့ တွေးထင်ပုံမရခဲ့ဘူး။
၁)
ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားတွေက ဗိုလ်ချုပ် ခင်ညွှန့်ကို အနည်းဆုံး (၃) ကြိမ်နီးပါးလောက် အနီးကပ် ဆုံဆည်းခဲ့ကြဖူးတယ်။
ပထမအကြိမ်က ဘုန်းမော်အရေးအခင်း ဖြစ်ပွားနေချိန်၊ မတ်လ (၁၅) ရက်နေ့မှာ စစ်ဝါဒီတွေက ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းကို သူပုန်စခန်းတခုလို ဝင်သိမ်းပြီး ကျောင်းသားတွေကို မျက်ရည်ယိုဗုံးနံ့တွေ ဝေနေတဲ့ ပင်မအဆောက်အဦရှေ့မှာ စုထိုင်ခိုင်းတယ်။
ပြည်ထဲရေးဝန်ကြီး ဦးမင်းဂေါင်နဲ့ ပညာရေးဝန်ကြီး၊ ပါမောက္ခတွေ လာတဲ့အခါ ကိုတင်ထွန်းအောင် (တတိယနှစ်၊ ဓါတု) က “ခင်ဗျားတို့ အသုံးမကျလို့ ကျောင်းသားတွေ သေကုန်ပြီ” ဆိုပြီး ဒေါသတကြီးထချဲတယ်။
“ဟာ ... ဒီကျောင်းသားလေးက ကျော်ဟိန်း အတိုင်းပါလား။ ကဲ ... ကဲ ... သူ့ကို ရုပ်ရှင် ရိုက်ပေးလိုက်ကြပါဦး”
ကိုတင်ထွန်းအောင်ရဲ့ မျက်နှာရှေ့မှာ ကင်မရာတွေ ဝဲလာတယ်။
မှတ်တမ်းတင်တဲ့သူကတင်၊ ဓါတ်ပုံရိုက်တဲ့သူတွေကလည်း တဖြတ်ဖြတ်ရိုက်၊ အဲဒီအရာရှိနဲ့ သူ့ရဲ့လူ နှစ်ယောက်က စာအိပ်ထူကြီးထဲက ဓါတ်ပုံတွေကို တခုခြင်းထုတ်ပြီး ကျောင်းသားတွေရဲ့ မျက်နှာတွေနဲ့ တိုက်ကြည့်တယ်။
ကျောင်းသားတွေကို တယောက်ပြီးတယောက် ဆွဲထုတ်ပြီး အဆင့်ဆင့်ခွဲထားတဲ့ အချုပ်ကားကြီးတွေပေါ်ကို ဖမ်းတင်လိုက်ကြတယ်။ ကျောင်းသားတွေရဲ့ ရင်ထဲမှာ အဲသလို မိန်းမလိုမိန်းမရ ပြောတတ်တဲ့ ဗီလိန် ဝင်းညွှန့်လို မျက်နှာနဲ့လူကို မှတ်မိနေဖြစ် ခဲ့ကြတယ်။
စစ်အာဏာသိမ်းပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို အသက်သွင်းလိုက်ပြီး မြန်မာ့ရုပ်သံမှာ သူ့ကိုပြန်တွေ့လိုက်ရတော့မှ ...
“သြော် ... ဗိုလ်ချုပ်ခင်ညွှန့်ဆိုတာ ဒီသူတောင်းစားကိုး” လို့ သဘောပေါက်လိုက်မိတယ်။
ဘယ်လိုလုပ် မေ့လို့ရမှာလဲ။ ယမ်းနံ့တွေကြားမှာ အရာအားလုံးက သွေးပျက်ဖွယ်။ နာကျင်စိတ်နဲ့ အံကြိတ် လက်သီးဆုပ်ရုံကလွဲလို့ ဘာမှမတတ်နိုင်တဲ့ အချိန်မှာ သူတို့က ဓါတ်ပုံတွေတခုပြီးတခုထုတ်၊ ကျောင်းသားတွေရဲ့ မျက်နှာတွေကို တရားခံရှာသလို စေ့စေ့စပ်စပ် လိုက်ကြည့်၊ ရိသလိုလို၊ ထေ့သလိုလို မျက်နှာပေးနဲ့။ စိတ်ကူးထဲမှာ အကြိမ်ကြိမ် ဖနှောင့်နဲ့ထပေါက်ခဲ့တဲ့ မျက်နှာတခု။

(၂)
ဒုတိယကြိမ် တွေ့ဖူးခဲ့တာက မန္တလေးမြို့ မျက်စိ နား နှာခေါင်း ဆေးရုံမှာဖြစ်တယ်။
အကျဉ်းထောင်ထဲမှာ ကျန်းမာရေး မကောင်းတဲ့ သူငယ်ချင်းတယောက် မျက်စိဆေးရုံမှာ တက်နေတယ်ဆိုတဲ့အတွက် သတင်းသွားမေးနေချိန်။
ဗိုလ်ချုပ်ခင်ညွှန့် လာမယ်ဆိုတော့ လူနာလာမေးတဲ့သူတွေကို အကုန်ထွက်ခိုင်းတယ်။ ခင်မင်နီးစပ်တဲ့ သူနာပြုဆရာမ လေးကြောင့် ကျနော်တို့တတွေကတော့ ဆေးရုံထဲက အခန်းတခုမှာ ဆက်လက်နေထိုင်ခွင့်ရခဲ့တယ်။
ခွဲစိတ်ခန်းတွေထဲကို ဝင်ကြည့်ပြီး သိပ်မကြာပါဘူး၊ ဗိုလ်ချုပ်ခင်ညွှန့်တို့တတွေ ပြန်သွားခဲ့ကြတယ်။ သူပြန်သွားတော့ ထုံးစံအတိုင်း အတင်းတွေ တိုးတိုးတိုးတိုး ကျန်နေခဲ့တယ်။
စစ်အုပ်စုနဲ့ နီးစပ်တဲ့ ဆရာမလေးတွေကတော့---
“ဟယ် လက်ကလေးတွေကို နုနေတာပဲ” လို့ ဆိုကြသလို
စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ဆရာဝန်တွေ၊ ဆရာမတွေကတော့ “အောင်မလေး၊ သူတို့အလှည့်ကျတော့ ကြောက်တတ်လိုက်ကြတာ။ ခွဲခန်းထဲဝင်တာတောင် ဆေးရုံကပေးတဲ့ Mask တွေကိုမသုံးရဲဘူး” တဲ့။
တကယ်တော့ ပြည်သူတွေကို သူတို့မယုံပါဘူး။ ပြည်သူတွေက သူတို့ကို မုန်းတီးနေတယ်ဆိုတာကို သဘောပေါက်နေသလို အချိန်မရွေး လုပ်ကြံခံရနိုင်တယ် ဆိုတာကိုလည်း နားလည်နေပုံရတယ်။
(၃)
တတိယအကြိမ်ကတော့ တကယ့်ကိုမှတ်မှတ်ရရပါ။
၁၉၉၅ ဒီဇင်ဘာလထဲမှာ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ကျင်းပတော့ ကျနော်တို့တတွေ ပင်းယဆောင်နဲ့ ပဲခူးဆောင်က သူငယ်ချင်းတွေဆီမှာ ညပေါင်းများစွာ အိပ်ဖြစ် ခဲ့ကြတယ်။
အဆောင်အသီးသီးမှာ တီးဝိုင်းတိုက်နေကြတယ်။ စစ်အာဏာရှင်တွေကို ဆန့်ကျင်နေကြပေမယ့် ကံ့ကော်ရနံ့ သီချင်းသံတွေ၊ လတ်ဆတ်မှုနဲ့ရင်ခုန်ခြင်း အိပ်မက်တွေကြားမှာ ကျောင်းသားတွေ နုပျိုတက်ကြွနေကြတယ်။ ဒါပေမယ့် ရုတ်ချည်းဆိုသလိုပဲ တက္ကသိုလ်ဆောင်တွေပေါ်ကို ကျီးကန်းအုပ်တွေနဲ့ ငှက်ဆိုးတွေ ပျံဝဲလာခဲ့တယ်။
ဗိုလ်ချုပ်ခင်ညွှန့်က မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်တွေရဲ့ ညနေစာ စားပွဲတွေကို ကျင်းပပြီး လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ညနေစာလာစား လေ့ရှိတယ်။ သူက စစ်ကိုင်းဆောင် ကျောင်းသားဟောင်းလို့ ဆိုတယ်။ ဟုတ်သလားမသိပါဘူး။
သူတို့မှာ လံကြုတ်ဇာတ်လမ်းတွေကလည်း အများသားဆိုတော့ မြစ်ထဲရေရှိတယ် ပြောရင်တောင်မှ ပြေးကြည့်ရအုံးမှာ။ ကားပေါ်ကနေ ဆင်းလာတဲ့ သူ့ရဲ့ပုံ ကို ကြည့်ရတာ ကိုယ့်ဘာသာ ယုံကြည်မှု အပြည့်ရှိနေတဲ့ပုံပဲ။ ကျောင်းသားတွေက သူ့ကို မျက်စောင်းထိုးကြည့်နေလည်း သူကပြုံးပြီး လက်ပြနှုတ်ဆက်တယ်။
(သတင်းမှတ်တမ်း ကင်မရာတွေက ရိုက်နေတော့ သေချာလုပ်တာနေမှာပေါ့လေ)
သူတို့ကလည်း သေချာပေါက် တွက်ထားပုံရတယ်။ ဒီမျိုးဆက်ပြီးရင် တက္ကသိုလ်ကျောင်းသားတွေကို သူတို့ပြန်ထိန်းချုပ်လို့ရပြီလို့။ ထင်နေတယ်။ မကြာဘူး။
၁၉၉၆ ကျောင်းသားလှုပ်ရှားမှုထဖြစ်တော့တယ်။ ၁၉၉၆ ဒီဇင်ဘာ (၃၁) သတင်းစာရှင်းလင်းပွဲမှာ မျက်နှာတခုလုံးမဲပြီး စိတ်ပျက်ဒေါသထွက်နေတဲ့သူ့ပုံကို ကြည့်ပြီး ကျောင်းသားတွေ သဘောကျခဲ့ကြတယ်။

သြော် ခုတော့လည်း ရွာကဘုရားဖူးလာတဲ့အဘ အပူရှပ်ပြီး ရှောင်တခင်ခင်ဖြစ်နေတုံး၊ အာဏာပိုင်တွေက ခေါ်ယူမေးမြန်းခံရတဲ့အဖြစ်လို ဖြစ်နေတော့တယ်။
(ဖြစ်နိုင်တာကတော့ အတိုက်အခံတွေအပေါ် ဘယ်လိုမာယာသုံးပြီး ဖြိုခွဲသင့်သလဲ သွားမေးတာနဲ့တူပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့်ကို မာယာညွှန့် အဖြစ်လူသိများတာမို့လား)
မြန်မာပြည်မှာ ညအချိန်မတော် ငှက်ဆိုးထိုးသံလို ရောက်လာပြီး ခြိမ်းခြောက်နှိပ်စက်ခံရမှုမျိုးစုံနဲ့ မိသားစုတွေ ဖရိုဖရဲ ဘဝပျက်ခဲ့ကြတယ်။
စစ်ကြောရေးစခန်းတွေမှာ လူမဆန်တဲ့ နှိပ်စက်နည်းပေါင်းစုံနဲ့ နိုင်ငံရေးလုပ်သူတွေကို ဘဝတွေ ကျိုးကြေစုတ်ပြတ်သွားအောင် အဓိက ကျူးလွန်ခဲ့သူတွေက စစ်ထောက်လှမ်းရေးတွေပါပဲ။
သူတို့ကို ခွင့်လွှတ်စိတ်နဲ့ တွေးကြည့်ဖို့ဆိုတာ တော်တော်လေးကို ခက်တဲ့ကိစ္စပဲ။ တခုတော့ရှိတယ်။ အာဏာပြိုင်ဆိုင်မှုမှာ ရှုံးနိမ့်ထွက်ပြေးခဲ့ရတဲ့ စစ်ထောက်လှမ်းရေးဟောင်းတွေက ဗိုလ်ချုပ်သန်းရွှေနဲ့ အမာခံလူတွေကို လုပ်ကြံသတ်ဖြတ်ပြနိုင်မယ်ဆိုရင်တော့ ပြည်သူတွေက နားလည်ခွင့်လွှတ်ပေးနိုင်ပါတယ်။
ကဲ စစ်ထောက်လှမ်းရေးဟောင်းများ ဘယ်လိုလဲ။ တချိန်တုန်းက လျှမ်းလျှမ်းတောက်ခဲ့တဲ့ ခေါင်းဆောင်တယောက်အတွက် ပြန်လည်ခံစားမှုသီချင်းတွေ အောက်မေ့ရင်း ဘဝသစ်တခုကို လိပ်ပြာသန့်သန့် တွယ်ဖက်စေချင်ပါတယ်။
( အောင်မိုးဝင်း)
၃၀-နိုဝင်ဘာ-၂၀၁၀
Summary

Rest of your post

Read More...

Tuesday, November 30, 2010

မေ(၃၀)ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး (၉၀)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား


မေ(၃၀)ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး (၉၀)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲ့မှ ဦးဆောင်၍ တိုကျိုမြို့  ရှိနာဂါဝါ ရှိ မြန်မာ စစ်အခွန်ရုံး(သံရုံး)ရှေ့တွင် ယနေ့ နိုဝင်ဘာလ (၃၀)ရက်နေ့ နေ့လည် ၃း၀၀ နာရီမှ ၄း၀၀ရီ အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးတွင် စနစ်တကျ ချုံခိုတိုက်ခိုက်သည့် နိုင်ငံတော် လုပ်ကြံမှုကြီးတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ အသက်ကို ကာကွယ်ရင်း အသက်ပေး စွန့်လှုခဲ့ကြသည့် သူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လစဉ်(၃၀)ရက်နေ့ ကျရောက်တိုင်း ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း၊ ဒီပဲယင်း လုပ်ကြံမှုတွင် ပါဝင်ခဲ့ကြသည့် သူများကိုလည်း ယနေ့အထိ တစုံတရာ အရေးယူ ဖြေရှင်းပေး သည်ကိုလည်း မတွေ့ရသည့်အတွက် အရေးယူ ဖြေရှင်းပေးရန်နှင့် မတရား ဖမ်းဆီးခံနေရသော ဦးခွန်ထွန်းဦးအပါဝင် တိုင်းရင်းသာခေါင်းဆောင်များ၊ ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ နိုင်ငံရေး အကျဉ်းသားများ အားလုံးလွတ်မြောက်ရန်အတွက် တိုက်တွန်း တောင်းဆိုသွားခဲ့ကြပါသည်။ အခမ်းအနားကို ဂျပန်နိုင်ငံရောက် အဖွဲ့အစည်း အသီးသီးမှ တက်ရောက် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်း ။ Mai kYaw Oo
ဓါတ်ပုံ။ Lian Khan Sum
SummaryRest of your post

Read More...

Monday, November 29, 2010

ခုမှပဲရှင်းသွားတော့တယ်


NAY ZAW NAING (ကိုပုည)

Rest of your post

Read More...

- မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲသစ်ကြောင့် ဒုက္ခသည်တွေ ထိုင်းနိုင်ငံ ထွက်ပြေး click

Rest of your post

Read More...

အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့ ဖိတ်စာ http://www.humanright-myanmar.com


အကြမ်းမဖက် အမျိုးသားရေးလှုပ်ရှားသူများ blue.peaceforu@gmail.com, sanwaiphyo89@gmail.com
0044 7578381977 သို့ ဆက်သွယ်ကူညီနိုင်ပါသည်။
"Shwe TSL" Rest of your post

Read More...

Sunday, November 28, 2010

スー・チーさんと国連の高官が初めて面会(10/11/27)


ANNnewsCH SummaryRest of your post

Read More...

Thursday, November 25, 2010

မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ မြတ်ခိုင်နှင့် နအဖအာဘော်များရေးသော ငါးမင်းဆွေတို့ ဒေါ်အောင်ဆန်းစုကြည်အား အသရေပျက်အောင် လုပ်ကြံကြပြီ။

ယနေ့  မနက်တွင် ရွှေဂုံတိုင်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့သို့ နအဖ၏ အာဘော်များကို အထူးရေးသားပေးနေသော (ငါးမင်းဆွေ) ဆိုသူ ရောက်ရှိလာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှုးဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်း အော်ဟစ်ဆန္ဒပြခဲ့သည်။ ၄င်း (ငါးမင်းဆွေ) ရေးသားခဲ့သော မော်နီတာ ဂျာနယ်ပါ ဆောင်းပါးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့် အနောက်နိုင်ငံများမှ စီးပွါးရေးပိတ်ဆို့ထားမှုအား ဖယ်ရှားပေးစေလိုကြောင်း အော်ဟစ်တောင်းဆိုခဲ့ပါသည်။
ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီရုံးရှေ့သို့ လာရောက်ရန်အတွက် ဖုန်းဆက်ခေါ်ဆိုခဲ့သူမှာ လျှပ်တပြက်ဂျာနယ်မှ နအဖဖော်လံဖား မြတ်ခိုင်၏ သား ဇေယျာမြတ်ခိုင် ဖြစ်ပါသည်။ ငါးမင်းဆွေသည် အဖွဲ့ချုပ်ရုံးရှေ့ ထောက်လှမ်းရေးများထိုင်သော လက်ဖက်ရည်ဆိုင်တွင် ကြိုတင်ရောက်ရှိနေပြီး မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်မှ ဖုန်းဖြင့် (အကိုလာလို့ရပြီ၊ အဆင်သင့်ဖြစ်ပြီ) ဟု ပြော၍ လှမ်းခေါ်လိုက်ရာ ငါးမင်းဆွေရောက်လာပြီး ၄င်း၏ ဆောင်းပါးမိတ္တူများ တပွေ့တပိုက်နှင့် စတင်အော်ဟစ်ဆန္ဒပြပါတော့သည်။

ငါးမင်းဆွေမှ ၄င်းရေးသားခဲ့သော ဆောင်းပါးမိတ္တူများကို ပြည်တွင်းဂျာနယ်မှ ဂျာနယ်လစ်များနှင့် လူအချို့အား လိုက်လံဝေငှခဲ့ပြီး နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်တစ်ဦးမှ ထိုမိတ္တူဆောင်းပါးကို တောင်းရာ ပြည်ပနိုင်ငံခြားသတင်းဌာနမှဆိုရင် မပေးနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။ အကြောင်းစုံအား ဆက်လက်စုံစမ်းရာ ငါးမင်းဆွေ ရေးသားသော ဆောင်းပါးခေါင်းစဉ်တွင် ဒေါ်စုကြည်ဟု သုံးနှုံးထားသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များက မကျေနပ်ကြကြောင်း၊ ပြည်သူများမှလည်း မကျေနပ်ကြကြောင်း သိရပါသည်။
အဲ့ဒီနောက် ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ရုံးအဖွဲ့မှုး ဦးဝင်းထိန်မှ တွေ့ဆုံရှင်းလင်းခဲ့ပါသည်။ ဦးဝင်းထိန်မှ ဒေါ်စုကြည်ဆိုသည့် အသုံးအနှုံးအား ပြောင်းလဲရေးသားရန်၊ ၄င်းတို့ အဖွဲ့ချုပ်ခေါင်းဆောင်အား ယင်းကဲ့သို့ ခေါ်ဆိုခြင်းကို လုံးဝ လက်မခံနိုင်ကြောင်း၊ နအဖစစ်အစိုးရအကြိုက်ရေးသားနေသောသူနှင့် ၄င်းတို့၏ ခေါင်းဆောင်အား ပေးမတွေ့နိုင်ကြောင်း၊ ဦးဝင်းထိန်မှ ၄င်းထောင်ကျနေစဉ်အတွင်း ငါးမင်းဆွေ ရေးသားသော ဆောင်းပါးများတွင် နအဖကောင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကောင်းကြောင်းများ လုပ်ကြံရေးသားထားသည်ကို ဖတ်ရကြောင်း ပြောဆိုခဲ့ပါသည်။
ထိုသို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းထိန်နှင့် ငါးမင်းဆွေတို့ တွေ့ဆုံရှင်းလင်းနေကြသည်ကို မြတ်ခိုင်၏ သား ဇေယျာမြတ်ခိုင်နှင့် လျှပ်တပြက်အဖွဲ့သားများမှ ဗီဒီယိုနှင့်ဓါတ်ပုံမှတ်တမ်းများ ရိုက်ယူနေသည်ကို တွေ့ခဲ့ရပါသည်။
ပြီးခဲ့သည့် တစ်ပတ်မှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံနှင့် သတင်းများကို ထည့်သွင်းရေးသားဖော်ပြခဲ့သည့်ဂျာနယ်များ အပိတ်ခံရအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းကို လာရောက်မှတ်တမ်းယူသော ပြည်တွင်းဂျာနယ်လစ်များ မတွေ့ရတော့ပေ။ သို့သော် လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်နှင့် ၄င်း၏အဖွဲ့သားများကတော့ ဆက်လက်လာရောက် သတင်းယူနေသည်ကို တွေ့ရပါသည်။
အကြောင်းအရင်းကို စုံစမ်းကြည့်ရာ သူရဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း) မှ ထောက်လှမ်းရေးနှင့် သတင်းတပ်ဖွဲ့မှ ရဲထောက်လှမ်းရေးများအား ဒေါ်အောင်ဆန်းစုကြည် သတင်းယူခြင်း၊ ဓါတ်ပုံရိုက်ခြင်း လုပ်ရမည် သို့ သော် အနှောင့်အယှက်မပေးရဟု ညွှန်ကြားပြောဆိုထားသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအတွင်းသို့ ၀င်ရောက်သတင်းယူ၍ မရသောကြောင့် မြတ်ခိုင်နှင့် သူ့သား ဇေယျာမြတ်ခိုင်တို့အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ ငွေကြေးနှင့် အခွင့်အရေးများပေး၍ ဓါတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းသတင်းများ ယူခိုင်းထားကြောင်းသိရပါသည်။
မြတ်ခိုင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထုတ်ဝေနေသော မော်နီတာဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံကို ကြီးမားစွာ မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့သော်လည်း ထုတ်ဝေမှု ယာယီရပ်ဆိုင်းခံရသော ဂျာနယ် ၉ စောင်တွင် မပါဝင်ခဲ့ပေ။ သို့သော် လူအများပြောဆိုစရာဖြစ်မည်ဆိုသဖြင့် ၄င်း၏ ဂျာနယ်တစ်စောင်ဖြစ်သော လျှပ်တပြက်ဂျာနယ်ကို ထုတ်ဝေမှု ယာယီရပ်ဆိုင်းခံရသည်ဟု သတင်းလွှင့်ခဲ့ပါသည်။
ဟံသာဝတီ ဦးဝင်းတင် ရေးသားသော (ဘာလဲဟဲ့ လူ့ငရဲ) စာအုပ်ပါ ထောင်တွင်းအကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများအကြောင်း ရေးသားထားသည်ကို တန်ပြန်သောအားဖြင့် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ မြတ်ခိုင်အား ၄င်း၏ဂျာနယ်တွင် မြန်မာပြည်မှ ထောင်များမှာ လွန်စွာကောင်းကြောင်း၊ နိုင်ငံတော်အစိုးရ၏ စေတနာရှိမှုကြောင့် ထောင်ကျအကျဉ်းသားများမှာ ကောင်းမွန်စွာနေရကြောင်း ရေးသားခိုင်းမှုကို အလွန်အကျွံ ကူညီရေးသားပေးခဲ့သော ဂျာနယ်လစ်ဆိုးတစ်ယောက် ဖြစ်ပါသောကြောင့် မြတ်ခိုင်နှင့် သူ၏အဖွဲ့သားများ၊ ငါးမင်းဆွေတို့ကဲ့သို့သောသူများအား သတိကြီးမားစွာနှင့် ရှောင်ရှားကြပါလို့ အသိ ပေးတင်ပြလိုက်ပါတယ်။
(မြန်မာပြည်သားတစ်ဦး)။
ကိုနစ် (www.niknayman-niknayman.co.cc)မှ ပြန်လည်မျှဝေသည်။

Rest of your post

Read More...

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများ၏ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအား ကြိုဆိုထောက်ခံသည့် အခမ်းအနား ဂျပန်နိုင်ငံ တိုကျိုမြို့ကုလသမဂ္ဂ အဆောက်


"mg mg" ,maungwto
SummaryRest of your post

Read More...

Wednesday, November 24, 2010

CNN သတင်းဋ္ဌာနက ထုတ်လွှင့်သွားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ကိုထိန်လင်းတို့ မနေ့က ရွှေတိဂုံဘုရား သွားရောက်ဖူးမြော်ခဲ့တဲ့ သတင်း ရုပ်သံ..


"demo waiyen
SummaryRest of your post

Read More...

Monday, November 22, 2010

•လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် သားငယ် ကိုထိန်လင်းတို့ ပြန်လည်ဆုံတွေ့


၁၀နှစ်ကျော်ကြာ ကွဲကွာနေတဲ့ လူထုခေါင်းဆောင် အမေစုနဲ့ သားငယ်ကိုထိန်လင်း ခေါ် Kim Aris တို့ ယနေ့မနက် ၉နာရီခန့်က ရန်ကုန်လေဆိပ်မှာ ပြန်လည်ဆုံတွေ့ကြပါပြီ ကိုထိန်လင်းသည် နှစ်ပတ်ကျော် မိခင်ဖြစ်သူနှင့်နေထိုင် မည်ဖြစ်ကြောင်း သိရှိရပါသည်..(ဓာတ်ပုံများ APနှင့် Reuters)သတင်းဒီမိုဝေယံRest of your post

Read More...

Saturday, November 20, 2010

Pouk Taw Assocation


လေဘေးသင့်ဒုက္ခသည်များအတွက် အထောက်ပံ့ကူညီမှု့ မလုံမလောက်ဖြစ်နေပါသောကြောင့် တတ်နိုင်သလောက် စုပေါင်းထည့်ဝင်ခြင်းဖြင့်
ဝိုင်းဝန်းကူညီလှူဒါန်းပေးကြပါလို့  ဒုက္ခသည်များကိုယ်စား အထူးဘဲမေတ္တာရပ်ခံပါသည်။
အလှူငွေများကို အထက်ပါလိပ်စာအတိုင်း ဖုန်းနံပါတ်များနှင့်ဆက်သွယ်ပြီး.. အဖွဲ့ ဦးဆောင်ဆရာတော်အရှင်ဝရသာမိထံ
တိုက်ရိုက်လှူဒါန်းပေးကြပါ။
ဆရာတော်ထံသို့ သို့ မေးလိုရာများ…. ပြောလိုရာများရှိပါက
pouktaw@gmail.com
မှတဆင့်ရေးသား ပြောကြားနိုင်ပါသည်။
"Ye Htut SoeSummaryRest of your post

Read More...